ယူနိုက္တက္ ပရိသတ္မ်ားက ပ်က္ယြင္းေနတဲ့ အသင္း ကြင္းလယ္ကို ပံုစံေျပာင္းနိုင္ဖို႔ လက္စတာကြင္းလယ္ ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္ကို အရ ေခၚယူေပးရန္ ဆိုးရွားအား ေတာင္းဆိုမႈမ်ား ျပဳလုပ္ေနပါတယ္။

ယူနိုက္တက္နဲ႕ လေပါင္းမ်ားစြာ ေဆြးေႏြးညွိနိုႈင္းမႈမ်ားကို ဂိုးသမား ေဒးဗစ္ ဒီဂီယာက အဆံုးသတ္နုိင္ခဲ့ျပီ ျဖစ္ကာ အသင္းနဲ႕ ၂၀၂၃ ထိ ရွိေစမယ့္ ေလးနွစ္ သက္တမ္းတိုး စာခ်ဳပ္သစ္ လက္မွတ္ ေရးထိုးခဲ့ျပီ ျဖစ္ပါတယ္။ ဒီဂီယာကေတာ့ အိမ္နဲ႔တူတဲ့ အျခားေနရာမရွိဆိုျပီး မန္ယူနဲ႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။

စာခ်ဳပ္သစ္အရ ဒီဂီယာရဲ႕ လစာလည္း တိုးျမွင့္သြားမွာ ျဖစ္ျပီး သတင္းမ်ား အရ လက္ရွိ လစာ တစ္ပတ္ ေပါင္ ၂ သိန္းကေန ေပါင္ ၂သိန္း ၉ ေသာင္း အထိ ရရွိဖြယ္ရွိတယ္လို႔ သိရွိရပါတယ္။

” ဒီလိုၾကီးက်ယ္ ခမ္းနားတဲ့ ကလပ္အသင္းမ်ိဳးမွာ ၈ ႏွစ္ေလာက္ ျဖတ္သန္းခြင့္ရရွိခဲ့ျပီးေနာက္ ကစားသမားဘ၀ကို ဒီမွာပဲ ဆက္လက္ ျဖတ္သန္းမယ့္ အခြင့္အေရးလည္း ေပၚလာခဲ့ပါျပီ။ က်ေနာ္ ဒီ ေရာက္လာကတည္းက ဒီကလပ္အသင္းအတြက္ ပြဲေပါင္း ၃၅၀ ေက်ာ္ ကစားေပးႏိုင္မယ္လို႔ စိတ္မကူးခဲ့ဖူးပါဘူး။ အခု က်ေနာ့္ အနာဂတ္အတြက္ ဆံုးျဖတ္ျပီးစီးျပီ ျဖစ္ိလု႔ အသင္းကို ေနာက္ထပ္ဆုဖလားေတြ အတူတကြ ရရွိေအာင္ ကူညီေပးခ်င္ေနပါတယ္။ ” လို႔ ဒီဂီယာက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုအျပီး ၀မ္းေျမာက္စကား ဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္က အရႈပ္အေထြးမ်ား ျဖစ္ေစတဲ့ ေပါ့ဘာ ေအးဂ်င့္ နာမည္ေက်ာ္ ရြိဳင္းအိုလာကို ရွံဳ႕ခ်လိုက္ျပီး ဥေရာပတခြင္ ေမႊေနတဲ့ ဒီလိုေအးဂ်င့္မ်ိဳးနဲ႕ လက္တြဲ အလုပ္မလုပ္သင့္ၾကေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္ ေ၀ဖန္လိုက္ပါတယ္။

မန္ယူအသင္း အစြန္ကစားသမား ဒါးေလာ့က မိမိတုိ့ အသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ႏွစ္တိုင္း ပါဝင္ခြင့္ရေနသင့္တဲ့ အသင္းျဖစ္ေပမယ့္ မလုပ္ႏိုင္ခဲ့ေၾကာင္း ဒီရာသိ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ စိန္ေခၚမွဳ ေတြကုုိ ျဖတ္ေက်ာ္ျပဖုိ႔ လိုအပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။

မန္ယူအစြန္လူေဟာင္း အဲဗရာက ကလပ္အသင္းကို ျပန္လာရတာက ကိုယ္ရဲ႕ မန္ေနဂ်ာဘဝအစကို အိမ္လိုေနရာျဖစ္တဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ စတင္လိုတာေၾကာင့္လို႔ ထုတ္ေျပာခဲ့ပါတယ္။

UNICODE

ယူနိုက်တက် ပရိသတ်များက ပျက်ယွင်းနေတဲ့ အသင်း ကွင်းလယ်ကို ပုံစံပြောင်းနိုင်ဖို့ လက်စတာကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို အရ ခေါ်ယူပေးရန် ဆိုးရှားအား တောင်းဆိုမှုများ ပြုလုပ်နေပါတယ်။

ယူနိုက်တက်နဲ့ လပေါင်းများစွာ ဆွေးနွေးညှိနိုှုင်းမှုများကို ဂိုးသမား ဒေးဗစ် ဒီဂီယာက အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ကာ အသင်းနဲ့ ၂၀၂၃ ထိ ရှိစေမယ့် လေးနှစ် သက်တမ်းတိုး စာချုပ်သစ် လက်မှတ် ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂီယာကတော့ အိမ်နဲ့တူတဲ့ အခြားနေရာမရှိဆိုပြီး မန်ယူနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာပါ။

စာချုပ်သစ်အရ ဒီဂီယာရဲ့ လစာလည်း တိုးမြှင့်သွားမှာ ဖြစ်ပြီး သတင်းများ အရ လက်ရှိ လစာ တစ်ပတ် ပေါင် ၂ သိန်းကနေ ပေါင် ၂သိန်း ၉ သောင်း အထိ ရရှိဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

” ဒီလိုကြီးကျယ် ခမ်းနားတဲ့ ကလပ်အသင်းမျိုးမှာ ၈ နှစ်လောက် ဖြတ်သန်းခွင့်ရရှိခဲ့ပြီးနောက် ကစားသမားဘဝကို ဒီမှာပဲ ဆက်လက် ဖြတ်သန်းမယ့် အခွင့်အရေးလည်း ပေါ်လာခဲ့ပါပြီ။ ကျနော် ဒီ ရောက်လာကတည်းက ဒီကလပ်အသင်းအတွက် ပွဲပေါင်း ၃၅၀ ကျော် ကစားပေးနိုင်မယ်လို့ စိတ်မကူးခဲ့ဖူးပါဘူး။ အခု ကျနော့် အနာဂတ်အတွက် ဆုံးဖြတ်ပြီးစီးပြီ ဖြစိလု့ အသင်းကို နောက်ထပ်ဆုဖလားတွေ အတူတကွ ရရှိအောင် ကူညီပေးချင်နေပါတယ်။ ” လို့ ဒီဂီယာက စာချုပ်သစ် ချုပ်ဆိုအပြီး ဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က အရှုပ်အထွေးများ ဖြစ်စေတဲ့ ပေါ့ဘာ အေးဂျင့် နာမည်ကျော် ရွိုင်းအိုလာကို ရှုံ့ချလိုက်ပြီး ဥရောပတခွင် မွှေနေတဲ့ ဒီလိုအေးဂျင့်မျိုးနဲ့ လက်တွဲ အလုပ်မလုပ်သင့်ကြကြောင်း လူသိရှင်ကြား ထုတ်ဖော် ဝေဖန်လိုက်ပါတယ်။

မန်ယူအသင်း အစွန်ကစားသမား ဒါးလော့က မိမိတို့ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်တိုင်း ပါဝင်ခွင့်ရနေသင့်တဲ့ အသင်းဖြစ်ပေမယ့် မလုပ်နိုင်ခဲ့ကြောင်း ဒီရာသိ ယူရိုပါလိဂ် ပြိုင်ပွဲမှာ စိန်ခေါ်မှု တွေကို ဖြတ်ကျော်ပြဖို့ လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

မန်ယူအစွန်လူဟောင်း အဲဗရာက ကလပ်အသင်းကို ပြန်လာရတာက ကိုယ်ရဲ့ မန်နေဂျာဘဝအစကို အိမ်လိုနေရာဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ စတင်လိုတာကြောင့်လို့ ထုတ်ပြောခဲ့ပါတယ်။