နာပိုလီနဲ႕ ခ်န္ပီယံလိဂ္ အေ၀းကြင္း အုပ္စုပြဲစဥ္ ကစားဖို႔ အီတလီသို႔ လီဗာပူးအသင္းက ကစားသမား အေယာက္ ၂၀ နဲ႕ ထြက္ခြာသြားရာ ပြဲၾကိဳ ထရိန္နင္မွာ မပါခဲ့တဲ့ ေရာ္ဘတ္ဆန္လည္း လိုက္ပါသြားတယ္။

ကစားသမား အေယာက္ ၂၀ ကေတာ့ – ဖာဘင္ညိဳ၊ ဗန္ဒိုက္၊ ၀ိုက္နယ္ဒန္၊ လိုဗရန္၊ ေမနာ၊ ဖာမီနို၊ မာေနး၊ ဆာလက္၊ ဂိုမက္ဇ္၊ အက္ဒရီယန္၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ လယ္လာနာ၊ လိုနာဂန္၊ ရွာကြီရီ၊ ဘရူစတား၊ ေရာ္ဘတ္န္၊ မာတစ္၊ ကလဲဟား၊ အလက္ဇႏၵါးအာနိုး တို႔ ျဖစ္ပါတယ္။

၂၀၂၂ မွာ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ သက္တမ္း ဆက္ တိုး မတိုးဟာ အဂၤလန္ရဲ႕ ရာသီဥတုေပၚလည္း မူတည္မယ္လို႔ ကေလာ့ပ္ရဲ႕ ကိုယ္စားလွယ္က ေျပာၾကားခဲ့ပါတယ္။ အဂၤလန္ရဲ႕ ရာသီဥတုက ျပင္းထန္ေအးစက္တာေတာ့ အမွန္ပါ။

ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးဟာ လက္ရွိ ဥေရာပရဲ႕ အေကာင္းဆံုး အသင္း ဆုိတဲ့ ေျပာဆုိမွဳ ေတြကို မန္ေနဂ်ာယာဂင္ကေလာ့ပ္က ပယ္ခ် လိုက္ပါတယ္။ လီဗာပူးမန္ေနဂ်ာက ပက္ဂြာဒီယုိလာရဲ႕ မန္ခ်က္စတာစီးတီး အသင္း ကသာ ကမာၻေပၚမွာ အေကာင္းဆံုး အသင္းလို႕ ဆုိလိုက္ပါတယ္။

ဗန္ဒုိက္က သူ႕ရဲ႕ လီဗာပူးကစားသမားဘဝ အေစာပိုင္းကာလျဖစ္တဲ့ မာေဆးဆုိက္ ဒါဘီ ပြဲဦးထြက္မွာ မန္ေနဂ်ာရဲ႕ ညႊန္ၾကား ထားမွဳကို မသိဘဲ ‘This is Anfield’ ဆုိင္းကုိ ထိေတြ႕ခဲ့မိတယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ရဲ႕ လက္ရွိ ခ်န္ပီယံ အေနနဲ႕ ဥေရာပျပိဳင္ပြဲကို တစ္ေက်ာ့ျပန္စတင္ဖို႔ ဘာအားမွ မရွိဘူးလို႕ ဆုိလိုက္ျပီး လီဗာပူးဟာ ယေန႕ည နာပိုလီမွာ ခ်န္ပီယံလိဂ္ဖလား ကာကြယ္ရမယ့္ ခရီးစဥ္ကို အေကာင္းဆံုး လုပ္ႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က မႏွစ္တုန္းးက နာပိုလီကို လာကစားတုန္းက စြမ္းေဆာင္ရည္ မေကာင္းခဲ့ဘူးလို႔ ဝန္ခံပါတယ္။ ဒီႏွစ္မွာေတာ့ ျခားနားတဲ့ ဇာတ္လမ္းနဲ႔ ျခားနားတဲ့ စြမ္းေဆာင္ရည္ ျပသႏုိင္ဖုိ႔ အသင္းက ရည္ရြယ္ပါတယ္လို႔ ပြဲၾကိဳမွာ ထုတ္ေျပာပါတယ္။

ကလပ္မ်ားကမၻာဖလားအတြက္ ဆီမီးဖိုင္နယ္အဆင့္ကေန ယွဥ္ျပိဳင္ရမယ့္ လီဗာပူးအသင္းဟာ ကာတာကလပ္ Al-Sadd, သမုဒၵရာပိုင္းခ်န္ပီယံ Hienghene Sport နဲ႔ မကၠဆီကန္ကလပ္ Monterry တို႔ထဲက တစ္သင္းနဲ႔ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။

UNICODE

နာပိုလီနဲ့ ချန်ပီယံလိဂ် အဝေးကွင်း အုပ်စုပွဲစဉ် ကစားဖို့ အီတလီသို့ လီဗာပူးအသင်းက ကစားသမား အယောက် ၂၀ နဲ့ ထွက်ခွာသွားရာ ပွဲကြို ထရိန်နင်မှာ မပါခဲ့တဲ့ ရော်ဘတ်ဆန်လည်း လိုက်ပါသွားတယ်။

ကစားသမား အယောက် ၂၀ ကတော့ – ဖာဘင်ညို၊ ဗန်ဒိုက်၊ ဝိုက်နယ်ဒန်၊ လိုဗရန်၊ မေနာ၊ ဖာမီနို၊ မာနေး၊ ဆာလက်၊ ဂိုမက်ဇ်၊ အက်ဒရီယန်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ လယ်လာနာ၊ လိုနာဂန်၊ ရှာကွီရီ၊ ဘရူစတား၊ ရော်ဘတ်န်၊ မာတစ်၊ ကလဲဟား၊ အလက်ဇန္ဒါးအာနိုး တို့ ဖြစ်ပါတယ်။

၂၀၂၂ မှာ စာချုပ် ကုန်ဆုံးတော့မယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ် သက်တမ်း ဆက် တိုး မတိုးဟာ အင်္ဂလန်ရဲ့ ရာသီဥတုပေါ်လည်း မူတည်မယ်လို့ ကလော့ပ်ရဲ့ ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ရဲ့ ရာသီဥတုက ပြင်းထန်အေးစက်တာတော့ အမှန်ပါ။

ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်း ဆိုတဲ့ ပြောဆိုမှု တွေကို မန်နေဂျာယာဂင်ကလော့ပ်က ပယ်ချ လိုက်ပါတယ်။ လီဗာပူးမန်နေဂျာက ပက်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး အသင်း ကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းလို့ ဆိုလိုက်ပါတယ်။

ဗန်ဒိုက်က သူ့ရဲ့ လီဗာပူးကစားသမားဘဝ အစောပိုင်းကာလဖြစ်တဲ့ မာဆေးဆိုက် ဒါဘီ ပွဲဦးထွက်မှာ မန်နေဂျာရဲ့ ညွှန်ကြား ထားမှုကို မသိဘဲ ‘This is Anfield’ ဆိုင်းကို ထိတွေ့ခဲ့မိတယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံ အနေနဲ့ ဥရောပပြိုင်ပွဲကို တစ်ကျော့ပြန်စတင်ဖို့ ဘာအားမှ မရှိဘူးလို့ ဆိုလိုက်ပြီး လီဗာပူးဟာ ယနေ့ည နာပိုလီမှာ ချန်ပီယံလိဂ်ဖလား ကာကွယ်ရမယ့် ခရီးစဉ်ကို အကောင်းဆုံး လုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က မနှစ်တုန်းးက နာပိုလီကို လာကစားတုန်းက စွမ်းဆောင်ရည် မကောင်းခဲ့ဘူးလို့ ဝန်ခံပါတယ်။ ဒီနှစ်မှာတော့ ခြားနားတဲ့ ဇာတ်လမ်းနဲ့ ခြားနားတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ အသင်းက ရည်ရွယ်ပါတယ်လို့ ပွဲကြိုမှာ ထုတ်ပြောပါတယ်။

ကလပ်များကမ္ဘာဖလားအတွက် ဆီမီးဖိုင်နယ်အဆင့်ကနေ ယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ ကာတာကလပ် Al-Sadd, သမုဒ္ဒရာပိုင်းချန်ပီယံ Hienghene Sport နဲ့ မက္ကဆီကန်ကလပ် Monterry တို့ထဲက တစ်သင်းနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။