အာဆင္နယ္အသင္းဟာ ၀က္ဖို႔ဒ္ကို အေ၀းကြင္းမွာ သြားေရာက္ရင္ဆိုင္ခဲ့ရာ ပထမပိုင္းမွာ ကစားပံု ေကာင္းမြန္ခဲ့ေသာ္လည္း ဒုတိယပိုင္းမွာ ေျခစြမ္း ဆိုး၀ါးစြာ က်ဆင္းခဲ့ပါတယ္။ ၀က္ဖို႔ဒ္ဟာ ဒုတိယပိုင္း တစ္ပိုင္းတည္းတင္ အာဆင္နယ္ဘက္သို႔ ကန္သြင္းခ်က္ ၂၃ ၾကိမ္ထိ ရွိခဲ့ပါတယ္။ ဂိုးသမားလီနိုရဲ႕ ဂိုးကာကြယ္မႈကလည္း ၈ ၾကိမ္ထိ ရွိခဲ့တာပါ။

အာဆင္နယ္ ခံစစ္မွဴး ဆိုကေရးတစ္က ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ အမွားက်ဴးခဲ့မိတာ အတြက္ သူ႔မွာ တာ၀န္ရွိတယ္လို႔ ၀န္ခံလိုက္ျပီး ပရိသတ္ေတြကို ေတာင္းပန္စကား ဆိုခဲ့ပါတယ္။ ဒါ့အျပင္ သေရ ရလဒ္က မေကာင္းမြန္ေၾကာင္းနဲ႕ ေရွ႕ဆက္ အစြမ္းကုန္ ၾကိဳးစားသြားမယ္လို႔လည္း ၄င္းက ဆိုပါတယ္။

အာဆင္နယ္ အသင္းသားေတြဟာ ၀က္ဖို႔ဒ္နဲ႕ ပြဲ ဒုတိယပိုင္းမွာ ေဘာလံုး ကိုင္ထားရမွာ ေၾကာက္ရြံ႕ေနသည္ထိ အေျခအေနဆိုးခဲ့ေၾကာင္း အသင္းေခါင္းေဆာင္ ဇာခါက ၀န္ခံလိုက္ကာ သေရျဖစ္သြားတဲ့ ရလဒ္အေပၚ စိတ္ပ်က္မိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

၀က္ဖို႔ဒ္ ကြင္းလယ္ကစားသမား ကလီဗာေလက “အာဆင္နယ္က နည္းနည္း ဟန္ခ်က္ပ်က္ေနခဲ့ျပီး ဒါကို က်ေနာ္တို႔ အာရံုရခဲ့တယ္။ က်ေန္ာတို႔ ပင္နယ္တီ တခ်ိဳ႔ရသင့္တာ ရွိခဲ့ေပမယ့္ တစ္လံုးကေတာ့ က်ေနာ္တို႔ လမ္းေၾကာင္းေပၚ ေရာက္ခဲ့တာေပါ့။ ” လို႔ ပြဲအျပီးမွာ ေျပာၾကား ခဲ့ပါတယ္။

ဒီတပတ္ ပရီးမီးယားလိဂ္ ၂ မွာ အာဆင္နယ္ U23 အသင္းက လက္စတာ U23 အသင္းကို ၂-၁ နဲ႕ အနိုင္ရရွိသြားပါတယ္။ အာဆင္နယ္ U18 အသင္းကေတာ့ လက္စတာ U18 ကို ၁-၀ နဲ႕ ရွံးနိမ့္ခဲ့ျပန္ပါတယ္။

၀က္ဖို႔ဒ္နဲ႕ ပြဲအျပီးမွာ အာဆင္နယ္အသင္း ပရိသတ္ေတြဟာ နည္းျပ အမ္မရီကို စိတ္အပ်က္ၾကီး ပ်က္ေနၾကျပီး ၄င္းကို ထုတ္ပယ္ကာ ယြန္းဘတ္ကို နည္းျပ အျဖစ္ တိုးျမွင့္ ခန္႔အပ္ဖို႔ ေတာင္းဆိုေနပါတယ္။

ဒုတိယပိုင္းက အာဆင္နယ္အသင္း ကစားပံုဟာ အေပ်ာ္တမ္းကလပ္အသင္း သာသာ ေျခစြမ္းသာ ရွိကာ အမွားေတြကလည္း သင္ယူနုိင္စြမ္း မရွိၾကဘူး လို႔ လီဗာပူး ကစားသမားေဟာင္း ဂေရမီေဆာင္းနက္စ္က ေ၀ဖန္လိုက္ပါတယ္။

ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့ကို ေစာေစာစီးစီး လူစားလဲခဲ့တာဟာ ရာသီဥတု ပူျပင္းလြန္းတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။ စပိန္သားရဲ႕ ဇာတိေျမဟာလည္း တကယ္ေတာ့ ပူေႏြးတဲ့ ရာသီဥတု ရွိရာ ေဒသျဖစ္ပါတယ္။

Myan News

UNICODE – အာဆင်နယ်အသင်းဟာ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရာ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းမှာ ခြေစွမ်း ဆိုးဝါးစွာ ကျဆင်းခဲ့ပါတယ်။ ဝက်ဖို့ဒ်ဟာ ဒုတိယပိုင်း တစ်ပိုင်းတည်းတင် အာဆင်နယ်ဘက်သို့ ကန်သွင်းချက် ၂၃ ကြိမ်ထိ ရှိခဲ့ပါတယ်။ ဂိုးသမားလီနိုရဲ့ ဂိုးကာကွယ်မှုကလည်း ၈ ကြိမ်ထိ ရှိခဲ့တာပါ။

အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်က ဝက်ဖို့ဒ်နဲ့ ပွဲမှာ အမှားကျူးခဲ့မိတာ အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဝန်ခံလိုက်ပြီး ပရိသတ်တွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် သရေ ရလဒ်က မကောင်းမွန်ကြောင်းနဲ့ ရှေ့ဆက် အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

အာဆင်နယ် အသင်းသားတွေဟာ ဝက်ဖို့ဒ်နဲ့ ပွဲ ဒုတိယပိုင်းမှာ ဘောလုံး ကိုင်ထားရမှာ ကြောက်ရွံ့နေသည်ထိ အခြေအနေဆိုးခဲ့ကြောင်း အသင်းခေါင်းဆောင် ဇာခါက ဝန်ခံလိုက်ကာ သရေဖြစ်သွားတဲ့ ရလဒ်အပေါ် စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပါတယ်။

ဝက်ဖို့ဒ် ကွင်းလယ်ကစားသမား ကလီဗာလေက “အာဆင်နယ်က နည်းနည်း ဟန်ချက်ပျက်နေခဲ့ပြီး ဒါကို ကျနော်တို့ အာရုံရခဲ့တယ်။ ကျနေ်ာတို့ ပင်နယ်တီ တချို့ရသင့်တာ ရှိခဲ့ပေမယ့် တစ်လုံးကတော့ ကျနော်တို့ လမ်းကြောင်းပေါ် ရောက်ခဲ့တာပေါ့။ ” လို့ ပွဲအပြီးမှာ ပြောကြား ခဲ့ပါတယ်။

ဒီတပတ် ပရီးမီးယားလိဂ် ၂ မှာ အာဆင်နယ် U23 အသင်းက လက်စတာ U23 အသင်းကို ၂-၁ နဲ့ အနိုင်ရရှိသွားပါတယ်။ အာဆင်နယ် U18 အသင်းကတော့ လက်စတာ U18 ကို ၁-၀ နဲ့ ရှံးနိမ့်ခဲ့ပြန်ပါတယ်။

ဝက်ဖို့ဒ်နဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်း ပရိသတ်တွေဟာ နည်းပြ အမ်မရီကို စိတ်အပျက်ကြီး ပျက်နေကြပြီး ၎င်းကို ထုတ်ပယ်ကာ ယွန်းဘတ်ကို နည်းပြ အဖြစ် တိုးမြှင့် ခန့်အပ်ဖို့ တောင်းဆိုနေပါတယ်။

ဒုတိယပိုင်းက အာဆင်နယ်အသင်း ကစားပုံဟာ အပျော်တမ်းကလပ်အသင်း သာသာ ခြေစွမ်းသာ ရှိကာ အမှားတွေကလည်း သင်ယူနိုင်စွမ်း မရှိကြဘူး လို့ လီဗာပူး ကစားသမားဟောင်း ဂရေမီဆောင်းနက်စ်က ဝေဖန်လိုက်ပါတယ်။

ကွင်းလယ်ကစားသမား ဆီးဘယ်လော့ကို စောစောစီးစီး လူစားလဲခဲ့တာဟာ ရာသီဥတု ပူပြင်းလွန်းတာကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ စပိန်သားရဲ့ ဇာတိမြေဟာလည်း တကယ်တော့ ပူနွေးတဲ့ ရာသီဥတု ရှိရာ ဒေသဖြစ်ပါတယ်။

Myan News