Date

November 6, 2019

ဘွန်ဒက်လီဂါ အကောင်းဆုံး ကစားသမားကို ခေါ်ယူဖို့ ယုံကြည်ချက်ရှိနေတဲ့ ယူနိုက်တက်

ဒီမနက်ဖတ်ရတဲ့ သတင်းကတော့ နည်းနည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေက ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး လူငယ်ကွင်းလယ်လူဖြစ်တဲ့ ကိုင်းဟာဗတ်ကို ခေါ်ယူဖို့ ယုံကြည်မှုရှိနေတယ်လို့ သိရတာဖြစ်တယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ မနှစ်က ဘွန်ဒက်လီဂါပွဲ ၃၄ ပွဲမှာ ကိုယ်တိုင် ၁၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်နိုင်ခြင်းကြောင့် နာမည်ကျော်လာတဲ့ ကစားသမားဖြစ်တယ်။ သူဟာ ဂျာမနီလက်ရွေးစင်အတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်နဲ့ ကလပ်အသင်း အများအပြားက စိတ်ဝင်စားခြင်းကို… Continue Reading →

ဂျန့်ကို အနိုင်ရအပြီး အင်တာဗျူးမှာ မန်စီးတီးအကြောင်း တစ်ခွန်းမှ မပြောခဲ့တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က ဂျန့်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ခေါင်းကြီးသတင်းအဖြစ် လီဗာပူးက အလုပ်ကို အကောင်းဆုံး ပြီးမြောက်ခဲ့ပြီဖြစ်ပြီး ဒဏ်ရာရ ကစားသမားလည်း မရှိပါဘူးဆိုတာကို ထိပ်မှာတင်ဖို့ သတိပေးစကား ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ လီဗာပူးဟာ မန်စီးတီးကို အန်ဖီးကွင်းမှာ ဧည့်ခံမှာဖြစ်ပြီး ပွဲမစခင်မှာ ပြိုင်ဘက်မန်နေဂျာ ဂွာဒီယိုလာက စကားစစ်ထိုးမှုတွေ ဆက်တိုက် လုပ်နေခဲ့တာဖြစ်တယ်။ ယာဂင်ကလော့ပ်ကတော့ အမှတ်ပေးပွဲကို လုံးဝ မေ့ထားခဲ့ပြီး ဂျန့်နဲ့ပွဲကို အာရုံစိုက်ဖို့ အပြည့်အဝ တိုက်တွန်းထားသလို ရလဒ်ကလည်း အုပ်စုတွင်းမှာ ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အရင်အပတ်ကပွဲမှာနဲ့ ကစားသမား ၆… Continue Reading →

အေဂျက်နဲ့ပွဲ ရလဒ်ကို မကျေနပ်ပေမယ့် တစ်ကွင်းလုံးက စိတ်ဓါတ်ကို ကျေနပ်ပါကြောင်း လမ်းပတ် ပြော

အုပ်စုတွင်းမှာ ရမှတ်အပြိုင်အဆိုင် လုနေရတဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်လို့ အတော်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းဟာ သွင်းဂိုး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့အတူ ၄-၄ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ချယ်ဆီးက အနိုင်ရဖို့ ဖြစ်ခဲ့ပေမယ့် အသင်းဖော်နဲ့ လက်ထိတဲ့ အနေအထားကြောင့် ကွီတာရဲ့ သွင်းဂိုး ပယ်ဖျက်ခံခဲ့ရပြီး အဆုံးမှာ သရေကျခဲ့တာပါ။ မန်နေဂျာလမ်းပတ်ကတော့ ရူးလောက်တဲ့ ပွဲတစ်ပွဲလို့ ပွဲအပြီးမှာ ထုတ်ပြောခဲ့ပြီး အသင်းအပေါ် သူမကျေနပ်မှုတွေ ရှိသလို လက်ခံပေးနိုင်တဲ့ အနေအထားတွေလည်း ရှိတာကို ရှင်းပြခဲ့တယ်။ မန်နေဂျာလမ်းပတ်က ” ပွဲနဲ့ ပက်သက်ပြီး… Continue Reading →

ပင်နယ်တီရ ကံကောင်းနေတယ်လို့ ချန်ပီယံလိဂ်ပွဲကြို လီဗာပူးအကြောင်း ပြောတဲ့ ဂွာဒီယိုလာ

လီဗာပူးဟာ ဒီအပတ်မှာတော့ မန်စီးတီးနဲ့ အမှတ်ပေးပွဲ ကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ ပွဲမတိုင်ခင် ဂွာဒီယိုလာက လီဗာပူးနဲ့ ပက်သက်ပြီး ထုတ်ပြောမှုတွေ လုပ်လာခဲ့ပါတယ်။ ကြားရက်မှာ နှစ်သင်းလုံးဟာ ချန်ပီယံလိဂ်ပွဲတွေ ကစားရဖို့ ရှိခဲ့တာဖြစ်ပြီး လီဗာပူးက ဂျန့်ကို အနိုင်ယူကာ ချန်ပီယံလိဂ် အုပ်စုတွင်း ထိပ်ဆုံးကို ရောက်လာခဲ့သလို မန်စီးတီးကလည်း ချန်ပီယံလိဂ် အုပ်စုမှာ အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေပြီး ကြားရက်ပွဲအဖြစ် အီတလီကို သွားပြီး ကစားရမှာပဲ ဖြစ်ပါတယ်။ ဂွာဒီယိုလာက ” ကျနော်တို့အတွက် ကောင်းမွန်တဲ့… Continue Reading →

ချယ်ဆီး ပရိသတ်တွေကို ဝေဖန်ရှုံ့ချလိုက်တဲ့ ရီယိုဖာဒီနန်နဲ့ ဂယ်ရီလင့်ကာ

ချယ်ဆီးအသင်းဟာ ညက ချန်ပီယံလိဂ်ပွဲမှာ အမှားအချို့ ကျူးလွန်ခဲ့တာကြောင့် အေဂျက်ကို ဂိုးများ ဆက်တိုက်ပေးလိုက်ရကာ အရေးနိမ့်ချိန်မှာ ချယ်ဆီး ပရိသတ် အချို့က အသင်းရှုံးပြီ ယူဆကာ စောစီးစွာ ထပြန်ခဲ့ကြပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က အေဂျက်ကို ၁-၄ နဲ့ ချယ်ဆီး ရှုံးနေချိန်မှာ ထပြန်သွားကြတဲ့ ပရိသတ်တွေကို ပွဲအပြီးမှာ မေးခွန်းထုတ်ကာ ဝေဖန်လိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ ဒုတိယပိုင်း အစောပိုင်း မိနစ်များမှာတင် အေ၈ျက်နဲ့ ၃ ဂိုး အကွာမှာ ကျန်ခဲ့ပေမယ့် ဖရန့်လမ်းပတ်နဲ့… Continue Reading →

ကမ္ဘာအကောင်းဆုံး ဖြတ်တင်ဘောရှင်နဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ရိစ်ဂျိမ်း

စတမ်းဖိုဒ့်ဘရစ်က စိတ်လှုပ်ရှားစရာ ချန်ပီယံလိဂ်ပွဲမှာတော့ ချယ်ဆီးနဲ့ အေဂျက်တို့ဟာ သွင်းဂိုတွေ အများအပြား သွင်းယူခဲ့ကြပြီး တစ်ဘက်ကို ၄ ဂိုးစိနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်တယ်။ ဒုတိယပိုင်း ချယ်ဆီးပြန်လာနိုင်မှုမှာ အရေးပါသူတစ်ဦးကတော့ လူစားဝင်ကစားသမား ရိစ်ဂျိမ်းဖြစ်ပြီး အလွန်ဆိုနေရာ အစားဝင်ကာ ချယ်ဆီးအတွက် အရေးပါတဲ့ နည်းစနစ်ပိုင်း ပါဝင်မှုတွေနဲ့အတူ ကိုယ်တိုင်လည်း အသင်း သရေရလဒ် ထွက်ပေါ်စေမယ့် သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ ချယ်ဆီးအသင်းသားဟောင်း ဂျိုးကိုးကတော့ ဆယ်ကျော်သက်လေးကို အတော်လေး အထင်ကြီးပါကြောင်း ပြောဆိုခဲ့တယ်။ ဂျိုးကိုးက “… Continue Reading →

နောက်ဆုံး လေးပွဲ လေးဂိုး သွင်းပြီး ပိုကောင်းလာတယ် ယုံကြည်မှု ရှိနေတဲ့ ချိန်ဘာလိန်

ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးနောက် လီဗာပူး ကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ တစ်ပွဲထက် တစ်ပွဲ ပို အထိုင်ကျကာ အစွမ်းပြနေနိုင်ပြီး နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၄ ဂိုးထိ သွင်းယူထားနိုင်ပါတယ်။ ညက ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ချိန်ဘာလိန် ပွဲထွက် ကစားခဲ့ကာ လီဗာပူးအတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့ပြန်ပါတယ်။ ဂျန့်ကို နိုင်လိုက်တာကြောင့် တစ်ဘက်မှာ ဆဲလ်ဘတ်နဲ့ သရေကျသွားတဲ့ နာပိုလီကို ကျော်ဖြတ်ကာ လီဗာပူးအသင်းက ဂရု E ရဲ့ ပထမနေရာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!