Date

November 6, 2019

ပွဲတိုင်းလိုလို ဂိုးတွေ ပေးနေရတဲ့ အပေါ် ယာဂင်ကလော့ တုန့်ပြန်မှု ပြုလုပ်လာ

လီဗာပူး အသင်း အင်္ဂါနေ့ညက ဂျန့် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ပွဲ ဆက်နေပေမယ့် ပွဲတိုင်းလိုလို ပေးဂိုး ရှိနေတဲ့ အပေါ် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က စိတ်ပူ အနေဘဲ ခံစစ်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဂျန့်နဲ့ ပွဲမှာ လီဗာပူးအသင်းက အကောင်းဆုံး ပုံစံမှာ မရှိခဲ့သော်လည်း လိုအပ်တဲ့ အနိုင်သုံးမှတ်တော့ ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးရဲ့ clean… Continue Reading →

ချယ်ဆီးပရိသတ်တွေ သိလိုနေတဲ့ ကွင်းလယ်ပဟေဠိကို အဖြေညိပေးသွားတဲ့ လမ်းပတ်

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကွင်းလယ်မှာ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ ပုံစံကောင်းတွေ ရနေပေမယ့် ဒဏ်ရာက ပြန်သက်သာလာတဲ့ ကန်တေကို ပွဲထွက်လူစာရင်းးမှာ နေရာပြန်ပေးရပါမယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။ ရာသီစတင်ကတည်းက ကန်တေဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံ ၆ ပွဲကို ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လို့ ကြံ့ခိုင်မှု ပြန်ကောင်းလာနေတဲ့ ပြင်သစ်သား ကွင်းလယ်လူဟာ ချယ်ဆီးက အေဂျက်ကို အိမ်ကွင်းမှာ ၄-၄ နဲ့ သရေကျတဲ့ပွဲမှာတော့ အရန်ခုံကနေ ပါဝင်ခဲ့တာဖြစ်ပြီး လူစားဝင် ကစားသမားအဖြစ် ကစားခဲ့ခြင်း မရှိပါဘူး။… Continue Reading →

ချန်ပီယံလိဂ်မှာ လုပ်ခွင့်မရှိတဲ့ အမှားကို လုပ်နေမိကြောင်း အသင်းဖော်တွေကို ဂျော်ဂျင်ဟို သတိပေး

အိမ်ကွင်းမှာ အေဂျက်ကို ရင်ဆိုင်ကစားပြီး ဒုတိယပိုင်းမှာ နှစ်ဦးအသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် အနိုင်မရခဲ့ပဲ ၄-၄ သရေကျခဲ့ခြင်းကို ကွင်းလယ်လူ ဂျော်ဂျင်ဟိုက မပျော်နိုင်ပဲ ချန်ပီယံလိဂ်မှာ ဒီလိုအမှားတွေ လုပ်ခွင့်မရှိဘူးလို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။ မနှစ်တုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့တဲ့ အေဂျက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာတော့ ချယ်ဆီးတို့ ခက်ခဲစွာ ကစားခဲ့ရတာဖြစ်တယ်။ ပထမပိုင်းမှာ ၃-၁ နဲ့ အရေးနိမ့်နေခဲ့ပြီး ဒုတိယပိုင်း အစောမှာတော့ ဘန်ဒါဘိခ်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူကာ ချယ်ဆီးကို ၄-၁ နဲ့… Continue Reading →

ဂိုးလောဘကြီးလာတဲ့ ဆာလက်ရဲ့ ပြောင်းလဲမှုကို အိုဝင် ထောက်ပြ သုံးသပ်ခဲ့

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ ဂိုးရှေ့မှာ ကစားပုံရော စိတ်ဓာတ်ပိုင်းပါ အင်္ဂလန်ကို ရောက်စကနဲ့ မတူတော့ဘဲ ပြောင်းလဲ လာခဲ့ပုံအကြောင်းကို နာမည်ကျော် တိုက်စစ်မှူးဟောင်း အိုဝင်က သုံးသပ် ပြောဆိုသွားပါတယ်။ အိုဝင်က ဆာလက်ကို ဝေဖန်ရှုံ့ချခဲ့ခြင်းတော့ မဟုတ်ဘဲ ပြောင်းလဲလာရခြင်းကိုသာ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ ဆာလက်ဟာ ဒီရာသီ ဂိုးရှေ့မှာ လောဘတကြီး ဖြစ်လာတယ်လို့ ဝေဖန်မှုတွေ ခံနေရသူပါ။ လီဗာပူးမှာ ဆာလက်နဲ့ အပြိုင် အသင်းဖော် တိုက်စစ်မှူး မာနေးကလည်း ဒီရာသီ ခြေစွမ်းတက်ပြီး ဂိုးတွေ… Continue Reading →

ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်သေးသလားကို အကြောင်းပြန်တဲ့ ရပ်ဖို့

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ၎င်းတို့ကလပ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်သီးလေးသင်း အတွင်း ဝင်ဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်ကာ ထိုသို့ ဖြစ်လာဖို့ အဝေးကွင်း ပွဲစဉ်များများ ရလဒ်ကောင်းတွေ ယူဆောင်နိုင်ဖို့ လိုအပ်ကြောင်းပါ ထုတ်ဖော်ပြောဆိုမှု ပြုလုပ် လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိရာသီမှာ တာထွက် မကောင်း ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ် ဘုန်းမောက်ကို ရှုံးပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီ ထိပ်သီးလေးသင်းထဲ ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဟာ… Continue Reading →

လီဗာပူးနဲ့ မန်စီးတီးကြား ပြိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အရေးပါတဲ့ စကားတစ်ခွန်းကို ရာဖာ ပြောဆို

ပရီးမီးယားလိဂ် ဝါရင့်မန်နေဂျာဟောင်းကြီး ရာဖာဘင်နီတက်စ်က တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ မန်စီးတီးကြား အရံှူးအနိုင် ရလဒ်ထွက်ပေါ်တာက အမှတ်ပေးဖလားအတွက် သက်ရောက်ရှိမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုမှု လုပ်ပေးလာပါတယ်။ ဒီရာသီ အမှတ်ပေးပွဲ ၁၁ ပွဲ ကစားထားချိန်မှာ လီဗာပူးက ရံှူးပွဲမရှိသေးသလို ဒုတိယနေရာက မန်စီးတီးကို ၆ မှတ်ဖြတ်ထားတဲ့ အနေအထားဖြစ်တယ်။ ဒါပေမယ့် ဒီပွဲကို အရေးနိမ့်မယ့်ဆိုရင် ရမှတ်ကွာဟမှုက ၃ မှတ်ထိ လျော့ကျမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် ၉ မှတ်ထိ တိုးပွားလာမှာပါ။ ဒါပေမယ့်လို့ နိုဝင်ဘာလဟာ အမှတ်ပေးဖလား ဘယ်အသင်း… Continue Reading →

အေဂျက်နဲ့ ပွဲမှာ ခြေကျင်းဝတ် ထိသွားခဲ့တဲ့ မေဆန်မောင့်ရဲ့ ဒဏ်ရာ အခြေအနေ

ချယ်ဆီး ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ အင်္ဂါနေ့ညက အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ် ထိခိုက်သွားတာကြောင့် လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ အပြင် အင်္ဂလန်အသင်းရဲ့ ယူရို ခြေစစ်ပွဲ နောက်ဆုံး နှစ်ပွဲပါ ပါဝင်ကစားဖိုပ မသေချာတော့ဘဲ ဖြစ်လာပါတ်ယ။ အသက် ၂၀ အရွယ် အင်္ဂလန်သားဟာ အေဂျက်နဲ့ပွဲ ပွဲချိန် မိနစ် ၆၀မှာ ဗန်ဒါဘိနဲ့ ထိမိရာမှ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ မောင့်က ဆက်လက် မကစားနိုင်တာကြောင့် ချယ်ဆီးဆေးအဖွဲ့မှာ တွဲ ခေါ်ယူသွားခဲ့ရပြီး အိုဒွိုင်းနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။… Continue Reading →

ဗစ်တိုးရီးယား – အာဆင်နယ် ယူရိုပါလိဂ် ပွဲအတွက် မိုက်ကယ်အိုဝင် ခန့်မှန်း

အာဆင်နယ်ဟာ ဒီတပတ် ယူရိုပါလိဂ်ပွဲကို ပေါ်တူဂီကလပ် ဗစ်တိုးရီးယားနဲ့ ဗုဒ္ဓဟူးနေ့ ညမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ တစ်ရက် စော ကစားရတဲ့ အတွက် အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲ မတိုင်ခင် နားရက် ပိုရတော့မှာပါ။ ပေါ်တူဂီကလပ် ဗစ်တိုးရီးယား ဂူမားရက်စ် အသင်းကို အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့စဉ်က အာဆင်နယ်က ၃-၂ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီတပတ်မှာတော့ ပေါ်တူဂီမှာ အဝေးကွင်း သွားရောက် ကစားရမှာပါ။ ပွဲချိန်ကတော့ ယနေ့ည မြန်မာစံတော်ချိန်… Continue Reading →

ကလပ်များကမ္ဘာဖလားက အသင်းတိုင်း ပြိုင်လို့ရတဲ့ ပြိုင်ပွဲမဟုတ်ဘူးလို့ ကလော့ပ် သတိပေး

ယာဂင်ကလော့ပ်က ဒီဇင်ဘာမှာ နှစ်ရက်အတွင်း နှစ်ပွဲပြိုင်ရမယ့် အနေအထားအတွက် လီဗာပူးက နှစ်သင်းခွဲဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အချိန်တိုင်းတော့ ဒီလို လုပ်နေလို့ မရပါဘူးလိုပ ပြောဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီဇင်ဘာလ ၁၇ ရက်မှာ ကာရာဘောင်းကွာတားဖိုင်နယ်ပွဲအဖြစ် အက်စတွန်ဗီလာနဲ့ ဘာမင်ဂမ်မြို့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်မှာတော့ ကလပ်များကမ္ဘာဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် ကာတာမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေက ရက်တွေကို ရွေးဆိုင်းပေးလို့ မရတာကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ရတာဖြစ်ပြီး အင်္ဂလန်သမိုင်းမှာတော့ ဒါက ပထမဆုံး အတွေ့အကြုံလည်း ဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!