လီဗာပူး အသင်း အင်္ဂါနေ့ညက ဂျန့် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ပွဲ ဆက်နေပေမယ့် ပွဲတိုင်းလိုလို ပေးဂိုး ရှိနေတဲ့ အပေါ် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က စိတ်ပူ အနေဘဲ ခံစစ်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဂျန့်နဲ့ ပွဲမှာ လီဗာပူးအသင်းက အကောင်းဆုံး ပုံစံမှာ မရှိခဲ့သော်လည်း လိုအပ်တဲ့ အနိုင်သုံးမှတ်တော့ ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးရဲ့ clean sheet နည်းပါးနေတဲ့ အပေါ် ကလော့ပ်က စိတ်ပူမှု မရှိဘဲ ဂိုးသွင်းချက်တိုင်းက ကောင်းမွန်နေတယ်လို့ ၎င်းက ယုံကြည်နေပါတယ်။ ဒါပေမယ့် ပေးဂိုးတွေ နည်းအောင် ပို ကြိုးစား အလုပ်လုပ်ရမှာ ဖြစ်တယ်လို့ ၎င်းက ဝန်ခံခဲ့ပါတယ်။

” ဒါက တကယ်တော့ စိတ်ပူစရာ မဟုတ်ဘူး။ ဒါ ရိုးရိုးသားသား ပြောတာ ဖြစ်တယ်။ ဒီလိုတော့ ကျနေ်ာတို့လည်း ဂိုးတွေ မပေးချင်ဘူးပေါ့။ ဒါပေမယ့် ကျနေ်ာတို့ ပေးလိုက်ရတဲ့ ဂိုးတွေတိုင်း က ပုံစံမတူဘဲ တမျိုးစီ ဖြစ်တယ်။ ဂိုးတွေက ပေးလိုက်ရပုံတွေ မတူဘူး။ ပြောချင်တာက ဒါ ခံစစ်ကိုချည်း လုံးလုံ အပြစ်တင်လို့ ရတဲ့ ဂိုးတွေ မဟုတ်ဘူး။ ဖြစ်လာတဲ့ အခြေအနေအရ ရာနှုန်းပြည့် မကာကွယ်လိုက်နိုင်တာတွေ ဖြစ်တယ်။ ”

” လက်ရှိ ကြုံတွေ့နေရတာတွေကိုလည်း ကျနေ်ာ သိသလို ဒါကို ပြင်ဆင်ဖို့လည်း ကျနေ်ာတို့ အလုပ်လုပ်နေပါတယ်။ အလုပ်လည်း လုပ်ဦးမှာပါ။ ” လို့ ကလော့ပ်က ဆိုပါတယ်။

ဒါ့အပြင် ကလော့ပ်က ဂျန့်ဘက်က သွင်းဂိုးဟာ ကောင်းမွန်ခဲ့ကြောင်းကိုလည်း အသိအမှတ်ပြု စကားဆိုခဲ့ပါတယ်။

” သူတို့ ဂိုးက တကယ့် ဂိုးကောင်း တစ်ဂိုး ဖြစ်တယ်။ အဲဒီဂိုးက သူတို့ မျှော်လင့်ချက်ကို အသက်ဆက်စေခဲ့တာပေါ့။ ကျနေ်ာတို့ နည်းနည်းတော့ ဒုက္ခရောက်သွားတယ်။ သိပ်ကြီးတော့ မဟုတ်ပါဘူး။ လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။

ဂျန့်ကို နိုင်တဲ့ ပွဲအပြီး ဗုဒ္ဓဟူးနေ့ကတော့ လီဗာပူးအသင်းသားတွေ နားရက် ရမှာ ဖြစ်ကာ အဲဒီနောက်မှာတော့ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက် ပြင်ဆင် လေ့ကျင့်ကြတော့မှာ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္း အဂၤါေန႔ညက ဂ်န္႔ အသင္းနဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ယွဥ္ျပိဳင္ ကစားခဲ့ရာ ၂ ဂိုး ၁ ဂိုးနဲ႕ အနိုင္ရရွိခဲ့ပါတယ္။ နုိင္ပြဲ ဆက္ေနေပမယ့္ ပြဲတိုင္းလိုလို ေပးဂိုး ရွိေနတဲ့ အေပၚ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က စိတ္ပူ အေနဘဲ ခံစစ္ကို ပိုမိုေကာင္းမြန္ေအာင္ ျပင္ဆင္သြားမယ္လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ဂ်န္႔နဲ႕ ပြဲမွာ လီဗာပူးအသင္းက အေကာင္းဆံုး ပံုစံမွာ မရွိခဲ့ေသာ္လည္း လိုအပ္တဲ့ အနုိင္သံုးမွတ္ေတာ့ ရယူနုိင္ခဲ့ပါတယ္။ လီဗာပူးရဲ႕ clean sheet နည္းပါးေနတဲ့ အေပၚ ကေလာ့ပ္က စိတ္ပူမႈ မရွိဘဲ ဂိုးသြင္းခ်က္တိုင္းက ေကာင္းမြန္ေနတယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။ ဒါေပမယ့္ ေပးဂိုးေတြ နည္းေအာင္ ပို ၾကိဳးစား အလုပ္လုပ္ရမွာ ျဖစ္တယ္လို႔ ၄င္းက ၀န္ခံခဲ့ပါတယ္။

” ဒါက တကယ္ေတာ့ စိတ္ပူစရာ မဟုတ္ဘူး။ ဒါ ရိုးရိုးသားသား ေျပာတာ ျဖစ္တယ္။ ဒီလိုေတာ့ က်ေန္ာတို႔လည္း ဂိုးေတြ မေပးခ်င္ဘူးေပါ့။ ဒါေပမယ့္ က်ေန္ာတို႔ ေပးလိုက္ရတဲ့ ဂိုးေတြတိုင္း က ပံုစံမတူဘဲ တမ်ိဳးစီ ျဖစ္တယ္။ ဂိုးေတြက ေပးလိုက္ရပံုေတြ မတူဘူး။ ေျပာခ်င္တာက ဒါ ခံစစ္ကိုခ်ည္း လံုးလံု အျပစ္တင္လို႔ ရတဲ့ ဂိုးေတြ မဟုတ္ဘူး။ ျဖစ္လာတဲ့ အေျခအေနအရ ရာနႈန္းျပည့္ မကာကြယ္လိုက္နုိင္တာေတြ ျဖစ္တယ္။ ”

” လက္ရွိ ၾကံဳေတြ႔ေနရတာေတြကိုလည္း က်ေန္ာ သိသလို ဒါကို ျပင္ဆင္ဖို႔လည္း က်ေန္ာတို႔ အလုပ္လုပ္ေနပါတယ္။ အလုပ္လည္း လုပ္ဦးမွာပါ။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ဒါ့အျပင္ ကေလာ့ပ္က ဂ်န္႔ဘက္က သြင္းဂိုးဟာ ေကာင္းမြန္ခဲ့ေၾကာင္းကိုလည္း အသိအမွတ္ျပဳ စကားဆိုခဲ့ပါတယ္။

” သူတို႔ ဂိုးက တကယ့္ ဂိုးေကာင္း တစ္ဂိုး ျဖစ္တယ္။ အဲဒီဂိုးက သူတို႔ ေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ေစခဲ့တာေပါ့။ က်ေန္ာတို႔ နည္းနည္းေတာ့ ဒုကၡေရာက္သြားတယ္။ သိပ္ၾကီးေတာ့ မဟုတ္ပါဘူး။ လုပ္ရမယ့္ အလုပ္ကို ျပီးေျမာက္ေအာင္ လုပ္နုိင္ခဲ့တယ္။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ဂ်န္႔ကို နုိင္တဲ့ ပြဲအျပီး ဗုဒၶဟူးေန႕ကေတာ့ လီဗာပူးအသင္းသားေတြ နားရက္ ရမွာ ျဖစ္ကာ အဲဒီေနာက္မွာေတာ့ တနဂၤေႏြေန႔ မန္စီးတီးနဲ႕ ရင္ဆိုင္ရမယ့္ ပြဲအတြက္ ျပင္ဆင္ ေလ့က်င့္ၾကေတာ့မွာ ျဖစ္ပါတယ္။