ချယ်ဆီးမန်နေဂျာလမ်းပတ်က ကွင်းလယ်မှာ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ ပုံစံကောင်းတွေ ရနေပေမယ့် ဒဏ်ရာက ပြန်သက်သာလာတဲ့ ကန်တေကို ပွဲထွက်လူစာရင်းးမှာ နေရာပြန်ပေးရပါမယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ရာသီစတင်ကတည်းက ကန်တေဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံ ၆ ပွဲကို ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လို့ ကြံ့ခိုင်မှု ပြန်ကောင်းလာနေတဲ့ ပြင်သစ်သား ကွင်းလယ်လူဟာ ချယ်ဆီးက အေဂျက်ကို အိမ်ကွင်းမှာ ၄-၄ နဲ့ သရေကျတဲ့ပွဲမှာတော့ အရန်ခုံကနေ ပါဝင်ခဲ့တာဖြစ်ပြီး လူစားဝင် ကစားသမားအဖြစ် ကစားခဲ့ခြင်း မရှိပါဘူး။

လမ်းပတ်က ‘ ကန်တေက အရမ်းကို ထူးချွန်တဲ့ ကစားသမားလို့ ကျနော် ထင်ပါတယ်။ အသင်းထံ ကျနော် ရောက်လာပြီး သူနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတာကို အရမ်း စိတ်လှုပ်ရှားမိတယ်။ သူက ကမ္ဘာအဆင့် ကစားသမားဖြစ်ပြီး ကျနေ်ာတို့ သူ့ကို လိုအပ်ပါတယ်။ သူ ပြန်ကစားလာနိုင်တာ အသင်းအတွက် အရမ်းကောင်းပါတယ်။ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမယ့် ကောင်းကောင်းမွန်မွန် ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ် ‘ လို့ ဆိုခဲ့တယ်။

အေဂျက်နဲ့ပွဲမှာတော့ လမ်းပတ်က ဂျော်ဂျင်ဟို၊ ကိုဗာဆစ်နဲ့ မောင့်တို့အတွဲကို ပွဲထုတ်ခဲ့တာပါ။ ဒါပေမယ့် အနာဂတ်မှာတော့ ကန်တေ၊ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်အတွဲကို အဓိက ဦးစားပေး အသုံးပြုတာလည်း ဖြစ်လာနိုင်တယ်။ မတူညီတဲ့ ကွင်းလယ်အတွဲက ခြားနားတဲ့ အခြေကျမှုတွေနဲ့ ကလပ်အတွက် အကျိုးဖြစ်မှုတွေ ပေးလာမယ်လို့ လမ်းပတ်က ယုံကြည်တယ်။

လမ်းပတ်က ‘ ဖြစ်နိုင်ပါတယ်။ ကျနေ်ာတို့ လုပ်နေတာ တစ်ခုကတော့ အခြေကျဖို့ပါပဲ။ မောင့် အပါအဝင် ကစားသမားတိုင်းပါ။ ကွင်းလယ်မှာ သူတို့အားလုံး ပါဝင်နိုင်ပါတယ်။ သူတို့ လုပ်နိုင်တာ အများကြီးပါ။ ဘယ်ကစားသမားကို ကျနေ်ာ ရွေးချယ်သည်ဖြစ်စေ အသင်းအတွက် အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပေးကြမှာ ဖြစ်ပါတယ် ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္တို႔ ပံုစံေကာင္းေတြ ရေနေပမယ့္ ဒဏ္ရာက ျပန္သက္သာလာတဲ့ ကန္ေတကို ပြဲထြက္လူစာရင္းးမွာ ေနရာျပန္ေပးရပါမယ္လို႔ ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

ရာသီစတင္ကတည္းက ကန္ေတဟာ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရတာျဖစ္ျပီး ျပိဳင္ပြဲစံု ၆ ပြဲကို ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏုိင္ျခင္းမရွိ ျဖစ္ေနခဲ့တာပါ။ ဒါေပမယ့္လို႔ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနတဲ့ ျပင္သစ္သား ကြင္းလယ္လူဟာ ခ်ယ္ဆီးက ေအဂ်က္ကို အိမ္ကြင္းမွာ ၄-၄ နဲ႔ သေရက်တဲ့ပြဲမွာေတာ့ အရန္ခံုကေန ပါဝင္ခဲ့တာျဖစ္ျပီး လူစားဝင္ ကစားသမားအျဖစ္ ကစားခဲ့ျခင္း မရွိပါဘူး။

လမ္းပတ္က ‘ ကန္ေတက အရမ္းကို ထူးခၽြန္တဲ့ ကစားသမားလို႔ က်ေနာ္ ထင္ပါတယ္။ အသင္းထံ က်ေနာ္ ေရာက္လာျပီး သူနဲ႔အတူ အလုပ္တြဲလုပ္ခြင့္ရတာကို အရမ္း စိတ္လႈပ္ရွားမိတယ္။ သူက ကမၻာအဆင့္ ကစားသမားျဖစ္ျပီး က်ေန္ာတို႔ သူ႔ကို လိုအပ္ပါတယ္။ သူ ျပန္ကစားလာႏုိင္တာ အသင္းအတြက္ အရမ္းေကာင္းပါတယ္။ ဒဏ္ရာျပႆနာေတြ ရွိခဲ့ေပမယ့္ ေကာင္းေကာင္းမြန္မြန္ ျပန္ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ‘ လို႔ ဆိုခဲ့တယ္။

ေအဂ်က္နဲ႔ပြဲမွာေတာ့ လမ္းပတ္က ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္နဲ႔ ေမာင့္တို႔အတြဲကို ပြဲထုတ္ခဲ့တာပါ။ ဒါေပမယ့္ အနာဂတ္မွာေတာ့ ကန္ေတ၊ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္အတြဲကို အဓိက ဦးစားေပး အသံုးျပဳတာလည္း ျဖစ္လာႏုိင္တယ္။ မတူညီတဲ့ ကြင္းလယ္အတြဲက ျခားနားတဲ့ အေျခက်မႈေတြနဲ႔ ကလပ္အတြက္ အက်ိဳးျဖစ္မႈေတြ ေပးလာမယ္လုိ႔ လမ္းပတ္က ယံုၾကည္တယ္။

လမ္းပတ္က ‘ ျဖစ္ႏုိင္ပါတယ္။ က်ေန္ာတို႔ လုပ္ေနတာ တစ္ခုကေတာ့ အေျခက်ဖို႔ပါပဲ။ ေမာင့္ အပါအဝင္ ကစားသမားတိုင္းပါ။ ကြင္းလယ္မွာ သူတို႔အားလံုး ပါဝင္ႏုိင္ပါတယ္။ သူတို႔ လုပ္ႏုိင္တာ အမ်ားၾကီးပါ။ ဘယ္ကစားသမားကို က်ေန္ာ ေရြးခ်ယ္သည္ျဖစ္ေစ အသင္းအတြက္ အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြ ေပးၾကမွာ ျဖစ္ပါတယ္ ‘ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။