ယာဂင်ကလော့ပ်က ဒီဇင်ဘာမှာ နှစ်ရက်အတွင်း နှစ်ပွဲပြိုင်ရမယ့် အနေအထားအတွက် လီဗာပူးက နှစ်သင်းခွဲဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အချိန်တိုင်းတော့ ဒီလို လုပ်နေလို့ မရပါဘူးလိုပ ပြောဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီဇင်ဘာလ ၁၇ ရက်မှာ ကာရာဘောင်းကွာတားဖိုင်နယ်ပွဲအဖြစ် အက်စတွန်ဗီလာနဲ့ ဘာမင်ဂမ်မြို့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်မှာတော့ ကလပ်များကမ္ဘာဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် ကာတာမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေက ရက်တွေကို ရွေးဆိုင်းပေးလို့ မရတာကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ရတာဖြစ်ပြီး အင်္ဂလန်သမိုင်းမှာတော့ ဒါက ပထမဆုံး အတွေ့အကြုံလည်း ဖြစ်ပါတယ်။

” ကျနော်တို့ ပြဿနာရဲ့ အဖြေကို ရှာဖို့လိုပါတယ်။ ပြဿနာကတော့ ရှင်းပါတယ်။ နှစ်တိုင်းမှာ တူညီတဲ့ ပြဿနာ ဖြစ်နေတာပါပဲ။ အချို့ အဖြေရှာပုံက ရယ်စရာပါ။ ငါးရက်အတွင်း သုံးပွဲကန်ရမယ် ဘယ်လို အလုပ်ဖြစ်မလဲ ကြည့်ရမှာပေါ့။ ” လို့ ယာဂင်ကလော့ပ်က တုန့်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နဲ့ ဇန်နဝါရီ ၂ ရက်ကြားမှာ လီဗာပူးဟာ ၃၇ ရက်အတွင်း ပြိုင်ပွဲ ၁၂ ပွဲကို ပြိုင်ပွဲစုံ ၃ ခုအတွင်း ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကလပ်များကမ္ဘာဖလားတို့ဖြစ်ပြီး အက်ဖ်အေဖလား တတိယအဆင့်ပွဲကလည်း နှစ်သစ်ရဲ့ ပထမပတ်အတွင်း ယှဉ်ပြိုင်ရမှာပါ။ ဒီလိုအနေအထားတွေမှာ လီဗာပူူးက ကာရာဘောင်းထက် ကလပ်များကမ္ဘာဖလားကို ပါဝင်ယှဉ်ပြိုင်ဖို့ အားသန်နေတာက အဆိုပါဖလားဟာ ဥရောပ ချန်ပီယံတွေရဲ့ ချန်ပီယံမျ ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းကြောင့် ဖြစ်ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့က ဖီဖာနဲ့ကော လိဂ်တာဝန်ရှိသူတွေနဲ့ကော ပြဿနာ မတတ်ချင်ဘူး။ ပြိုင်ပွဲတွေကိုလည်း ကျနေ်ာတို့ လေးစားမှု ရှိပါတယ်။ ကာရာဘောင်းကို ကျနော်တို့ မပြိုင်လိုဘူးလို့ အသံတွေ ထွက်နေပေမယ့် အဲ့လို မဟုတ်ပါဘူး။ ဒါပေမယ့် ဆီမီးဖိုင်နယ်ကို နှစ်ကျော့ ကစားရတာကို နားမလည်ပါဘူး။ ဘောလုံးရာသီကို ပင်ပန်းစေတာမျိုး ကျနော် မကြိုက်ပါဘူး။

ကလပ်များကမ္ဘာဖလားက ချန်ပီယံလိဂ်ကို အနိုင်ရမှ (ယူရိုပါလိဂ်ချန်ပီယံနဲ့ ထပ်မံဗိုလ်လုပြီး) ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲပါ။ မင်းဘဝမှာ အကြိမ်ပေါင်း ၅ သန်းလောက် ယှဉ်ပြိုင်ခွင့်ရနေတဲ့ ပြိုင်ပွဲမျိုး မဟုတ်ပါဘူး။ ဒီတော့ ဒီအခွင့်အရေးကို ကျနော်တို့ ရလိုတယ်။ ဒီနှစ်ရဲ့ အကောင်းဆုံး အခိုက်အတန် မဟုတ်ပေမယ့် အဲ့ကိုသွားပြီး ကျနော်တို့ ကစားနိုင်တဲ့ ပွဲအားလုးကို ပါဝင်ကစားလိုပါတယ် ” လို့ တုန့်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္က ဒီဇင္ဘာမွာ ႏွစ္ရက္အတြင္း ႏွစ္ပြဲျပိဳင္ရမယ့္ အေနအထားအတြက္ လီဗာပူးက ႏွစ္သင္းခြဲဖို႔ ဆံုးျဖတ္ခဲ့ေပမယ့္ အခ်ိန္တိုင္းေတာ့ ဒီလို လုပ္ေနလို႔ မရပါဘူးလိုပ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးဟာ ဒီဇင္ဘာလ ၁၇ ရက္မွာ ကာရာေဘာင္းကြာတားဖိုင္နယ္ပြဲအျဖစ္ အက္စတြန္ဗီလာနဲ႔ ဘာမင္ဂမ္ျမိဳ႕မွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီဇင္ဘာလ ၁၈ ရက္မွာေတာ့ ကလပ္မ်ားကမၻာဖလား ဆီမီးဖုိင္နယ္ပြဲအျဖစ္ ကာတာမွာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ပြဲစီစဥ္သူေတြက ရက္ေတြကို ေရြးဆိုင္းေပးလို႔ မရတာေၾကာင့္ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ကို ျပဳလုပ္ခဲ့ရတာျဖစ္ျပီး အဂၤလန္သမိုင္းမွာေတာ့ ဒါက ပထမဆံုး အေတြ႔အၾကံဳလည္း ျဖစ္ပါတယ္။

” က်ေနာ္တို႔ ျပႆနာရဲ႕ အေျဖကို ရွာဖို႔လိုပါတယ္။ ျပႆနာကေတာ့ ရွင္းပါတယ္။ ႏွစ္တုိင္းမွာ တူညီတဲ့ ျပႆနာ ျဖစ္ေနတာပါပဲ။ အခ်ိဳ႕ အေျဖရွာပံုက ရယ္စရာပါ။ ငါးရက္အတြင္း သံုးပြဲကန္ရမယ္ ဘယ္လို အလုပ္ျဖစ္မလဲ ၾကည့္ရမွာေပါ့။ ” လို႔ ယာဂင္ကေလာ့ပ္က တုန္႔ျပန္ခဲ့ပါတယ္။

ႏိုဝင္ဘာလ ၂၃ ရက္နဲ႔ ဇန္နဝါရီ ၂ ရက္ၾကားမွာ လီဗာပူးဟာ ၃၇ ရက္အတြင္း ျပိဳင္ပြဲ ၁၂ ပြဲကို ျပိဳင္ပြဲစံု ၃ ခုအတြင္း ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ကလပ္မ်ားကမၻာဖလားတို႔ျဖစ္ျပီး အက္ဖ္ေအဖလား တတိယအဆင့္ပြဲကလည္း ႏွစ္သစ္ရဲ႕ ပထမပတ္အတြင္း ယွဥ္ျပိဳင္ရမွာပါ။ ဒီလိုအေနအထားေတြမွာ လီဗာပူူးက ကာရာေဘာင္းထက္ ကလပ္မ်ားကမၻာဖလားကို ပါဝင္ယွဥ္ျပိဳင္ဖို႔ အားသန္ေနတာက အဆိုပါဖလားဟာ ဥေရာပ ခ်န္ပီယံေတြရဲ႕ ခ်န္ပီယံမ် ပါဝင္ယွဥ္ျပိဳင္ခြင့္ရျခင္းေၾကာင့္ ျဖစ္ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔က ဖီဖာနဲ႔ေကာ လိဂ္တာဝန္ရွိသူေတြနဲ႔ေကာ ျပႆနာ မတတ္ခ်င္ဘူး။ ျပိဳင္ပြဲေတြကိုလည္း က်ေန္ာတို႔ ေလးစားမႈ ရွိပါတယ္။ ကာရာေဘာင္းကို က်ေနာ္တုိ႔ မျပိဳင္လိုဘူးလို႔ အသံေတြ ထြက္ေနေပမယ့္ အဲ့လို မဟုတ္ပါဘူး။ ဒါေပမယ့္ ဆီမီးဖိုင္နယ္ကို ႏွစ္ေက်ာ့ ကစားရတာကို နားမလည္ပါဘူး။ ေဘာလံုးရာသီကို ပင္ပန္းေစတာမ်ိဳး က်ေနာ္ မၾကိဳက္ပါဘူး။

ကလပ္မ်ားကမၻာဖလားက ခ်န္ပီယံလိဂ္ကို အႏုိင္ရမွ (ယူရိုပါလိဂ္ခ်န္ပီယံနဲ႔ ထပ္မံဗိုလ္လုျပီး) ယွဥ္ျပိဳင္ႏုိင္တဲ့ ျပိဳင္ပြဲပါ။ မင္းဘဝမွာ အၾကိမ္ေပါင္း ၅ သန္းေလာက္ ယွဥ္ျပိဳင္ခြင့္ရေနတဲ့ ျပိဳင္ပြဲမ်ိဳး မဟုတ္ပါဘူး။ ဒီေတာ့ ဒီအခြင့္အေရးကို က်ေနာ္တို႔ ရလိုတယ္။ ဒီႏွစ္ရဲ႕ အေကာင္းဆံုး အခုိက္အတန္ မဟုတ္ေပမယ့္ အဲ့ကိုသြားျပီး က်ေနာ္တုိ႔ ကစားႏုိင္တဲ့ ပြဲအားလုးကို ပါဝင္ကစားလိုပါတယ္ ” လို႔ တုန္႔ျပန္သြားခဲ့တာပဲ ျဖစ္ပါတယ္။