ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ၎င်းတို့ကလပ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်သီးလေးသင်း အတွင်း ဝင်ဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်ကာ ထိုသို့ ဖြစ်လာဖို့ အဝေးကွင်း ပွဲစဉ်များများ ရလဒ်ကောင်းတွေ ယူဆောင်နိုင်ဖို့ လိုအပ်ကြောင်းပါ ထုတ်ဖော်ပြောဆိုမှု ပြုလုပ် လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိရာသီမှာ တာထွက် မကောင်း ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ် ဘုန်းမောက်ကို ရှုံးပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီ ထိပ်သီးလေးသင်းထဲ ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ဟာ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း ရက်ဖို့ဒ်က အသိအမှတ်ပြုခဲ့ပေမယ့် ရလဒ်များ တည်ငြိမ်အောင်သာ ပြန်လည် ထိန်းကျောင်းနိုင်ပါက ရည်မှန်းချက်ကို ရောက်နိုင်တယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

” အဆင့် ၄ အတွင်း ဝင်ဖို့က တော်တော် ခက်ခဲမယ့် ပြိုင်ဆိုင်မှုပါ။ ဒါပေမယ့် ဒါက မဖြစ်နိုင်သလောက် နီးပါးတော့ မဟုတ်ပါဘူး။ တခြားအသင်းတွေကို ကျနော်တို့ အာရုံစိုက်စရာ မလိုဘူး။ ကိုယ့်အသင်းကိုယ်သာ အာရုံစိုက် တိုးတက်အောင် လုပ်ပြီး အကောင်းဆုံး ပုံစံ ရအောင် ကစားဖို့သာ လိုပါတယ်။ ”

” ဒါကပဲ ယူနိုက်တက်ကို ဘောလုံး ပွဲကောင်း ပြန်ကစားနိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်ပြီး အရင်လို ပြန်ဖြစ်မှာပါ။ အခုပြောတာ သိပ်ရိုးရှင်းလွန်းတယ် ထင်မယ် ဒါပေမယ့် ကျနေ်ာတို့ကလည်း ရှုပ်ထွေးအောင် လုပ်ဖို့ အလိုမရှိဘူး။ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်မှု ရှိဖို့ ပွဲတွေ ကစားတိုင်း ခြေစွမ်း ငြိမ်အောင် ထိန်းထားပြီး နိုင်ပွဲ ယူဖို့က မတူညီတဲ့ ကိစ္စ နှစ်ခု ဖြစ်တယ်။ ”

” လိဂ်ပွဲ ၃၈ ပွဲ ရှိတာမှာ ၃၈ ပွဲလုံး ကောင်းကောင်း မင်း ကစားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မကစားနိုင်တာက နိုင်ပွဲ မရနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါကို ကျနော်တို့ တိုးတက်အောင် အာရုံစိုက်သင့်တယ်။ ကျနော်တို့ ကောင်းကောင်း မကစားနိုင်တဲ့ ပွဲတွေမှာလည်း နိုင်ပွဲ ရအောင် ရှာနိုင်ရမယ်။ ”

” ပြိုင်ဘက်က ပိုကောင်းနေသည့်တိုင် ပွဲမှာ ကျနော်တို့ လွှမ်းမိုးနိုင်တဲ့ အချိန်တချို့ ရှိမယ်။ အချိန်ယူလိုက်ရင် သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ သူတို့ ပရိသတ်တွေကို ဘယ်လို ထိန်းပြီး ပွဲအရှိန်ကို ကစားသွားမလဲ သိလာမှာပါ။ ဒီလို သိလာတာနဲ့ တပြိုင်နက် လိုအပ်တဲ့ နိုင်ပွဲတွေ မှန်မှန် ယူသွားရုံပဲ ဖြစ်တယ်။” လို့ ရက်ဖို့ဒ်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှာ ဂိုးတွေရဖို့ ယူနိုက်တက် ရုန်းကန်နေရပေမယ့် တိုက်စစ်မှူး မာရှယ် ပြန် ကစားနိုင်တာကလည်း ဆိုးရှားအတွက် အားတက်စရာ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ကလည်း မာရှယ် ပြန်လာနိုင်တာက အသင်းအတွက် သွင်းဂိုးတွေနဲ့ အကူအညီ ဖြစ်တော့မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္က ၄င္းတို႔ကလပ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ထိပ္သီးေလးသင္း အတြင္း ၀င္ဖို႔ ပစ္မွတ္ထားေနဆဲ ျဖစ္ကာ ထိုသို႔ ျဖစ္လာဖို႔ အေ၀းကြင္း ပြဲစဥ္မ်ားမ်ား ရလဒ္ေကာင္းေတြ ယူေဆာင္နုိင္ဖို႔ လိုအပ္ေၾကာင္းပါ ထုတ္ေဖာ္ေျပာဆိုမႈ ျပဳလုပ္ လာခဲ့ပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ လက္ရွိရာသီမွာ တာထြက္ မေကာင္း ျဖစ္ေနျပီး ျပီးခဲ့တဲ့အပတ္ ဘုန္းေမာက္ကို ရွံဳးျပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။ ဒီရာသီ ထိပ္သီးေလးသင္းထဲ ၀င္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ရဖို႔ဟာ ခက္ခဲတဲ့ စိန္ေခၚမႈ တစ္ခုျဖစ္ေၾကာင္း ရက္ဖို႕ဒ္က အသိအမွတ္ျပဳခဲ့ေပမယ့္ ရလဒ္မ်ား တည္ျငိမ္ေအာင္သာ ျပန္လည္ ထိန္းေက်ာင္းနုိင္ပါက ရည္မွန္းခ်က္ကို ေရာက္နုိင္တယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။

” အဆင့္ ၄ အတြင္း ၀င္ဖို႔က ေတာ္ေတာ္ ခက္ခဲမယ့္ ျပိဳင္ဆိုင္မႈပါ။ ဒါေပမယ့္ ဒါက မျဖစ္နုိင္သေလာက္ နီးပါးေတာ့ မဟုတ္ပါဘူး။ တျခားအသင္းေတြကို က်ေနာ္တို႔ အာရံုစိုက္စရာ မလိုဘူး။ ကိုယ့္အသင္းကိုယ္သာ အာရံုစိုက္ တိုးတက္ေအာင္ လုပ္ျပီး အေကာင္းဆံုး ပံုစံ ရေအာင္ ကစားဖို႔သာ လိုပါတယ္။ ”

” ဒါကပဲ ယူနိုက္တက္ကို ေဘာလံုး ပြဲေကာင္း ျပန္ကစားနုိင္မယ့္ တခုတည္းေသာ နည္းလမ္းျဖစ္ျပီး အရင္လို ျပန္ျဖစ္မွာပါ။ အခုေျပာတာ သိပ္ရိုးရွင္းလြန္းတယ္ ထင္မယ္ ဒါေပမယ့္ က်ေန္ာတို႔ကလည္း ရႈပ္ေထြးေအာင္ လုပ္ဖို႔ အလိုမရွိဘူး။ စြမ္းေဆာင္ရည္ပိုင္း တည္ျငိမ္မႈ ရွိဖို႔ ပြဲေတြ ကစားတိုင္း ေျခစြမ္း ျငိမ္ေအာင္ ထိန္းထားျပီး နုိင္ပြဲ ယူဖို႔က မတူညီတဲ့ ကိစၥ နွစ္ခု ျဖစ္တယ္။ ”

” လိဂ္ပြဲ ၃၈ ပြဲ ရွိတာမွာ ၃၈ ပြဲလံုး ေကာင္းေကာင္း မင္း ကစားနိုင္မွာ မဟုတ္ဘူး။ ဒါေပမယ့္ မကစားနုိင္တာက နုိင္ပြဲ မရနိုင္တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒါကို က်ေနာ္တို႔ တိုးတက္ေအာင္ အာရံုစိုက္သင့္တယ္။ က်ေနာ္တို႔ ေကာင္းေကာင္း မကစားနုိင္တဲ့ ပြဲေတြမွာလည္း နုိင္ပြဲ ရေအာင္ ရွာနုိင္ရမယ္။ ”

” ျပိဳင္ဘက္က ပိုေကာင္းေနသည့္တိုင္ ပြဲမွာ က်ေနာ္တို႔ လႊမ္းမိုးနုိင္တဲ့ အခ်ိန္တခ်ိဳ႔ ရွိမယ္။ အခ်ိန္ယူလိုက္ရင္ သူတို႔ကို ဘယ္လုိ ထိန္းခ်ဳပ္မလဲ သူတို႔ ပရိသတ္ေတြကို ဘယ္လုိ ထိန္းျပီး ပြဲအရွိန္ကို ကစားသြားမလဲ သိလာမွာပါ။ ဒီလို သိလာတာနဲ႕ တျပိဳင္နက္ လိုအပ္တဲ့ နုိင္ပြဲေတြ မွန္မွန္ ယူသြားရံုပဲ ျဖစ္တယ္။” လို႔ ရက္ဖို႔ဒ္က ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

တိုက္စစ္မွာ ဂိုးေတြရဖို႔ ယူနိုက္တက္ ရုန္းကန္ေနရေပမယ့္ တိုက္စစ္မွဴး မာရွယ္ ျပန္ ကစားနုိင္တာကလည္း ဆိုးရွားအတြက္ အားတက္စရာ ျဖစ္ပါတယ္။ ရက္ဖို႔ဒ္ကလည္း မာရွယ္ ျပန္လာနိုင္တာက အသင္းအတြက္ သြင္းဂိုးေတြနဲ႕ အကူအညီ ျဖစ္ေတာ့မယ္လို႔ ယံုၾကည္ေနပါတယ္။