ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးနောက် လီဗာပူး ကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ တစ်ပွဲထက် တစ်ပွဲ ပို အထိုင်ကျကာ အစွမ်းပြနေနိုင်ပြီး နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၄ ဂိုးထိ သွင်းယူထားနိုင်ပါတယ်။ ညက ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ချိန်ဘာလိန် ပွဲထွက် ကစားခဲ့ကာ လီဗာပူးအတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့ပြန်ပါတယ်။

ဂျန့်ကို နိုင်လိုက်တာကြောင့် တစ်ဘက်မှာ ဆဲလ်ဘတ်နဲ့ သရေကျသွားတဲ့ နာပိုလီကို ကျော်ဖြတ်ကာ လီဗာပူးအသင်းက ဂရု E ရဲ့ ပထမနေရာ ရောက်ရှိသွားခဲ့ပါတယ်။ ချိန်ဘာလိန်ကတော့ ကစားရတာ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာကြောင်း ပွဲအပြီးမှာ ဖွင့်ဟပြောဆိုလာပါတယ်။

” ပွဲတိုင်း ပိုပို ကောင်းလာတယ် အဆင်ပြေလာတယ်လို့ ကျနော် ခံစားမိနေတယ် ကြံ့ခိုင်မှုအရရောပေါ့။ ဒါပေမယ့် ကျနော့်ဆီကနေ ခံစစ်ပိုင်းရော မှန်ကန်တဲ့ ခွန်အားသုံးပြီး ဖိအားပေး ကစားတာတွေရော ထပ်ပိုကောင်းလာဦးမယ်လို့လည်း ထင်ပါတယ်။ ဒီလို ပြန် ကစားနိုင်ဖို့ အချိန် အတော်ယူခဲ့ရတာပါ။ ဒါပေမယ့် ကစားရင်း ပို အဆင်ပြေလာပြီလို့ ကျနော် ထင်ပါတယ်။ ”

” ဒီလို အဆင်ပြေပြေ ဖြစ်လာရတာအတွက်လည်း ပျော်ရွှင်ရတယ်။ ဒီညမှာ အနိုင်သုံးမှတ်ရပြီး အုပ်စု ထိပ်ဆုံးနေရာကို တွန်းအားပေး ရောက်ရှိလာတာက အရေးကြီးတယ်။ ခြုံပြောရရင် သုံးမှတ် ပြည့်ရတာ အတွက် ကျနေ်ာတို့ ပျော်ရွှင်နေပါတယ်။ ” လို့ ချိန်ဘာလိန်က ဆိုပါတယ်။

ချန်ပီယံလိဂ်မှာ လိုအပ်တဲ့ အနိုင်သုံးမှတ် ယူခဲ့ပြီးတဲ့ လီဗာပူးဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကြီး ဖြစ်တဲ့ မန်စီးတီးနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ်။

Zawgyi

ကာလရွည္ ဒဏ္ရာကေန ျပန္လာျပီးေနာက္ လီဗာပူး ကြင္းလယ္ကစားသမား ခ်ိန္ဘာလိန္ဟာ တစ္ပြဲထက္ တစ္ပြဲ ပို အထိုင္က်ကာ အစြမ္းျပေနနုိင္ျပီး ေနာက္ဆံုး ကစားထားတဲ့ ၄ ပြဲမွာ ၄ ဂိုးထိ သြင္းယူထားနုိင္ပါတယ္။ ညက ဂ်န္႕နဲ႕ ခ်န္ပီယံလိဂ္ပြဲမွာလည္း ခ်ိန္ဘာလိန္ ပြဲထြက္ ကစားခဲ့ကာ လီဗာပူးအတြက္ အေရးပါတဲ့ အနိုင္ဂိုး သြင္းယူေပးခဲ့ျပန္ပါတယ္။

ဂ်န္႔ကို နုိင္လိုက္တာေၾကာင့္ တစ္ဘက္မွာ ဆဲလ္ဘတ္နဲ႕ သေရက်သြားတဲ့ နာပိုလီကို ေက်ာ္ျဖတ္ကာ လီဗာပူးအသင္းက ဂရု E ရဲ႕ ပထမေနရာ ေရာက္ရွိသြားခဲ့ပါတယ္။ ခ်ိန္ဘာလိန္ကေတာ့ ကစားရတာ တစ္ပြဲထက္ တစ္ပြဲ ပိုေကာင္းလာေၾကာင္း ပြဲအျပီးမွာ ဖြင့္ဟေျပာဆိုလာပါတယ္။

” ပြဲတိုင္း ပိုပို ေကာင္းလာတယ္ အဆင္ေျပလာတယ္လို႔ က်ေနာ္ ခံစားမိေနတယ္ ၾကံ႕ခိုင္မႈအရေရာေပါ့။ ဒါေပမယ့္ က်ေနာ့္ဆီကေန ခံစစ္ပိုင္းေရာ မွန္ကန္တဲ့ ခြန္အားသံုးျပီး ဖိအားေပး ကစားတာေတြေရာ ထပ္ပိုေကာင္းလာဦးမယ္လို႔လည္း ထင္ပါတယ္။ ဒီလို ျပန္ ကစားနုိင္ဖို႔ အခ်ိန္ အေတာ္ယူခဲ့ရတာပါ။ ဒါေပမယ့္ ကစားရင္း ပို အဆင္ေျပလာျပီလို႔ က်ေနာ္ ထင္ပါတယ္။ ”

” ဒီလို အဆင္ေျပေျပ ျဖစ္လာရတာအတြက္လည္း ေပ်ာ္ရႊင္ရတယ္။ ဒီညမွာ အနုိင္သံုးမွတ္ရျပီး အုပ္စု ထိပ္ဆံုးေနရာကို တြန္းအားေပး ေရာက္ရွိလာတာက အေရးၾကီးတယ္။ ျခံဳေျပာရရင္ သံုးမွတ္ ျပည့္ရတာ အတြက္ က်ေန္ာတို႔ ေပ်ာ္ရႊင္ေနပါတယ္။ ” လို႔ ခ်ိန္ဘာလိန္က ဆိုပါတယ္။

ခ်န္ပီယံလိဂ္မွာ လိုအပ္တဲ့ အနုိင္သံုးမွတ္ ယူခဲ့ျပီးတဲ့ လီဗာပူးဟာ လာမယ့္ တနဂၤေႏြေန႕မွာေတာ့ ပရီးမီးယားလိဂ္ ျပိဳ္င္ဘက္ၾကီး ျဖစ္တဲ့ မန္စီးတီးနဲ႕ ထိပ္တိုက္ ရင္ဆိုင္ ကစားရဦးမွာ ျဖစ္ပါတယ္။