လီဗာပူးအသင်းကတော့ ကလပ်အသင်းသမိုင်းမှာ အခက်ခဲဆုံးနဲ့ အထူးဆန်းဆုံး ကိစ္စကို အဆုံးအဖြတ် ပေးလိုက်ပြီဖြစ်ပြီး ဆုဖလားပြိုင်ပွဲ နှစ်ခုအတွက် လူစာရင်းနှစ်ခုနဲ့အတူ သီးခြားစီ ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

ကလပ်အသင်းဘက်က တရားဝင် စာထုတ်ခဲ့တာဖြစ်ပြီး အသေးစိတ် အစီအစဉ်တွေကတော့ အဖြေရှာရဦးမယ်လို့ ယူဆရတယ်။ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲနှစ်ပွဲဖြစ်တဲ့ ကာရာဘောင်းနဲ့ ကလပ်များကမ္ဘာဖလားပြိုင်ပွဲနှစ်ခုအတွက် အင်္ဂလန်နဲ့ ကာတာမှာ မတူညီတဲ့ နေရာတွေအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မိုင်ပေါင်း ၄၀၀၀ ကွာဝေးတဲ့ နှစ်ပွဲဟာ ၂၄ နာရီပဲ ပွဲချိန်ကွာခြားနေတာဖြစ်ပါတယ်။

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်ပွဲအတွက် တရားဝင် ရက်စွဲ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက်မှာတော့ အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဆိုပါပွဲအပြီး ၂၄ နာရီအတွင်းမှာပဲ ကာတာမှာလည်း ဖီဖာဖလားဖြစ်တဲ့ ကလပ်များကမ္ဘာဖလားကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးဘက်က ပွဲရက်စွဲကို ပြောင်းလဲလိုပေမယ့် အစောပိုင်းတည်းက ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲကို ရွေးဆိုင်းထားခဲ့တာကြောင့် ဘယ်လိုမှ ရက်ညိလို့မရတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ လီဗာပူးဘက်က ပြိုင်ပွဲနှစ်ခုလုံးကို လေးစားစွာပဲ နှစ်သင်းခွဲပြီး ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့တာဖြစ်တယ်။ ဘယ်အသင်းက ဘယ်ပြိုင်ပွဲကို ယှဉ်ပြိုင်မယ်တော့ အတည်မပြုခဲ့ပါဘူး။

ဒါပေမယ့်လို့ မကြာသေးခင်က ယာဂင်ကလော့ပ်ရဲ့ ပြောဆိုမှုအရ သူပါဝင်တဲ့ အဓိက အသင်းက ကာတာကို သွားရောက်ဖွယ်ရှိပြီး လက်ထောက်နည်းပြတစ်ဦး ဦးဆောင်မယ့် လူငယ်တွေနဲ့ အရန်အသင်းကတော့ အက်စတွန်ဗီလာနဲ့ပွဲကို သွားရောက် ယှဉ်ပြိုင်ဖွယ်ရှိပါတယ်။ လီဗာပူးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်သလို လူငယ်တွေအတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။

လီဗာပူးဟာ အာဆင်နယ်ကို အန်ဖီးကွင်းမှာ အနိုင်ရပြီး ကာရာဘောင်းမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ခြင်းဖြစ်ကာ ချန်ပီယံလိဂ်ဖလား လက်ရှိချန်ပီယံအဖြစ် ကလပ်များကမ္ဘာဖလားကိုလည်း ဆီမီးဖိုင်နယ်အဆင့်ကနေ ယှဉ်ပြိုင်ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းကေတာ့ ကလပ္အသင္းသမိုင္းမွာ အခက္ခဲဆံုးနဲ႔ အထူးဆန္းဆံုး ကိစၥကို အဆံုးအျဖတ္ ေပးလိုက္ျပီျဖစ္ျပီး ဆုဖလားျပိဳင္ပြဲ ႏွစ္ခုအတြက္ လူစာရင္းႏွစ္ခုနဲ႔အတူ သီးျခားစီ ယွဥ္ျပိဳင္သြားေတာ့မွာျဖစ္ပါတယ္။

ကလပ္အသင္းဘက္က တရားဝင္ စာထုတ္ခဲ့တာျဖစ္ျပီး အေသးစိတ္ အစီအစဥ္ေတြကေတာ့ အေျဖရွာရဦးမယ္လို႔ ယူဆရတယ္။ ယွဥ္ျပိဳင္မယ့္ ျပိဳင္ပြဲႏွစ္ပြဲျဖစ္တဲ့ ကာရာေဘာင္းနဲ႔ ကလပ္မ်ားကမၻာဖလားျပိဳင္ပြဲႏွစ္ခုအတြက္ အဂၤလန္နဲ႔ ကာတာမွာ မတူညီတဲ့ ေနရာေတြအျဖစ္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး မိုင္ေပါင္း ၄၀၀၀ ကြာေဝးတဲ့ ႏွစ္ပြဲဟာ ၂၄ နာရီပဲ ပြဲခ်ိန္ကြာျခားေနတာျဖစ္ပါတယ္။

ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္ပြဲအတြက္ တရားဝင္ ရက္စြဲ ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး ဒီဇင္ဘာလ ၁၇ ရက္မွာေတာ့ အက္စတြန္ဗီလာနဲ႔ အေဝးကြင္းပြဲ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အဆိုပါပြဲအျပီး ၂၄ နာရီအတြင္းမွာပဲ ကာတာမွာလည္း ဖီဖာဖလားျဖစ္တဲ့ ကလပ္မ်ားကမၻာဖလားကို ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးဘက္က ပြဲရက္စြဲကို ေျပာင္းလဲလိုေပမယ့္ အေစာပိုင္းတည္းက ဝက္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲကို ေရြးဆိုင္းထားခဲ့တာေၾကာင့္ ဘယ္လိုမွ ရက္ညိလို႔မရတဲ့ အေနအထားကို ေရာက္လာခဲ့ပါတယ္။ လီဗာပူးဘက္က ျပိဳင္ပြဲႏွစ္ခုလံုးကို ေလးစားစြာပဲ ႏွစ္သင္းခြဲျပီး ယွဥ္ျပိဳင္မယ္လို႔ ေၾကညာခဲ့တာျဖစ္တယ္။ ဘယ္အသင္းက ဘယ္ျပိဳင္ပြဲကို ယွဥ္ျပိဳင္မယ္ေတာ့ အတည္မျပဳခဲ့ပါဘူး။

ဒါေပမယ့္လို႔ မၾကာေသးခင္က ယာဂင္ကေလာ့ပ္ရဲ႕ ေျပာဆိုမႈအရ သူပါဝင္တဲ့ အဓိက အသင္းက ကာတာကို သြားေရာက္ဖြယ္ရွိျပီး လက္ေထာက္နည္းျပတစ္ဦး ဦးေဆာင္မယ့္ လူငယ္ေတြနဲ႔ အရန္အသင္းကေတာ့ အက္စတြန္ဗီလာနဲ႔ပြဲကို သြားေရာက္ ယွဥ္ျပိဳင္ဖြယ္ရွိပါတယ္။ လီဗာပူးအတြက္ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ႏုိင္သလို လူငယ္ေတြအတြက္ အခြင့္အေရးတစ္ခုလည္း ျဖစ္သြားႏုိင္ပါတယ္။

လီဗာပူးဟာ အာဆင္နယ္ကို အန္ဖီးကြင္းမွာ အႏုိင္ရျပီး ကာရာေဘာင္းမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့ျခင္းျဖစ္ကာ ခ်န္ပီယံလိဂ္ဖလား လက္ရွိခ်န္ပီယံအျဖစ္ ကလပ္မ်ားကမၻာဖလားကိုလည္း ဆီမီးဖိုင္နယ္အဆင့္ကေန ယွဥ္ျပိဳင္ကစားဖို႔ လိုအပ္မွာျဖစ္ပါတယ္။