Date

December 1, 2019

ဆာရီလက်ထက် ဝေဖန်ခံရတဲ့ နည်းစနစ်နဲ့ အလားတူနည်းစနစ်ကို ကျင့်သုံးခဲ့ကြောင်း လမ်းပတ် ဝန်ခံ

ချယ်ဆီးဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲ နှစ်ပွဲဆက်ကို အရေးနိမ့်ခဲ့ပြီး ရလဒ် ပြန်တည့်မှတ်ဖို့ လိုလာနေခဲ့ပြီဖြစ်တယ်။ ကလပ်အသင်းက လုံလောက်တဲ့ အခွင့်အရေး ဖန်တီးနိုင်မှုနဲ့ ခြိမ်းခြောက်မှုတွေ မရှိကြောင်းကို လမ်းပတ်က ဝန်ခံခဲ့ပေမယ့် တိုက်စစ်သမား အေဘရာဟမ် မပါနိုင်တာကြောင့် လူစာရင်းအပြောင်းအလဲလုပ်ခဲ့ရခြင်းက ကစားပုံကို ဆိုးစေခဲ့တာ မဟုတ်ကြောင်း ပြောပါတယ်။ လမ်းပတ်က ” ရှုံးပွဲက တန်မီ မပါလို့ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ဒါက ကစားသမားတစ်ယောက်ထဲအပေါ် မူမတည်ပါဘူး။ ကျနော်တို့ ပုံမှန်ခြေစွမ်းအောက် ရောက်ခဲ့တယ်။ ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ကောင်းကောင်း မခြိမ်းခြောက်နိုင်ခဲ့ဘူး။… Continue Reading →

တိုက်ရိုက်အနီကြောင့် အယ်လီဆန် ဘယ်နှစ်ပွဲ ပယ်ခံရမလဲနဲ့ ဘယ်လို ပယ်ခံရမလဲ ရှင်းပြခြင်း

ဘရိုက်တန်နဲ့ပွဲမှာ လီဗာပူးဂိုးသမား အယ်လီဆန် တိုက်ရိုက် အနီကဒ် ရခဲ့တာကြောင့် ဘယ်နှစ်ပွဲ ပယ်ခံရမလဲ၊ ဘယ်လို ပွဲပယ်ပြစ်ဒဏ်ကို ခံရသလဲဆိုတာနဲ့ ပက်သက်ပြီး မရှင်းလင်းမှုတွေ ရှိနေကြမှာပါ။ အယ်လီဆန်ဟာ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုကို ဟန့်တားဖို့ ကြိုးစားရင်း ဧရိယာပြင်ဘက်ကနေ ကာကွယ်မှု လုပ်ခဲ့မိတာပါ။ ဂိုးသမားဖြစ်ပေမယ့် ဧရိယာပြင်ပမှာ လက်နဲ့ပုတ်မိတာဖြစ်လို့ ဒါဟာ တိုက်ရိုက်အနီဖြစ်ပါတယ်။ အယ်လီဆန်က VAR ရဲ့ ဆုံးဖြတ်ချက်ကို သိလိုတာကြောင့် ကွင်းထဲမှာ ဆက်ရှိခဲ့ပေမယ့် VAR ဆုံးဖြတ်မှုကလည်း အနီကဒ်အဖြစ် သက်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့… Continue Reading →

ယွန်းဘတ်ကိုင်တွယ်မှုနဲ့ နော်ဝစ်ပွဲမှာ အာဆင်နယ်က ဘယ်လို နည်းစနစ်ကို ခင်းကျင်နိုင်သလဲ ဖော်ပြခြင်း

အမ်မရီ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒီကနေ့ နော်ဝစ်နဲ့ပွဲကို အာဆင်နယ်မန်နေဂျာအဖြစ် ယွန်ဘတ်က ယာယီ တာဝန်ယူမှာဖြစ်ပါတယ်။ သူဟာ အကယ်ဒမီက မာတီဆက်ကာကိုလည်း ပထမအသင်းအတွက် ခေါ်ယူထားတယ်လို့ ကြားထားရတယ်။ အမ်မရီလက်ထက်က ပုံစံပျက်သွားတဲ့ ကစားဟန်ကို တစ်ပွဲတည်းနဲ့ ယွန်းဘတ် ပြန်တည်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ယွန်းဘတ် ယူ-၂၃ အသင်းမှာ ကိုင်တွယ်နေတဲ့ ပုံစံအရ သူအသုံးပြုမယ့် ကစားကွက်နဲ့ လူစာရင်းကို ခန့်မှန်းကြည့်မှာဖြစ်ပါတယ်။ ဒါဟာ အနီးစပ်ဆုံးဖြစ်နိုင်မယ့် လူစာရင်းနဲ့ အခင်းအကျင်းကို ဖော်ပြခြင်းဖြစ်ပြီး နော်ဝစ်နဲ့ပွဲမှာ အာဆင်နယ် ရလဒ်ကောင်းဖို့က… Continue Reading →

အိမ်ကွင်းမှာ ဝက်ဟမ်းကို အရေးနိမ့်တာအတွက် ပြောလေ့မရှိတဲ့ ဝန်ခံမှုတစ်ခု ပြုလုပ်သွားတဲ့ လမ်းပတ်

စတမ်းဖိုဒ့်ဘရစ်က လန်ဒန်ဒါဘီပွဲမှာ ခြေစွမ်းဆိုးနေတဲ့ ဝက်ဟမ်းကို ရင်ဆိုင်ပြီး ရှုံးပွဲကြုံခဲ့တာနဲ့ ပတ်သက်လို့ လမ်းပတ်က ပွဲအပြီးမှာ မီဒီယာတွေရဲ့ အမေးကို ဖြေဆိုမှု လုပ်သွားခဲ့ပါတယ်။ ရံှူးပွဲကို တုန့်လှုပ်စေသလားနဲ့ လူစာရင်းအပြောင်းအလဲက ချယ်ဆီးကို ထိခိုက်စေခဲ့သလားဆိုတဲ့ မေးခွန်းတွေကို သတင်းသမားတွေက အဓိက မေးခွန်းထုတ်ခဲ့ကြပြီး ဇန်နဝါရီမှာ လူခေါ်ယူမှုတွေ လုပ်မလားလို့လည်း ထုတ်မေးခဲ့ကြတယ်။ လမ်းပတ်ကတော့ အကောင်းဆုံး ပြန်ဖြေခဲ့ပေမယ့် သူထုတ်ပြောလေ့မရှိတဲ့ ကလပ်အသင်းရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို စိတ်ပျက်တယ်လို့ ဝန်ခံခဲ့ပါတယ်။ လမ်းပတ်က ” ရလဒ်ကို တုန်လှုပ်တယ်လို့လဲ မဟုတ်ပါဘူး။… Continue Reading →

ဘရိုက်တန်ကို ရင်ဆိုင်ကစားစဉ်မှာ လီဗာပူးကစားပုံ အားပျော့နေရခြင်း အကြောင်းရင်းကို ဗန်ဒိုက် ရှင်းပြ

လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲအဖြစ် အိမ်ကွင်းပွဲတိုင်းကို အနိုင်ရလဒ်တစ်ခုတည်း ထွက်ပေါ်အောင် ကစားထားပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အိမ်ကွင်းပွဲစဉ် ၁၄ ပွဲဆက်တိုက်ကို အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဗန်ဒိုက်ရဲ့ သွင်းဂိုးတွေကြောင့် လီဗာပူးက ခပ်အေးအေး ကစားခဲ့ရတာဖြစ်ပြီး အရင်ပွဲတွေတုန်းက တည်ကန်ဘောလို အနေအထားဆိုရင် ပြိုင်ဘက်အသင်းတွေက ဗန်ဒိုက်ကို ဦးတည်တဲ့ လူကပ်မှုကြောင့် နယ်သာလန်သားဟာ အခွင့်အရေးယူဖို့ ခက်ခဲတဲ့ အနေအထားတွေ ရှိခဲ့တာဖြစ်တယ်။ သွင်းဂိုး နှစ်ဂိုးနဲ့ ပတ်သတ်ပြီး ဗန်ဒိုက်က – ” အသင်းက တည်ကန်ဘောတွေ… Continue Reading →

၀က်စ်ဟမ်းကို ရှုံးပွဲမှာ ပွဲပန်းတာ မဟုတ်တဲ့ ချယ်ဆီးရဲ့ အဓိက ပြဿနာ အကြောင်း ဂျော်ဂျင်ဟို ထုတ်ဖော်

ချယ်ဆီး ကွင်းလယ်ကစးာသမား ဂျော်ဂျင်ဟိုက ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ပွဲမှာ ပွဲပန်းတာက အဓိက ပြသနာ မဟုတ်ပေမယ့် အကြောင်းရင်း တချက် အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်တယ်လု့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့က ဗလင်စီယာနဲ့ ချန်ပီယံလိဂ်ပွဲ ၂ ဂိုးစီ သရေကျပြီးနောက် စနေနေ့ ပရီးမီးယားလိဂ်ပွဲမှာပါ နိုင်ပွဲနဲ့ ဝေးခဲ့ပြန်ပါတယ်။ ပွဲဆက်တွေ များလာတာက ကစားသမားတွေ ပင်ပန်းပြီး ပွဲကို သက်ရောက်စေတဲ့ အကြောင်းအချက်အဖြစ် ပါဝင်သော်လည်း အဓိက အကြောင်းအရင်းကတော့ တခြား ကိစ္စ ဖြစ်တယ်လို့… Continue Reading →

ဗန်ဒိုက်မဟုတ်တဲ့ ဘရိုက်တန်ပွဲမှ အကောင်းဆုံး လီဗာပူးကစားသမားကို ယာဂင်ကလော့ပ် ရွေးထုတ်ပြ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘရိုက်တန်နဲ့ပွဲအတွက် သူ့ရဲ့ ခံစားချက်ကို ပွဲအပြီး ပြောဆိုခဲ့ပြီး ပွဲကြပ်တွေကြောင့် ပင်ပန်းတဲ့ သီတင်းပတ်မှာ အသင်းသားတွေ အကောင်းဆုံး လုပ်နိုင်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ယာဂင်ကလော့ပ်က ” အဆုံးထိ စိတ်ပူနေခဲ့ရတာ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနေ်ာတို့ မယုံနိုင်စရာ အခွင့်ကောင်းတွေ ရခဲ့တယ်.. သူတို့ ဂိုးသမားက ကာကွယ်မှုကောင်းတွေ လုပ်ခဲ့လို့သာ။ ” လို့ ပြောတာပါ။ ဘရိုက်တန်ဟာ အဝေးကွင်းကို လာကစားရပေမယ့် လီဗာပူးကို ခံကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲအပြီး ယှဉ်ပြိုင်ရတဲ့ အမှတ်ပေးပွဲဖြစ်သလို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!