ချယ်ဆီး ကွင်းလယ်ကစးာသမား ဂျော်ဂျင်ဟိုက ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ပွဲမှာ ပွဲပန်းတာက အဓိက ပြသနာ မဟုတ်ပေမယ့် အကြောင်းရင်း တချက် အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်တယ်လု့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့က ဗလင်စီယာနဲ့ ချန်ပီယံလိဂ်ပွဲ ၂ ဂိုးစီ သရေကျပြီးနောက် စနေနေ့ ပရီးမီးယားလိဂ်ပွဲမှာပါ နိုင်ပွဲနဲ့ ဝေးခဲ့ပြန်ပါတယ်။

ပွဲဆက်တွေ များလာတာက ကစားသမားတွေ ပင်ပန်းပြီး ပွဲကို သက်ရောက်စေတဲ့ အကြောင်းအချက်အဖြစ် ပါဝင်သော်လည်း အဓိက အကြောင်းအရင်းကတော့ တခြား ကိစ္စ ဖြစ်တယ်လို့ ဂျော်ဂျင်ဟိုက ပွဲအပြီးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

” ပွဲပန်းတာက အကြောင်းတချက် ဖြစ်ရင် ဖြစ်မယ် ဒါပေမယ့် ကျနေ်ာတို့ အခွင့်အရေးတွေ ဖန်တီးနိုင်ပြီ ဂိုးမသွင်းနိုင်ခဲ့ဘူး။ အဲဒါက ပြဿနာပါ။ ကျနေ်ာတို့ ထက်မြက်မှု မရှိခဲ့ကြဘူး။ အခွင့်အရေးတွေ ဖန်တီးထားတဲ့အချိန်မှာ ထိထိရောက်ရောက် အသုံးချနိုင်ဖို့လိုတယ်။ အဲလို မလုပ်နိုင်တဲ့ အပြင် ဂိုးပါ ပေးလိုက်ရတော့ ပို ခက်ခဲသွားတာပေါ့။ ” လို့ ဂျော်ဂျင်ဟိုက ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပထမပိုင်း ပြီးတည်းက လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက ခရက်စ်ဝဲလ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခြင်း ခံခဲ့ရပါတယ်။ ချယ်ဆီးအသင်းက အချိန်တချို့မှာ ဂိုးသွင်းနိုင်လုနီး ဖြစ်ခဲ့ပေမယ့် အသက် ၃၃ နှစ် အရွယ် ဝက်စ်ဟမ်း ဂိုးသမား ဒေးဗစ် မာတင် ကာကွယ် သွားခဲ့ပါတယ်။

ဒီအရင် တပတ်က မန်စီးတီးကိုလည်း ရှုံးထားတာ ဖြစ်လို့ ချယ်ဆီးအသင်းဟာ ရှုံးပွဲ နှစ်ပွဲ ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ ချယ်ဆီးက ၁၄ ပွဲ ကစား ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်လက် ရှိနေဆဲပါ။

Zawgyi

ခ်ယ္ဆီး ကြင္းလယ္ကစးာသမား ေဂ်ာ္ဂ်င္ဟိုက ၀က္စ္ဟမ္းကို ရွံဳးခဲ့တဲ့ပြဲမွာ ပြဲပန္းတာက အဓိက ျပသနာ မဟုတ္ေပမယ့္ အေၾကာင္းရင္း တခ်က္ အေနနဲ႕ ပါ၀င္ခဲ့တာ ျဖစ္တယ္လု႔ ၀န္ခံ ေျပာဆိုလိုက္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔က ဗလင္စီယာနဲ႕ ခ်န္ပီယံလိဂ္ပြဲ ၂ ဂိုးစီ သေရက်ျပီးေနာက္ စေနေန႔ ပရီးမီးယားလိဂ္ပြဲမွာပါ နိုင္ပြဲနဲ႕ ေ၀းခဲ့ျပန္ပါတယ္။

ပြဲဆက္ေတြ မ်ားလာတာက ကစားသမားေတြ ပင္ပန္းျပီး ပြဲကို သက္ေရာက္ေစတဲ့ အေၾကာင္းအခ်က္အျဖစ္ ပါ၀င္ေသာ္လည္း အဓိက အေၾကာင္းအရင္းကေတာ့ တျခား ကိစၥ ျဖစ္တယ္လို႔ ေဂ်ာ္ဂ်င္ဟိုက ပြဲအျပီးမွာ မွတ္ခ်က္ျပဳခဲ့ပါတယ္။

” ပြဲပန္းတာက အေၾကာင္းတခ်က္ ျဖစ္ရင္ ျဖစ္မယ္ ဒါေပမယ့္ က်ေန္ာတို႔ အခြင့္အေရးေတြ ဖန္တီးနိုင္ျပီ ဂိုးမသြင္းနုိင္ခဲ့ဘူး။ အဲဒါက ျပႆနာပါ။ က်ေန္ာတို႔ ထက္ျမက္မႈ မရွိခဲ့ၾကဘူး။ အခြင့္အေရးေတြ ဖန္တီးထားတဲ့အခ်ိန္မွာ ထိထိေရာက္ေရာက္ အသံုးခ်နိုင္ဖို႕လိုတယ္။ အဲလို မလုပ္နုိင္တဲ့ အျပင္ ဂုိုးပါ ေပးလိုက္ရေတာ့ ပို ခက္ခဲသြားတာေပါ့။ ” လို႔ ေဂ်ာ္ဂ်င္ဟိုက ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ပထမပိုင္း ျပီးတည္းက လန္ဒန္ျပိဳင္ဘက္ ၀က္စ္ဟမ္းအသင္းက ခရက္စ္၀ဲလ္ရဲ႕ သြင္းဂိုးနဲ႕ ဦးေဆာင္ထားျခင္း ခံခဲ့ရပါတယ္။ ခ်ယ္ဆီးအသင္းက အခ်ိန္တခ်ိဳ႕မွာ ဂိုးသြင္းနုိင္လုနီး ျဖစ္ခဲ့ေပမယ့္ အသက္ ၃၃ နွစ္ အရြယ္ ၀က္စ္ဟမ္း ဂိုးသမား ေဒးဗစ္ မာတင္ ကာကြယ္ သြားခဲ့ပါတယ္။

ဒီအရင္ တပတ္က မန္စီးတီးကိုလည္း ရွံဳးထားတာ ျဖစ္လို႔ ခ်ယ္ဆီးအသင္းဟာ ရွံဳးပြဲ နွစ္ပြဲ ဆက္ခဲ့ရျပီ ျဖစ္ပါတယ္။ အမွတ္ေပးဇယားမွာေတာ့ ခ်ယ္ဆီးက ၁၄ ပြဲ ကစား ၂၆ မွတ္နဲ႕ အဆင့္ ၄ ေနရာမွာ ဆက္လက္ ရွိေနဆဲပါ။