လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘရိုက်တန်နဲ့ပွဲအတွက် သူ့ရဲ့ ခံစားချက်ကို ပွဲအပြီး ပြောဆိုခဲ့ပြီး ပွဲကြပ်တွေကြောင့် ပင်ပန်းတဲ့ သီတင်းပတ်မှာ အသင်းသားတွေ အကောင်းဆုံး လုပ်နိုင်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ယာဂင်ကလော့ပ်က ” အဆုံးထိ စိတ်ပူနေခဲ့ရတာ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနေ်ာတို့ မယုံနိုင်စရာ အခွင့်ကောင်းတွေ ရခဲ့တယ်.. သူတို့ ဂိုးသမားက ကာကွယ်မှုကောင်းတွေ လုပ်ခဲ့လို့သာ။ ” လို့ ပြောတာပါ။

ဘရိုက်တန်ဟာ အဝေးကွင်းကို လာကစားရပေမယ့် လီဗာပူးကို ခံကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲအပြီး ယှဉ်ပြိုင်ရတဲ့ အမှတ်ပေးပွဲဖြစ်သလို ကြားရက်မှာ အဲဗာတန်နဲ့ ဒါဘီပွဲလည်း ကစားရဖို့ ရှိနေတာကြောင့် လီဗာပူးရဲ့ ပြင်ဆင်မှုနဲ့ ကစားပုံက အခြားပွဲတွေနဲ့တော့ ကွာခြားနေတာပါ။ ဒါပေမယ့် လီဗာပူးအသင်းသားတွေ နိုင်လိုစိတ်တွေ ပြင်းပြခဲ့တယ်လို့ ကလော့ပ်က ယုံကြည်နေပါတယ်။

” ဘရိုက်တန်က ဘောလုံး ကောင်းကောင်း ကစားတဲ့ အသင်း ဖြစ်လို့ ခက်ခဲပါတယ်။ သူတို့ လိုင်းတွေကြားမှာ ကစားသမားတွေကို စနစ်တကျ နေရာချထားခဲ့တယ်။ ကစားသမား အများအပြား နေရာယူထားတာကြောင့် ခံစစ် ကစားရလည်း ခက်ခဲတယ်။ သူတို့ ဘောလုံး ပိုင်ဆိုင်မှု တော်တော်များများတောင် ရခဲ့လို့ ကျနေ်ာတို့ တော်တော် ကြိုးစား အားထုတ်ခဲ့ရတယ်။ အလုပ်များတဲ့ သီတင်းပတ် အပြီးမှာ ကျနော့် ကောင်လေးတွေ ကောင်းစွာ ပြင်ဆင်ပြီး အခုလို ကစားနိုင်တာ မြင်ရတာ ကျေနပ်ပါတယ်။

” အဲဒီနောက် ကျနေ်ာတို့ အယ်လစ်ဆန် အနီကတ် ပြခံခဲ့ရတယ်။ အေးခဲနေတဲ့ထဲ ရုတ်တရက် အက်ဒရီယန် ဝင်ကစားရတယ်။ လက်တွေတောင် အေးစက်နေတဲ့ကြား ချက်ချင်း ဝင်ရတာ ဖြစ်ပေမယ့် ကာကွယ်မှုကောင်း နှစ်ခု လုပ်သွားတယ်။ ကစားသမားတွေက ကွင်းထဲမှာ အစွမ်းကုန် အားထုတ် ကစားသွားခဲ့တာပါ။ သူတို့ ဘယ်လောက် နိုင်ချင်နေသလဲဆိုတာ မယုံနိုင်စရာပါပဲ။ ဒါကကို နိုင်ပွဲ အပေါ် ပို ထူးရှယ် ခံစားမှု ဖြစ်စေပါတယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။

ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်တော့ ကလော့ပ်က ဘရိုက်တန်ပွဲမှာ သွင်းဂိုးနှစ်ဂိုး သွင်းခဲ့တဲ့ ဗန်ဒိုက်ထက် အတ်ဒရီယန်ကိုပဲ ရွေးချယ်လိုတယ်လို့ ဆိုပါတယ်။ အတ်ဒရီယန်ဟာ သွေးပူလေ့ကျင့်ခန်းတောင် မလုပ်ခဲ့ရတဲ့ အနေအထားကနေ ကွင်းထဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး အေးခဲလွန်းတဲ့ အအေးဒဏ်အောက်မှာ ကာကွယ်မှုကောင်းတွေကို လုပ်ပြနိုင်ခဲ့သူဖြစ်ပါတယ်။

” ဗန်ဒိုက်က နှစ်ဂိုးသွင်း အကောင်းဆုံး ကစားသမား ဖြစ်ပါလိမ့်မယ်။ ကျနေ်ာ့ အတွက် ဒီပွဲ အကောင်းဆုံး ကစားသမားက အက်ဒရီယန်ပဲ။ ဒီလိုပွဲ ဒီလို အခြေအနေမှာ ချက်ချင်း ဝင်ကစားပေမယ့် ကာကွယ်မှု နှစ်ခု လုပ်သွားခဲ့တယ်။ အစပေး ဘော ပေးဖို့တောင် အေးခဲနေတဲ့ ခြေထောက်တွေနဲ့ ခက်ခဲလွန်းပါတယ်။ ဒီအခြေအနေအတွက် မပြင်ဆင်ထားခဲ့ရဘူး ဒါကြောင့် ဒီပွဲအပေါ် လုံး၀ ပျော်ရွှင် ကျေနပ်ပါတယ်။ ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဘရိုက္တန္နဲ႔ပြဲအတြက္ သူ႔ရဲ႕ ခံစားခ်က္ကို ပြဲအျပီး ေျပာဆိုခဲ့ျပီး ပြဲၾကပ္ေတြေၾကာင့္ ပင္ပန္းတဲ့ သီတင္းပတ္မွာ အသင္းသားေတြ အေကာင္းဆံုး လုပ္ႏုိင္ခဲ့ၾကတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ယာဂင္ကေလာ့ပ္က ” အဆံုးထိ စိတ္ပူေနခဲ့ရတာ မလိုအပ္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေန္ာတို႔ မယံုနိုင္စရာ အခြင့္ေကာင္းေတြ ရခဲ့တယ္.. သူတို႔ ဂိုးသမားက ကာကြယ္မႈေကာင္းေတြ လုပ္ခဲ့လို႔သာ။ ” လို႔ ေျပာတာပါ။

ဘရိုက္တန္ဟာ အေဝးကြင္းကို လာကစားရေပမယ့္ လီဗာပူးကို ခံကစားႏုိင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ပြဲအျပီး ယွဥ္ျပိဳင္ရတဲ့ အမွတ္ေပးပြဲျဖစ္သလို ၾကားရက္မွာ အဲဗာတန္နဲ႔ ဒါဘီပြဲလည္း ကစားရဖို႔ ရွိေနတာေၾကာင့္ လီဗာပူးရဲ႕ ျပင္ဆင္မႈနဲ႔ ကစားပံုက အျခားပြဲေတြနဲ႔ေတာ့ ကြာျခားေနတာပါ။ ဒါေပမယ့္ လီဗာပူးအသင္းသားေတြ ႏုိင္လိုစိတ္ေတြ ျပင္းျပခဲ့တယ္လို႔ ကေလာ့ပ္က ယံုၾကည္ေနပါတယ္။

” ဘရိုက္တန္က ေဘာလံုး ေကာင္းေကာင္း ကစားတဲ့ အသင္း ျဖစ္လို႔ ခက္ခဲပါတယ္။ သူတို႔ လိုင္းေတြၾကားမွာ ကစားသမားေတြကို စနစ္တက် ေနရာခ်ထားခဲ့တယ္။ ကစားသမား အမ်ားအျပား ေနရာယူထားတာေၾကာင့္ ခံစစ္ ကစားရလည္း ခက္ခဲတယ္။ သူတို႔ ေဘာလံုး ပိုင္ဆိုင္မႈ ေတာ္ေတာ္မ်ားမ်ားေတာင္ ရခဲ့လို႕ က်ေန္ာတို႔ ေတာ္ေတာ္ ၾကိဳးစား အားထုတ္ခဲ့ရတယ္။ အလုပ္မ်ားတဲ့ သီတင္းပတ္ အျပီးမွာ က်ေနာ့္ ေကာင္ေလးေတြ ေကာင္းစြာ ျပင္ဆင္ျပီး အခုလို ကစားနိုင္တာ ျမင္ရတာ ေက်နပ္ပါတယ္။

” အဲဒီေနာက္ က်ေန္ာတို႔ အယ္လစ္ဆန္ အနီကတ္ ျပခံခဲ့ရတယ္။ ေအးခဲေနတဲ့ထဲ ရုတ္တရက္ အက္ဒရီယန္ ၀င္ကစားရတယ္။ လက္ေတြေတာင္ ေအးစက္ေနတဲ့ၾကား ခ်က္ခ်င္း ၀င္ရတာ ျဖစ္ေပမယ့္ ကာကြယ္မႈေကာင္း နွစ္ခု လုပ္သြားတယ္။ ကစားသမားေတြက ကြင္းထဲမွာ အစြမ္းကုန္ အားထုတ္ ကစားသြားခဲ့တာပါ။ သူတို႔ ဘယ္ေလာက္ နိုင္ခ်င္ေနသလဲဆိုတာ မယံုနုိင္စရာပါပဲ။ ဒါကကို နုိင္ပြဲ အေပၚ ပို ထူးရွယ္ ခံစားမႈ ျဖစ္ေစပါတယ္။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားအျဖစ္ေတာ့ ကေလာ့ပ္က ဘရိုက္တန္ပြဲမွာ သြင္းဂိုးႏွစ္ဂိုး သြင္းခဲ့တဲ့ ဗန္ဒိုက္ထက္ အတ္ဒရီယန္ကိုပဲ ေရြးခ်ယ္လိုတယ္လို႔ ဆိုပါတယ္။ အတ္ဒရီယန္ဟာ ေသြးပူေလ့က်င့့္ခန္းေတာင္ မလုပ္ခဲ့ရတဲ့ အေနအထားကေန ကြင္းထဲ ဝင္ေရာက္ခဲ့တာျဖစ္ျပီး ေအးခဲလြန္းတဲ့ အေအးဒဏ္ေအာက္မွာ ကာကြယ္မႈေကာင္းေတြကို လုပ္ျပႏုိင္ခဲ့သူျဖစ္ပါတယ္။

” ဗန္ဒိုက္က နွစ္ဂိုးသြင္း အေကာင္းဆံုး ကစားသမား ျဖစ္ပါလိမ့္မယ္။ က်ေန္ာ့ အတြက္ ဒီပြဲ အေကာင္းဆံုး ကစားသမားက အက္ဒရီယန္ပဲ။ ဒီလိုပဲြ ဒီလို အေျခအေနမွာ ခ်က္ခ်င္း ၀င္ကစားေပမယ့္ ကာကြယ္မႈ နွစ္ခု လုပ္သြားခဲ့တယ္။ အစေပး ေဘာ ေပးဖို႔ေတာင္ ေအးခဲေနတဲ့ ေျခေထာက္ေတြနဲ႕ ခက္ခဲလြန္းပါတယ္။ ဒီအေျခအေနအတြက္ မျပင္ဆင္ထားခဲ့ရဘူး ဒါေၾကာင့္ ဒီပြဲအေပၚ လံုး၀ ေပ်ာ္ရႊင္ ေက်နပ္ပါတယ္။ ” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။