Date

November 1, 2020

ဝက်ဟမ်းနဲ့ပွဲမှ အကောင်းဆုံး ကစားသမား နှစ်ဦးကို ပွဲအပြီးမှာ ချီးကျူးသွားတဲ့ ယာဂင်

လီဗာပူးက ဝက်ဟမ်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ မန်နေဂျာကလော့ပ်က နက်ဖီးလစ်နဲ့ အနိုင်ဂိုးရှင် ဂျိုတာတို့ကို ချီးကျူးခဲ့တယ်။ မန်နေဂျာက ချန်ပီယံလိဂ်လူစာရင်းမှာ မပါတဲ့ နက်ဖီးလစ်ကို ပထမဆုံး ပရီးမီးယားလိဂ် ပွဲထုတ်မှုအဖြစ် နေရာပေးခဲ့တယ်။ နက်ဖီးလစ်ရဲ့ အမြင့်ဘော အောင်နိုင်စွမ်းက အထင်ကြီးစရာ ဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာ သူ့ရဲ့ လုပ်ပြနိုင်စွမ်းတွေက ရိုင်းစ်ကို သတိပေးမှု ဖြစ်လာစေခဲ့ပါတယ်။ ယာဂင်ကလော့ပ်က ” ဖီးလစ်က သိပ်ကောင်းတဲ့ ငနဲပါ။ စမတ်ကျတဲ့ ငနဲ့ပေါ့ကွာ။ ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိပါတယ်၊ အားလုံးမှာလည်း… Continue Reading →

တစ်ပွဲ ၁ ဂိုး ဂျိုတာရဲ့ သွင်းဂိုးနဲ့ ဝက်ဟမ်းကို အနိုင်ယူကာ ထိပ်ဆုံးကို ရောက်လာတဲ့ လီဗာပူး

အန်ဖီးကွင်းမှာ ဝက်ဟမ်းကို ဆာလက်ရဲ့ ပင်နယ်တီ၊ ဂျိုတာရဲ့ လှပတဲ့ သွင်းဂိုးတို့ဖြင့် အနိုင်ယူပြီးနောက် လီဗာပူးဟာ အမှတ်ပေးဇယားကို လွဲပြောင်း ဦးဆောင်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးဟာ ပွဲဆက်တွေကို ဆက်တိုက် ယှဉ်ပြိုင်နေရပေမယ့် ဝက်ဟမ်းကတော့ တစ်ပတ်လုံး အေးအေးဆေးဆေး အနေအထားနဲ့ ယှဉ်ပြိုင်လာတယ်ဆိုတာကို ကနဦး ပြောလိုပါတယ်။ ချန်ပီယံလိဂ် လူစာရင်းမှာ မထည့်နိုင်ခဲ့ဘဲ ပရီးမီးယားလိဂ် လူစာရင်းမှာ ပါဝင်နေတဲ့ နက်ဖီးလစ်အပြင် လူငယ်ကွင်းလယ်လူ ကာတစ်ဂျုံးတို့ကို ထည့်သုံးပြီး အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထုတ်လာခဲ့တယ်။ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!