Month

February 2021

သီယာဂိုနဲ့ ပက်သက်ပြီး ခပ်ကြမ်းကြမ်း တုန့်ပြန်မှု ပြုလုပ်သွားတဲ့ ယာဂင်ကလော့ပ်

လီဗာပူးက နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပြီး ဒါဟာ ကွင်းလယ်မှာ ပါဝင်လာတဲ့ သီယာဂိုကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေက ထွက်ပေါ်လာနေပါတယ်။ အဲဗာတန်ကို အရေးနိမ့်အပြီးမှာ မန်နေဂျာကလော့ပ်က စွပ်စွဲချက်တွေက အဓိပ္ပာယ်မရှိကြောင်းနဲ့ တစ်သင်းလုံး ပြဿနာတွေ များနေချိန်မှာ နယ်မြေသစ်မှာ အထိုင်မကျသေးတဲ့ ကစားသမား တစ်ဦးကို ဝေဖန်မှုတွေဖြင့် ဖိအားပေးလာတာက မမျှတဘူးလို့ မန်နေဂျာက တုန့်ပြန်ခဲ့တယ်။ ယာဂင်ကလော့ပ်က ” သူက အသင်းကို နောက်ကျပြီးမှ ရောက်လာတာပါ။ ဒါက အပြောင်းအရွှေ့တေါရဲ့ ထုံးစံပါပဲ။ နောက်ပြီး ကိုဗစ်ဖြစ်ခဲ့သလို ဒဏ်ရာလည်း… Continue Reading →

အဲဗာတန်ရဲ့ ပင်နယ်တီအပေါ် ငြင်းခုန်ခဲ့ကြတဲ့ အိုဝင်၊ ကာရေဂါ အပါ နှစ်သင်း ကစားသမားဟောင်းများ

လီဗာပူးနဲ့ အဲဗာတန်ပွဲမှာ အဲဗာတန်ရဲ့ ဒုတိယဂိုးဟာ ပင်နယ်တီ ဧရိယာအတွင်း လဲကျနေတဲ့ ထရန့်က သူ့ကို ကျော်ဖြတ်ပြေးဖို့ ကြံရွယ်နေတဲ့ လီဝင်ကို လဲကျအောင် ဟန့်တားခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ် သက်မှတ်ခဲ့ခြင်းပါ။ ပွဲအပြီးမှာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အဆိုပါ ကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သလို ကစားသမားဟောင်းတွေရဲ့ ဆွေးနွေးဝိုင်းမှာလည်း ပင်နယ်တီကိစ္စက အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။ အဲဗာတန် ကစားသမားဟောင်း ကီယွန်က “ ကျနော်ကတော့ ပင်နယ်တီလို့ မြင်ပါတယ်။ သေချာကြည့်ရင် ပင်နယ်တီဆိုတာ မြင်ရမှာပါ။ ထရန့်က… Continue Reading →

လီဗာပူးပရိသတ်တွေရဲ့ အချစ်တော်အဖြစ်မှ အစားထိုးဖို့ တောင်းဆိုခံရသူ ဖြစ်လာတဲ့ တိုက်စစ်မှူး

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ မာဆေးဆိုဒ်ဒါဘီမှာတော့ လီဗာပူးက အဲဗာတန်ကို ၂-၀ ဖြင့် အရေးနိမ့်ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာ ဒါဘီပြိုင်ဘက်ကို ပထမဆုံးအကြိမ် အရေးနိမ့်ခြင်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၄ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလေးအနက်ကို ခြိမ်းခြောက်ခံလာရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်း မတည်ငြိမ်သလို ကွင်းလယ်က ဖန်တီးမှုမရှိတဲ့အပြင် တိုက်စစ်ကလည်း ဂိုးမသွင်းနိုင်ပါဘူး။ အဲဗာတန်ကို အရေးနိမ့်အပြီး ဝမ်းနည်းစရာ စစ်တမ်းတစ်ခုကတော့ လာမယ့်နွေမှာ ဖာမင်နိုနေရာ… Continue Reading →

လီဗာပူး V အဲဗာတန် ပွဲအတွက် ကလော့ပ် ထုတ်သုံးနိုင်တဲ့ ပွဲထွက် လူစာရင်း ခန့်မှန်း

အင်္ဂလန်ဘောလုံးလောကရဲ့ အပြင်းထန်ဆုံးသော ဒါဘီပွဲတွေထဲက တစ်ခုဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီဟာ အကြိမ် ၂၃၈ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ဒီကနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးဘက်က ဂျိုတာ၊ ဖာဘင်ညို၊ မီလ်နာတို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် ကိတ်တာကတော့ ရွေးချယ်လို့ ရနေမှာဖြစ်တယ်။ ဂျိုတာ၊ ဖာဘင်ညိုတို့ ပြန်ကစားနိုင်ဖို့အတွက်တော့ နီးစပ်နေပြီး အက်ဆာ လေ့ကျင့်ရေးမှာ တစ်ဦးချင်းအလိုက် ပြန်လုပ်နေတာကိုလည်း မြင်ထားရပြီဖြစ်ပါတယ်။ အဲဗာတန်ပွဲအတွက် ကလော့ပ် ရွေးချယ်နိုင်တဲ့ အကောင်းဆုံး လူစာရင်းကတော့ ပီအက်စ်ဂျီပွဲတုန်းက… Continue Reading →

လီဗာပူးရဲ့ ရည်ရွယ်ချက်က မန်စီးတီးကို မှီအောင် ဘယ်လိုလုပ်ရမယ် မဟုတ်ဘူးဆိုတဲ့ ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က သူ့ရဲ့ ရည်ရွယ်ချက်ဟာ မန်စီးတီးကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာမျိုး မဟုတ်ဘဲ အကောင်းဆုံး လီဗာပူးဗားရှင်းကို ဘယ်လိုပြသမလဲ ဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။ ဒီရာသီမှာ နှစ်သင်းက ရမှတ် ၁၆ မှတ်ထိ ကွာဟနေပေမယ့် ကလော့ပ်ကတော့ ဂွာဒီယိုလာ ပြောတဲ့ ပုံမှန်ရာသီဆိုရင် နှစ်သင်းက ဒီလောက် မကွာနိုင်ဘူးဆိုတဲ့ အချက်ကို သဘောတူပါတယ်။ ဒဏ်ရာပြဿနာတွေမှာ ကံကောင်းဖို့လည်း လိုတယ်လို့ သူက ဆိုခဲ့ပြီး ရာသီကုန်ရင် အဆင့် ဘယ်လောက်ထိကို မြင့်မြင့်မားမား ရောက်နိုင်မလဲကိုပဲ ဦးတည်မယ်လို့လည်း ပြောပါသေးတယ်။ ကလော့ပ်က… Continue Reading →

လီဗာပူး V အဲဗာတန်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အဖြစ် လီဗာပူးနဲ့ အဲဗာတန်တို့ဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြပြီဖြစ်ပါတယ်။ ပထမအကျော့တုန်းက ပရီးမီးယားလိဂ်ကို တုန့်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ အားလုံးကို စောင့်ကြည့်မှုတွေ မလွတ်ဖို့ အကြောင်းရင်း ဖြစ်လာစေမှာပါ။ ဒီပွဲမှာတော့ ပထမအကျော့တုန်းလို မဟုတ်ဘဲ ဒိုင်လူကြီးတွေကလည်း အမှားမခံဘဲ သေချာ ကိုင်တွယ်လာဖို့ ရှိပါတယ်။ အိုဝင်က ” အန်ဖီးမှာ အဲဗာတန်ကို ရင်ဆိုင်တဲ့ နောက်ဆုံးသော မာဆေးဆိုဒ်ဒါဘီပွဲ ၂၄ ပွဲမှာ လီဗာပူးက လုံးဝ အရေးနိမ့်ထားခြင်း… Continue Reading →

လီဗာပူးပရိသတ်ဖြစ်ကြောင်းနဲ့ ဆွာရက်စ်က သူ့ဟီးရိုးပါဆိုတဲ့ ဆဲလ်ဘတ် ထိပ်တန်း တိုက်စစ်သမား

ဆဲလ်ဘတ်အသင်း တိုက်စစ်သမား ဒေကာက သူ့ရဲ့ ငယ်ဘဝ ဟီးရိုးက ဆွာရက်စ်ဖြစ်ကြောင်းနဲ့ သူက လီဗာပူးပရိသတ် တစ်ဦးပါလို့ ထုတ်ပြောလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေက လီဗာပူးကို ပြောင်းလာမယ်လို့ သတင်းကြီးခဲ့တဲ့ ဒေကာဟာ အခုချိန်ထိလည်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေဆဲပါ။ မနှစ်ကရာသီမှာ သွင်းဂိုး ၂၅ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်သမားက ဒီရာသီမှာ ပွဲပေါင်း ၂၀ ကစားပြီး သွင်းဂိုး ၁၅ ဂိုးထိ ရယူထားခဲ့ပြီဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဆမ်ဘီယာလက်ရွေးစင်… Continue Reading →

ကိတ်တာ၊ ဖာဘင်ညို၊ အယ်လီဆန်၊ ဂျိုတာတို့ရဲ့ အခြေအနေကို အတည်ပြုပေးတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ အဲဗာတန်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ သံသယဝင်စရာ အနေအထားတွေ ရှိနေတဲ့ ကိတ်တာ၊ ဖာဘင်ညို၊ အယ်လီဆန်တို့ရဲ့ အခြေအနေကို အတည်ပြု ပေးမှုတွေ လုပ်လာခဲ့ပါပြီ။ သတင်းကောင်းကတော့ အယ်လီဆန်နဲ့ ကိတ်တာတို့ အခြေအနေ ကောင်းမွန်နေတယ်လို့ သိရတယ်။ ဖာဘင်ညိုကတော့ ပါဝင်နိုင်ဦးမှာ မဟုတ်သလို မီလ်နာနဲ့ ဂျိုတာတို့လည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး ဒါပေမယ့် သူတို့လည်း ပြန်ကစားနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ကလော့ပ်က ” အယ်လီဆန် အခြေအနေ ကောင်းပါတယ်။ သူ့ရဲ့ အာရုံစူးစိုက်မှုနဲ့ ခံယူချက်အပေါ်… Continue Reading →

ကိတ်တာ သတင်းကောင်းနဲ့ ဒါဘီပွဲကို လွဲချော်သွားဖွယ်ရှိလာတဲ့ ဖာဘင်ညိုနဲ့ အယ်လီဆန်

စနေနေ့မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာဖြစ်ကာ ချန်ပီယံလိဂ်မှာ တုန့်ပြန်ထားနိုင်မှုကို ဆက်ပြီး ရှေ့ဆက်နိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ဂူဒီဆင်မှာ ဗန်ဒိုက် ဒဏ်ရာရခဲ့တာက လီဗာပူးရဲ့ ဘောလုံးရာသီ တစ်ခုလုံးကို သက်ရောက်မှု ကြီးမားခဲ့တယ်။ ဖာဘင်ညိုက အဆိုပါနေရာကို အားဖြည့်ကစားခဲ့ရပြီး သူဟာ ဂိုးမက်စ်၊ မာတစ်တို့နဲ့အပြင် ဟန်ဒါဆန်၊ ဝီလီယမ်တို့နဲ့ပါ ခံစစ်မှာ တွဲဘက်ကစားခဲ့ရပါတယ်။ ဒါဘီပွဲကြို နောက်ဆုံး လေ့ကျင့်ရေးတွေထဲက တစ်ခုအဖြစ် ဒီမနက်မှာ ပြုလုပ်တဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ဖာဘင်ညို မပါနိုင်ခဲ့ပါဘူး။ ဒီကနေ့ညပိုင်းမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!