Month

February 2021

ဟီးရိုးအဖြစ်မှ ဇီးရိုးအဖြစ် ယိုးစွပ်ခံလာရတဲ့ ဖာမင်နိုအတွက် မာနေး ကာကွယ်ပြောဆို

လီဗာပူးရဲ့ သုံးယောက်တန်း တိုက်စစ်တွဲလုံးထဲက တွဲဘက်ဖြစ်တဲ့ ဘော်ဘီနဲ့ ပက်သက်ပြီး မာနေးက ကာကွယ်ပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်သမားဟာ လီဗာပူးတိုက်စစ်ကို ဦးဆောင်သူဖြစ်ပြီး ဒီရာသီမှာတော့ သူ့ရဲ့ ပံ့ပိုးနိုင်စွမ်းနဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ များနေခြင်းအတွက် ဝေဖန်ခံရမှုတွေ ရှိနေတာပါ။ အထူးသဖြင့် ဒီရာသီမှာ ဂိုးပေါက်ပျောက်မှု ပြဿနာက ပိုကြီးထွားလာတဲ့နောက် သူ့နေရာမှာ အစားထိုးမှုတွေလုပ်ဖို့ ကြံဆောင်သင့်ပြီဆိုတဲ့ တိုက်တွန်းမှုတွေပါ ရှိနေတာဖြစ်တယ်။ ၂၀၁၆ ခုနှစ်တည်းက တွဲဘက် ကစားလာခဲ့တဲ့ အသင်းဖော် တိုက်စစ်သမားဟာ လက်ရှိထက်ပိုတဲ့ လေးစားမှုတွေ ရသင့်သူဖြစ်ပြီး သူက… Continue Reading →

ဆွာရက်စ်၊ တောရက်စ်နဲ့ တိုက်စစ်မှူး ဆာလာကြား လီဗာပူးပရိသတ်တွေရဲ့ ခွဲခြားမှုကို ခရော့ ပြော

လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့က ဘောလုံးအသိုင်းအဝိုင်းနဲ့ လီဗာပူးပရိသတ်တွေဟာ ဆာလာအပေါ် လေးစားမှုတွေ ပိုမိုပေးသင့်တယ်ဆိုတဲ့ သူ့ရဲ့အမြင်ကို ဒေးလီးမေလ်းကနေ ဖော်ထုတ် ရေးသားခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်အောင် ကြိုးစားပေးမှုမှာ အဓိကကျခဲ့တဲ့ ဆာလာဟာ ပရိသတ်တွေရဲ့ လေးစားမှုတွေကို သိပ်မရသူတစ်ဦးဖြစ်တယ်။ နှိုင်းယှဉ်မှုတစ်ခုကို လုပ်ပြရမယ်ဆိုရင် တောရက်စ်၊ ဆွာရက်စ်တုန်းကဆိုရင် အသင်းပရိသတ်တွေက ဟီးရိုးတွေအဖြစ် လွန်လွန်ကျူးကျူးကို ပစာပေးသလောက် ဆာလာကတော့ သွင်းဂိုး အနည်းငယ် ပျောက်ဆုံးရင်ကို ဝေဖန်မှုတွေ… Continue Reading →

လီဗာပူးနဲ့ သတင်းတွေထွက်နေတဲ့အပေါ် တုန့်ပြန်ပေးလာတဲ့ မိုချန်ဂလာဘတ် ကွင်းလယ်လူ

ဘွန်ဒက်လီဂါကလပ် ဘော်ရပ်ရှား မိုချန်ဂလာဘတ်အတွက် ကစားပေးနေတဲ့ ဂျာမာန်သား ကွင်းလယ်လူ Florian Neuhaus က လီဗာပူးနဲ့ သတင်းတွေ ထွက်နေမှုအပေါ် တုန့်ပြန်မှု လုပ်လာပါတယ်။ ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ ရှာဖွေနေတဲ့ လီဗာပူးက ဂျာမနီမှာ တောက်ပလာနေတဲ့ ၂၃ နှစ်သား ကစားသမားလေးကို ခေါ်ယူလိုနေကြောင်း ဂျာမာန်သတင်းဌာနတွေက ထုတ်ဖော် ရေးသားလာတာပါ။ ကစားသမားကတော့ ဒီအခြေအနေမှာ ဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပါဘူးလို့ ငြင်းဆန်သွားခဲ့တယ်။ ဂျာမာန်သတင်းတွေအရတော့ သူဟာ ဂျာမနီကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ် ရှိနေသေးတာဖြစ်ကာ စာချုပ်ထဲမှာတော့… Continue Reading →

ဗန်ဒိုက် မပါလို့ ဆင်ခြေနဲ့ အရှူံးတွေမှာ မျောလိုက်နေတဲ့ လီဗာပူးကို ကာရေဂါ ပြင်းထန်စွာ ဝေဖန်

လီဗာပူးကစားသမားဟောင်း ကာရေဂါက ဗန်ဒိုက် ဒဏ်ရာရနေလို့ဆိုတဲ့ ဆင်ခြေတွေနဲ့ မြောလိုက်နေတဲ့ အသင်းဟောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆက်တိုက် ကျဆင်းနေတာဖြစ်ပြီး ဒါဟာ ခံစစ်က ဗန်ဒိုက် မပါနိုင်တာကြောင့် မဟုတ်ဘူးဆိုတာ မြင်သာလာခဲ့တယ်။ မာဆေးဆိုဒ်ဒါဘီပွဲမှာ လီဗာပူးထုတ်ခဲ့တဲ့ လူစာရင်းမှာဆိုရင် ချန်ပီယံလိဂ်ဖလား အနိုင်ရအသင်းမှ အသင်းသားတွေ ၉ ဦးလောက်ထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကာရေဂါက ” ဗန်ဒိုက်အကြောင်း ပြောနေရတာကို ကျနော် စိတ်ကုန်နေပါပြီ။ ဒီတစ်လျှောက်လုံးမှာ ဒီကိစ္စကိုပဲ ကျနော်တို ဇောင်းတင် ပြောလာနေကြတာဖြစ်တယ်။… Continue Reading →

စိတ်ပျက်ဖွယ် ကောင်းခဲ့တဲ့ ဒါဘီပွဲမှ အကောင်းမြင်စရာ လီဗာပူးအသင်းသား နှစ်ဦးကို မာဖီ ရွေးထုတ်

လီဗာပူးကစားသမားဟောင်း မာဖီက ၁၉၉၉ ခုနှစ်နောက်ပိုင်း အန်ဖီးမှာ အဲဗာတန်ကို ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့မှုကို အတော်လေး စိတ်ပျက်နေပါတယ်။ ဒါပေမယ့်လို့ စိတ်ပျက်စရာတွေထဲကမှ ရွေးချယ်လို့ရမယ့် အကောင်းမြင်စရာ ကစားသမား နှစ်ဦးကို သူ ရွေးထုတ်ပြခဲ့တယ်။ မာဖီကတော့ တိုက်စစ်မှာ သူ့ရဲ့ ပုံစံအတိုင်း တိုးအားကောင်းကောင်း ကစားခဲ့တဲ့ မာနေးနဲ့ ညာအစွန်ကနေ ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ ထရန့်တို့ နှစ်ဦးဟာ အသင်းအတွက် အကောင်းဆုံးတွေ ပြန်လည်ပြသနိုင်မယ့်သူ နှစ်ဦးလို့ မြင်ပါတယ်။ မာဖီက “ မာနေးက နေရာတိုင်းမှာ ကစားခဲ့ကာ… Continue Reading →

ပဲလေစ့်နဲ့ အမှတ်ပေးပွဲမှာ အန်ဖီးကွင်းထဲ လီဗာပူးပရိသတ် ၁၀၀၀၀ ကို ဝင်ခွင့်ပေးနိုင်မည်

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဆုံးသတ်ဟာ ကွင်းပိတ်ပွဲအဖြစ် ပြီးဆုံးမှာ မဟုတ်ဘဲ ဘောလုံးကွင်းတွေထဲ ပရိသတ်တွေ ပြန်လည် ဝင်ရောက်ခွင့်တွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပရိသတ် ၂၀၀၀ စတင်ပြန်ဝင်ခွင့်ရခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အသွင်အပြောင်း ဗိုင်းရပ်စ်ကြောင့် ဝင်ခွင့် ပြန်ပိတ်သွားခဲ့တာပါ။ ဒါပေမယ့် ရာသီသိမ်းပွဲ ကစားမယ့် မေလ ၁၇ ရက်နေ့မှာတော့ ပရိသတ်ဝင်ခွင့်ကို ၁၀၀၀၀ ထိ တိုးမြင့် ဝင်ရောက်စေဖို့ သေချာခဲ့ပါပြီ။ ဗြိတိန်အစိုးရက တနင်္လာနေ့ ကိုဗစ်ဆိုင်ရာ တားမြစ်ချက်တွေကို ထုတ်ပြန်ရာမှာ အဆိုပါကိစ္စ… Continue Reading →

၅ နှစ်အတွင်း လီဗာပူးမန်နေဂျာရာထူးကို တာဝန်မယူသေးဖို့ စတီဗင်ဂျရတ်ကို တိုက်တွန်း

ဥရောပလိဂ်တွေမှာ လာမယ့်ရာသီ ချန်ပီယံလိဂ် တစ်နေရာစာအတွက် ခြေစစ်ပွဲကနေ ဝင်ဖို့ သေချာခဲ့တဲ့ ပထမဆုံး ကလပ်က စကော်တလန်ကလပ် ရိန်းဂျားအသင်းဖြစ်ပါတယ်။ ရိန်းဂျားအသင်းဟာ မန်နေဂျာစတီဗင်ဂျရတ်ရဲ့ ဦးဆောင်မှုဖြင့် အစွမ်းကုန် တောက်ပနေတဲ့ အသင်းဖြစ်ကာ ပြည်တွင်းတင်မက ဥရောပပြိုင်ပွဲမှာပါ အခြေအနေ ကောင်းနေပါတယ်။ ရမှတ် အနည်းငယ် ဆက်ယူနိုင်ရင်ကိုပဲ ရိန်းဂျားအသင်းက ပြည်တွင်းအမှတ်ပေးလိဂ်ကို အနိုင်ရမှာဖြစ်ကာ လာမယ့်ရာသီမှာ ခြေစွာလွန်းတဲ့ ရိန်းဂျားကို ချန်ပီယံလိဂ်မှာ မြင်ရဖို့ အားလုံးက စိတ်လှုပ်ရှားနေမှာပါ။ ရိန်းဂျားခံစစ်သမားဟောင်း ရစ်ချက်က သူ့အသင်းရဲ့ တောက်ပနေမှုကို အတော်လေး ကျေနပ်နေသလို… Continue Reading →

မျှော်နေသူတွေ ပြန်လာပြီဖြစ်တဲ့ ဒီကနေ့ လီဗာပူးအသင်းရဲ့ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်

ဒီကနေ့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ မီလ်နာ၊ ဖာဘင်ညိုတို့ ပြန်လည် ပါဝင်သွားခဲ့ကြပြီဖြစ်ပါတယ်။ သတင်းကောင်းအားဖြင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသင်းတိုက်စစ်သမား ဂျိုတာ အသင်းလိုက် လေ့ကျင့်ရေး ပြန်ပါဖို့ ရက်သက်မှတ်ခဲ့ပြီဖြစ်တယ်။ ဂျိုတာဟာ လက်တလောမှာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြုလုပ်နေဆဲဖြစ်တယ်။ သူရဲ့ အခြေအနေက အားရဖို့ ကောင်းခြင်းကြောင့် အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်ထည့်ဖို့ ဆေးအဖွဲ့က မီးစိမ်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ရင် ဂျိုတာအနေနဲ့ ဒီဇင်ဘာလ ၉… Continue Reading →

တိုက်စစ်မှူးသစ် ခေါ်ကို ခေါ်ရမယ့် အချိန် ရောက်လာပြီဖြစ်ကြောင်း လီဗာပူးအသင်းအား တိုက်တွန်းမှု

ဒီရာသီမှာ တိုက်စစ်ပိုင်း ပါဝင်ပေးနိုင်စွမ်းမှာ အတော်လေး ရုန်းကန်ခဲ့ရတဲ့ ဖာမင်နိုရဲ့ နေရာကို အစားထိုးမှု စတင်ဖို့ တိုက်တွန်းတွေက အရှိန်မြင့်လာခဲ့ပါပြီ။ မာဆေးဆိုဒ်ဒါဘီပွဲအပြီး ပရိသတ်တွေနဲ့ ဖန်းဆိုဒ်တွေက စတင် မှတ်ချက်ပေးလာခဲ့ခြင်းဖြစ်ကာ ဒီကနေ့မှာတော့ သြဇာရှိ လီဗာပူးသတင်းထောက်ဖြစ်သူ ဂျိမ်းပီရက်ဇ် ကိုယ်တိုင်ကလည်း The Athletic သတင်းဌာနကနေ တိုက်စစ်မှူးသစ်အတွက် စတင် ရှာဖွေဖို့ တိုက်တွန်းသွားခဲ့တယ်။ ဂျိမ်းပီရက်ဇ်ဟာ လီဗာပူးအသင်း တာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသလို ပရိတ်သတ်တွေ ယုံကြည်ကိုးစားရတဲ့ သတင်းထောက်တစ်ဦးဖြစ်တယ်။ သူကိုယ်တိုင်က လီဗာပူးဟာ တိုက်စစ်မှူးသစ် စတင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!