ဥရောပလိဂ်တွေမှာ လာမယ့်ရာသီ ချန်ပီယံလိဂ် တစ်နေရာစာအတွက် ခြေစစ်ပွဲကနေ ဝင်ဖို့ သေချာခဲ့တဲ့ ပထမဆုံး ကလပ်က စကော်တလန်ကလပ် ရိန်းဂျားအသင်းဖြစ်ပါတယ်။

ရိန်းဂျားအသင်းဟာ မန်နေဂျာစတီဗင်ဂျရတ်ရဲ့ ဦးဆောင်မှုဖြင့် အစွမ်းကုန် တောက်ပနေတဲ့ အသင်းဖြစ်ကာ ပြည်တွင်းတင်မက ဥရောပပြိုင်ပွဲမှာပါ အခြေအနေ ကောင်းနေပါတယ်။ ရမှတ် အနည်းငယ် ဆက်ယူနိုင်ရင်ကိုပဲ ရိန်းဂျားအသင်းက ပြည်တွင်းအမှတ်ပေးလိဂ်ကို အနိုင်ရမှာဖြစ်ကာ လာမယ့်ရာသီမှာ ခြေစွာလွန်းတဲ့ ရိန်းဂျားကို ချန်ပီယံလိဂ်မှာ မြင်ရဖို့ အားလုံးက စိတ်လှုပ်ရှားနေမှာပါ။

ရိန်းဂျားခံစစ်သမားဟောင်း ရစ်ချက်က သူ့အသင်းရဲ့ တောက်ပနေမှုကို အတော်လေး ကျေနပ်နေသလို စတီဗင်ဂျရတ်ကိုလည်း အထင်ကြီးနေတယ်။ သူကတော့ စတီဗင်အနေနဲ့ သူ့ အဆင်ပြေနေတဲ့ ရိန်းဂျားမှာပဲ ဆက်လက် တာဝန်ယူပေးပြီး မန်နေဂျာဘဝကို သင်ယူမှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းသွားပါတယ်။

ရစ်ချက်က ” စတီဗင်နဲ့ ပက်သက်ပြီး ကျနော် အတော်လေး အထင်ကြီးပါတယ်။ ဒီရာသီက သူ့ရဲ့ မန်နေဂျာဘဝ တတိယမြောက် ဘောလုံးရာသီဖြစ်ပါတယ်။ သူကလည်း အကောင်းဆုံး လုပ်ထားနိုင်ပါတယ်။ ရိန်းဂျားအသင်း ဥရောပမှာ ဒီလို အကောင်းဆုံးတွေ လုပ်လာနိုင်တာကို ကျနော် မယုံနိုင်လောက်အောင်ပါပဲ။

မမေ့ပါနဲ့ သူ့မှာရှိတဲ့ ကစားသမားတွေနဲ့ ဒီအခြေအနေမှာ စတီဗင်ဂျရတ် လုပ်ပြထားနိုင်တာက မယုံနိုင်လောက်အောင်ပါ။ ရိန်းဂျားအသင်းဟာ ချန်ပီယံရှစ်ကလပ်လောက်နဲ့ နှိုင်းယှဉ်ခံရမှုတွေ ရှိနေတယ်။ ဒါပေမယ့်လို့ ပရိသတ် ၅၅၀၀၀ ရဲ့ အားပေးမှု မပါဘဲ သူတို့ ဥရောပမှာ နောက်ဆုံး ၁၆ သင်းအဆင့်ထိတောင် ကျော်ဖြတ်သွားနိုင်ချေရှိတာက အံ့သြနိုင်စရာပါပဲ။

လမ်းမတွေပေါ်မှာ ထွက်ပေါ်နေတဲ့ အသံအရတော့ တစ်ရက်မှာ စတီဗင်ဂျရတ်ဟာ လီဗာပူးကို ပြန်သွားပြီး နည်းပြပါလိမ့်မယ်။ ဒါပေမယ့် လာမယ့် ၅ နှစ်အတွင်း သူ လီဗာပူးအသင်းကို မကိုင်သေးဖို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ သူက သိပ်ငယ်သေးတဲ့ လူငယ်တစ်ယောက် ဖြစ်နေလို့ပါ။

စတီဗင်ဂျရတ်ဟာ ရိန်းဂျားအသင်းကို ပရော်ဖက်ရှင်နယ်ဆန်မှုတွေ ယူဆောင်ပေးလာခဲ့သူ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

စတီဗင်ဟာ ရိန်းဂျားအသင်းနဲ့ ၂၀၂၄ ခုနှစ်ထိပဲ စာချုပ်ရှိသူဖြစ်ပြီး သူဟာ အဆိုပါ စာချုပ်အပြီးမှာ ကာလတူ အနေအထားမှာပဲ လီဗာပူးနဲ့ သက်တမ်းကုန်မယ့် ကလော့ပ်နေရာ အစားဝင်လာလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ZAWGYI

ဥေရာပလိဂ္ေတြမွာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ တစ္ေနရာစာအတြက္ ေျခစစ္ပြဲကေန ဝင္ဖို႔ ေသခ်ာခဲ့တဲ့ ပထမဆံုး ကလပ္က စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းျဖစ္ပါတယ္။

ရိန္းဂ်ားအသင္းဟာ မန္ေနဂ်ာစတီဗင္ဂ်ရတ္ရဲ႕ ဦးေဆာင္မႈျဖင့္ အစြမ္းကုန္ ေတာက္ပေနတဲ့ အသင္းျဖစ္ကာ ျပည္တြင္းတင္မက ဥေရာပျပိဳင္ပြဲမွာပါ အေျခအေန ေကာင္းေနပါတယ္။ ရမွတ္ အနည္းငယ္ ဆက္ယူႏိုင္ရင္ကိုပဲ ရိန္းဂ်ားအသင္းက ျပည္တြင္းအမွတ္ေပးလိဂ္ကို အႏုိင္ရမွာျဖစ္ကာ လာမယ့္ရာသီမွာ ေျခစြာလြန္းတ့ဲ ရိန္းဂ်ားကို ခ်န္ပီယံလိဂ္မွာ ျမင္ရဖို႔ အားလုံးက စိတ္လႈပ္ရွားေနမွာပါ။

ရိန္းဂ်ားခံစစ္သမားေဟာင္း ရစ္ခ်က္က သူ႔အသင္းရဲ႕ ေတာက္ပေနမႈကို အေတာ္ေလး ေက်နပ္ေနသလို စတီဗင္ဂ်ရတ္ကိုလည္း အထင္ၾကီးေနတယ္။ သူကေတာ့ စတီဗင္အေနနဲ႔ သူ႔ အဆင္ေျပေနတဲ့ ရိန္းဂ်ားမွာပဲ ဆက္လက္ တာဝန္ယူေပးျပီး မန္ေနဂ်ာဘဝကို သင္ယူမႈေတြ ဆက္လုပ္ဖို႔ တိုက္တြန္းသြားပါတယ္။

ရစ္ခ်က္က ” စတီဗင္နဲ႔ ပက္သက္ျပီး က်ေနာ္ အေတာ္ေလး အထင္ၾကီးပါတယ္။ ဒီရာသီက သူ႔ရဲ႕ မန္ေနဂ်ာဘဝ တတိယေျမာက္ ေဘာလံုးရာသီျဖစ္ပါတယ္။ သူကလည္း အေကာင္းဆံုး လုပ္ထားႏုိင္ပါတယ္။ ရိန္းဂ်ားအသင္း ဥေရာပမွာ ဒီလို အေကာင္းဆံုးေတြ လုပ္လာႏုိင္တာကို က်ေနာ္ မယံုႏုိင္ေလာက္ေအာင္ပါပဲ။

မေမ့ပါနဲ႔ သူ႔မွာရွိတဲ့ ကစားသမားေတြနဲ႔ ဒီအေျခအေနမွာ စတီဗင္ဂ်ရတ္ လုပ္ျပထားႏုိင္တာက မယံုႏုိင္ေလာက္ေအာင္ပါ။ ရိန္းဂ်ားအသင္းဟာ ခ်န္ပီယံရွစ္ကလပ္ေလာက္နဲ႔ ႏိႈင္းယွဥ္ခံရမႈေတြ ရွိေနတယ္။ ဒါေပမယ့္လို႔ ပရိသတ္ ၅၅၀၀၀ ရဲ႕ အားေပးမႈ မပါဘဲ သူတို႔ ဥေရာပမွာ ေနာက္ဆံုး ၁၆ သင္းအဆင့္ထိေတာင္ ေက်ာ္ျဖတ္သြားႏုိင္ေခ်ရွိတာက အံ့ၾသႏုိင္စရာပါပဲ။

လမ္းမေတြေပၚမွာ ထြက္ေပၚေနတဲ့ အသံအရေတာ့ တစ္ရက္မွာ စတီဗင္ဂ်ရတ္ဟာ လီဗာပူးကို ျပန္သြားျပီး နည္းျပပါလိမ့္မယ္။ ဒါေပမယ့္ လာမယ့္ ၅ ႏွစ္အတြင္း သူ လီဗာပူးအသင္းကို မကိုင္ေသးဖို႔ က်ေနာ္ကေတာ့ ေမွ်ာ္လင့္ပါတယ္။ သူက သိပ္ငယ္ေသးတဲ့ လူငယ္တစ္ေယာက္ ျဖစ္ေနလို႔ပါ။

စတီဗင္ဂ်ရတ္ဟာ ရိန္းဂ်ားအသင္းကို ပေရာ္ဖက္ရွင္နယ္ဆန္မႈေတြ ယူေဆာင္ေပးလာခဲ့သူ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

စတီဗင္ဟာ ရိန္းဂ်ားအသင္းနဲ႔ ၂၀၂၄ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိသူျဖစ္ျပီး သူဟာ အဆိုပါ စာခ်ဳပ္အျပီးမွာ ကာလတူ အေနအထားမွာပဲ လီဗာပူးနဲ႔ သက္တမ္းကုန္မယ့္ ကေလာ့ပ္ေနရာ အစားဝင္လာလိမ့္မယ္ဆိုတဲ့ ထင္ျမင္ခ်က္ေတြကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။