ဒီကနေ့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ မီလ်နာ၊ ဖာဘင်ညိုတို့ ပြန်လည် ပါဝင်သွားခဲ့ကြပြီဖြစ်ပါတယ်။

သတင်းကောင်းအားဖြင့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသင်းတိုက်စစ်သမား ဂျိုတာ အသင်းလိုက် လေ့ကျင့်ရေး ပြန်ပါဖို့ ရက်သက်မှတ်ခဲ့ပြီဖြစ်တယ်။ ဂျိုတာဟာ လက်တလောမှာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြုလုပ်နေဆဲဖြစ်တယ်။ သူရဲ့ အခြေအနေက အားရဖို့ ကောင်းခြင်းကြောင့် အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်ထည့်ဖို့ ဆေးအဖွဲ့က မီးစိမ်ပြလိုက်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ရင် ဂျိုတာအနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က မစ်ဂျီရန်ပွဲမှာ ဒူးဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အသင်းလိုက် လေ့ကျင့်ရေးကို ပြန်လည် ပါဝင်နိုင်မှု ဖြစ်လာပါမယ်။ လာမယ့် ပွဲက မတ်လ ၁ ရက်နေ့မှာ ဖြစ်လို့ အဆိုပါပွဲအတွက် သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး ပုံစံမှာ ရှိနေမယ်လို့ ယုံကြည်ရပါတယ်။

ဒီနွေကမှ ပေါင် ၄၁ သန်းဖြင့် ခေါ်ယူထားခဲ့ရတဲ့ တိုက်စစ်သမားဟာ ဒူးထိခိုက်မိခဲ့ပေမယ့် ခွဲစိတ်မှု ခံယူဖို့ထိတော့ မလိုအပ်ခဲ့ပါဘူး။ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်နေချိန်မှာ ဂျိုတာ ဒဏ်ရာရသွားခဲ့တာက ဒဏ်ရာရ ကစားသမားစာရင်း မြင့်တက်နေတဲ့ လီဗာပူးအတွက် အထိနာမှုကြီး ဖြစ်ခဲ့ပါတယ်။

ဖာဘင်ညို ပြန်လာနိုင်ခြင်းကလည်း အဲဗာတန်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် လာမယ့် ၅ ပွဲထိ လွဲချော်မယ့် ဟန်ဒါဆန်ရဲ့ ဗဟိုခံစစ်နေရာအတွက် အားတက်စရာ သတင်းဖြစ်လာပါတယ်။ ဟန်ဒါဆန်၊ မီလ်နာတို့ ပွဲမကစားနိုင်ချိန်မှာ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်လို့လည်း သိရပါတယ်။

ZAWGYI

ဒီကေန႔ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူေတြျဖစ္တဲ့ မီလ္နာ၊ ဖာဘင္ညိဳတို႔ ျပန္လည္ ပါဝင္သြားခဲ့ၾကျပီျဖစ္ပါတယ္။

သတင္းေကာင္းအားျဖင့္ လာမယ့္ ဗုဒၶဟူးေန႔မွာ အသင္းတိုက္စစ္သမား ဂ်ိဳတာ အသင္းလိုက္ ေလ့က်င့္ေရး ျပန္ပါဖို႔ ရက္သက္မွတ္ခဲ့ျပီျဖစ္တယ္။ ဂ်ိဳတာဟာ လက္တေလာမွာ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို ျပဳလုပ္ေနဆဲျဖစ္တယ္။ သူရဲ႕ အေျခအေနက အားရဖို႔ ေကာင္းျခင္းေၾကာင့္ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ျပန္ထည့္ဖို႔ ေဆးအဖြဲ႔က မီးစိမ္ျပလိုက္ျခင္းျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာ ေလ့က်င့္ေရး ျပန္ဆင္းခဲ့ရင္ ဂ်ိဳတာအေနနဲ႔ ဒီဇင္ဘာလ ၉ ရက္ေန႔က မစ္ဂ်ီရန္ပြဲမွာ ဒူးဒဏ္ရာ ရခဲ့ျပီးေနာက္ပိုင္း ပထမဆံုးအၾကိမ္ အသင္းလိုက္ ေလ့က်င့္ေရးကို ျပန္လည္ ပါဝင္ႏုိင္မႈ ျဖစ္လာပါမယ္။ လာမယ့္ ပြဲက မတ္လ ၁ ရက္ေန႔မွာ ျဖစ္လို႔ အဆိုပါပြဲအတြက္ သူ႔ရဲ႕ ၾကံ႕ခိုင္မႈက အေကာင္းဆံုး ပံုစံမွာ ရွိေနမယ္လို႔ ယံုၾကည္ရပါတယ္။

ဒီေႏြကမွ ေပါင္ ၄၁ သန္းျဖင့္ ေခၚယူထားခဲ့ရတဲ့ တိုက္စစ္သမားဟာ ဒူးထိခိုက္မိခဲ့ေပမယ့္ ခြဲစိတ္မႈ ခံယူဖို႔ထိေတာ့ မလိုအပ္ခဲ့ပါဘူး။ အေကာင္းဆံုး ေျခစြမ္းေတြ ျပသႏုိင္ေနခ်ိန္မွာ ဂ်ိဳတာ ဒဏ္ရာရသြားခဲ့တာက ဒဏ္ရာရ ကစားသမားစာရင္း ျမင့္တက္ေနတဲ့ လီဗာပူးအတြက္ အထိနာမႈၾကီး ျဖစ္ခဲ့ပါတယ္။

ဖာဘင္ညိဳ ျပန္လာႏုိင္ျခင္းကလည္း အဲဗာတန္ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ လာမယ့္ ၅ ပြဲထိ လြဲေခ်ာ္မယ့္ ဟန္ဒါဆန္ရဲ႕ ဗဟိုခံစစ္ေနရာအတြက္ အားတက္စရာ သတင္းျဖစ္လာပါတယ္။ ဟန္ဒါဆန္၊ မီလ္နာတို႔ ပြဲမကစားႏုိင္ခ်ိန္မွာ ကြင္းလယ္လူ ဝိုက္နယ္ဒမ္က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူရမယ္လို႔လည္း သိရပါတယ္။