ဒီရာသီမှာ တိုက်စစ်ပိုင်း ပါဝင်ပေးနိုင်စွမ်းမှာ အတော်လေး ရုန်းကန်ခဲ့ရတဲ့ ဖာမင်နိုရဲ့ နေရာကို အစားထိုးမှု စတင်ဖို့ တိုက်တွန်းတွေက အရှိန်မြင့်လာခဲ့ပါပြီ။

မာဆေးဆိုဒ်ဒါဘီပွဲအပြီး ပရိသတ်တွေနဲ့ ဖန်းဆိုဒ်တွေက စတင် မှတ်ချက်ပေးလာခဲ့ခြင်းဖြစ်ကာ ဒီကနေ့မှာတော့ သြဇာရှိ လီဗာပူးသတင်းထောက်ဖြစ်သူ ဂျိမ်းပီရက်ဇ် ကိုယ်တိုင်ကလည်း The Athletic သတင်းဌာနကနေ တိုက်စစ်မှူးသစ်အတွက် စတင် ရှာဖွေဖို့ တိုက်တွန်းသွားခဲ့တယ်။

ဂျိမ်းပီရက်ဇ်ဟာ လီဗာပူးအသင်း တာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသလို ပရိတ်သတ်တွေ ယုံကြည်ကိုးစားရတဲ့ သတင်းထောက်တစ်ဦးဖြစ်တယ်။ သူကိုယ်တိုင်က လီဗာပူးဟာ တိုက်စစ်မှူးသစ် စတင် ရှာဖွေသင့်ပါပြီလို့ တိုက်တွန်းမှုက ကလပ်ရဲ့ နွေအပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် ဖိအားပေးလိုနေတဲ့ ပရိသတ်တွေအပေါ်ကော ကလပ်အပေါ်ပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ပီရက်ဇ်က လီဗာပူးရဲ့ ညံ့ဖျင်းတဲ့ ဘောလုံးရာသီအတွက် ဖာမင်နို တစ်ဦးတည်းကို ပြစ်တင် ဝေဖန်ခြင်းက မမျှတဘူးလို့ မြင်တယ်။ ဒါပေမယ့် ဖာမင်နိုအကြောင်းက ပြောကို ပြောဖို့ လိုအပ်လာပြီဖြစ်ကာ ကုန်ခဲ့တဲ့ ၅ ရာသီခွဲအတွင်း ပြိုင်ပွဲစုံ ၂၇၉ ပွဲ ကစားထားတဲ့ ဘရာဇီး လက်ရွေးစင်ဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁ ဂိုးပဲ သွင်းထားတာက လက်မခံနိုင်စရာအဖြစ် ထောက်ပြခဲ့တယ်။

ကလပ်ရဲ့ ဦးနှောက်အဖြစ် တင်စားခံရတဲ့ ဖာမင်နိုဟာ မာဆေးဆိုဒ် ဒါဘီမှာ ဘောလုံးထိချက် ၅၄ ကြိမ်ပဲ ရှိခဲ့တာ၊ နောက်ပိုင်းပွဲတွေမှာ ပိုင်ဆိုင်မှုပိုင်းကော၊ ဘောလုံးမရှိချိန်မှာပါ သူ့ရဲ့ ပံံ့ပိုးမှုတွေ အားနည်းလာတာ၊ ဒါ့အပြင် ဘောလုံးကို အပျက်များလာတာ အစရှိတဲ့ အချက်အလက်ပိုင်းက ဖော်ပြတဲ့ ဖာမင်နို အားနည်းမှုတွေကိုလည်း ပီရက်ဇ်က ဖော်ပြခဲ့တယ်။

အဆုံးသတ် မှတ်ချက်အဖြစ်တော့ ပီရက်ဇ်က ” ဖာမင်နိုက လီဗာပူးရဲ့ ဂန္တဝင်တစ်ဦးပါ။ သူ့ရဲ့ စွမ်းအားတွေကို ယုတ်လျော့လာတယ်။ သူ့နေရာမှာ အစားထိုးသည်ဖြစ်စေ၊ သူ့ကို အနားယူခွင့် ပေးသည်ဖြစ်စေ၊ လီဗာပူးက နံပါတ် ၉ တိုက်စစ်သမားအသစ်ကို ခေါ်ယူဖို့ လိုအပ်နေပါပြီ ” လို့ တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ တိုက္စစ္ပိုင္း ပါဝင္ေပးႏုိင္စြမ္းမွာ အေတာ္ေလး ရုန္းကန္ခဲ့ရတဲ့ ဖာမင္ႏိုရဲ႕ ေနရာကို အစားထိုးမႈ စတင္ဖို႔ တိုက္တြန္းေတြက အရွိန္ျမင့္လာခဲ့ပါျပီ။

မာေဆးဆိုဒ္ဒါဘီပြဲအျပီး ပရိသတ္ေတြနဲ႔ ဖန္းဆိုဒ္ေတြက စတင္ မွတ္ခ်က္ေပးလာခဲ့ျခင္းျဖစ္ကာ ဒီကေန႔မွာေတာ့ ၾသဇာရွိ လီဗာပူးသတင္းေထာက္ျဖစ္သူ ဂ်ိမ္းပီရက္ဇ္ ကိုယ္တိုင္ကလည္း The Athletic သတင္းဌာနကေန တိုက္စစ္မွဴးသစ္အတြက္ စတင္ ရွာေဖြဖို႔ တိုက္တြန္းသြားခဲ့တယ္။

ဂ်ိမ္းပီရက္ဇ္ဟာ လီဗာပူးအသင္း တာဝန္ရွိသူေတြနဲ႔ နီးစပ္တဲ့ ဆက္ဆံေရးရွိသလို ပရိတ္သတ္ေတြ ယံုၾကည္ကိုးစားရတဲ့ သတင္းေထာက္တစ္ဦးျဖစ္တယ္။ သူကိုယ္တိုင္က လီဗာပူးဟာ တိုက္စစ္မွဴးသစ္ စတင္ ရွာေဖြသင့္ပါျပီလို႔ တိုက္တြန္းမႈက ကလပ္ရဲ႕ ေႏြအေျပာင္းအေရႊ႔ လႈပ္ရွားမႈအေပၚ ဖိအားေပးလိုေနတဲ့ ပရိသတ္ေတြအေပၚေကာ ကလပ္အေပၚပါ သက္ေရာက္မႈ ရွိလာႏုိင္ပါတယ္။

ပီရက္ဇ္က လီဗာပူးရဲ႕ ညံ့ဖ်င္းတဲ့ ေဘာလံုးရာသီအတြက္ ဖာမင္ႏို တစ္ဦးတည္းကို ျပစ္တင္ ေဝဖန္ျခင္းက မမွ်တဘူးလို႔ ျမင္တယ္။ ဒါေပမယ့္ ဖာမင္ႏိုအေၾကာင္းက ေျပာကို ေျပာဖို႔ လိုအပ္လာျပီျဖစ္ကာ ကုန္ခဲ့တဲ့ ၅ ရာသီခြဲအတြင္း ျပိဳင္ပြဲစံု ၂၇၉ ပြဲ ကစားထားတဲ့ ဘရာဇီး လက္ေရြးစင္ဟာ ေနာက္ဆံုး ကစားထားတဲ့ ျပိဳင္ပြဲစံု ၁၄ ပြဲမွာ ၁ ဂိုးပဲ သြင္းထားတာက လက္မခံႏုိင္စရာအျဖစ္ ေထာက္ျပခဲ့တယ္။

ကလပ္ရဲ႕ ဦးေႏွာက္အျဖစ္ တင္စားခံရတဲ့ ဖာမင္ႏိုဟာ မာေဆးဆိုဒ္ ဒါဘီမွာ ေဘာလံုးထိခ်က္ ၅၄ ၾကိမ္ပဲ ရွိခဲ့တာ၊ ေနာက္ပိုင္းပြဲေတြမွာ ပိုင္ဆိုင္မႈပိုင္းေကာ၊ ေဘာလံုးမရွိခ်ိန္မွာပါ သူ႔ရဲ႕ ပံံ့ပိုးမႈေတြ အားနည္းလာတာ၊ ဒါ့အျပင္ ေဘာလံုးကို အပ်က္မ်ားလာတာ အစရွိတဲ့ အခ်က္အလက္ပိုင္းက ေဖာ္ျပတဲ့ ဖာမင္ႏို အားနည္းမႈေတြကိုလည္း ပီရက္ဇ္က ေဖာ္ျပခဲ့တယ္။

အဆံုးသတ္ မွတ္ခ်က္အျဖစ္ေတာ့ ပီရက္ဇ္က ” ဖာမင္ႏိုက လီဗာပူးရဲ႕ ဂႏၱဝင္တစ္ဦးပါ။ သူ႔ရဲ႕ စြမ္းအားေတြကို ယုတ္ေလ်ာ့လာတယ္။ သူ႔ေနရာမွာ အစားထိုးသည္ျဖစ္ေစ၊ သူ႔ကို အနားယူခြင့္ ေပးသည္ျဖစ္ေစ၊ လီဗာပူးက နံပါတ္ ၉ တိုက္စစ္သမားအသစ္ကို ေခၚယူဖို႔ လိုအပ္ေနပါျပီ ” လို႔ တိုက္တြန္းသြားခဲ့တာျဖစ္ပါတယ္။