၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဆုံးသတ်ဟာ ကွင်းပိတ်ပွဲအဖြစ် ပြီးဆုံးမှာ မဟုတ်ဘဲ ဘောလုံးကွင်းတွေထဲ ပရိသတ်တွေ ပြန်လည် ဝင်ရောက်ခွင့်တွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာက ပရိသတ် ၂၀၀၀ စတင်ပြန်ဝင်ခွင့်ရခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အသွင်အပြောင်း ဗိုင်းရပ်စ်ကြောင့် ဝင်ခွင့် ပြန်ပိတ်သွားခဲ့တာပါ။ ဒါပေမယ့် ရာသီသိမ်းပွဲ ကစားမယ့် မေလ ၁၇ ရက်နေ့မှာတော့ ပရိသတ်ဝင်ခွင့်ကို ၁၀၀၀၀ ထိ တိုးမြင့် ဝင်ရောက်စေဖို့ သေချာခဲ့ပါပြီ။

ဗြိတိန်အစိုးရက တနင်္လာနေ့ ကိုဗစ်ဆိုင်ရာ တားမြစ်ချက်တွေကို ထုတ်ပြန်ရာမှာ အဆိုပါကိစ္စ သိလာရခြင်းဖြစ်တယ်။ အင်္ဂလန်ဘောလုံးကွင်းတွေဟာ ပရိသတ် ၄၀၀၀၀ နဲ့အထက် ဝင်ဆံ့တဲ့ကွင်းဆိုပါက ပရိသတ် ၁၀၀၀၀ ကို ဧည့်ခံရမှာဖြစ်တယ်။ ပရိသတ် ၄၀၀၀၀ အောက် ဝင်ဆံ့တဲ့ကွင်းဆိုပါက ကွင်းရဲ့ လေးချိုးတစ်ချိုးထိ ပရိသတ်တွေကို ဝင်ခွင့် ပြုလို့ရပါမယ်။

လီဗာပူးအတွက်ကတော့ ဘောလုံးရာသီ နောက်ဆုံးသော အိမ်ကွင်းပွဲဖြစ်လာမယ့် မေလ ၂၃ ရက် ပဲလေစ့်ကို ယှဉ်ပြိုင်တဲ့ပွဲမှာ ပရိသတ် ၁၀၀၀၀ ကို ဝင်ခွင့်ပေးလို့ရမှာဖြစ်တယ်။ ဒါပေမယ့်လည်း အင်္ဂလန်ပြည်တွင်း ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ်နိုင်မှုတွေ အခြေအနေ ပိုကောင်းလာဖို့ အပေါ်မှာ မူတည်နေမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက်တောက် အာမခံချက် မရှိတဲ့ အနေအထားကို ရောက်ရှိနေတာပါ။ ရာသီမသိမ်းခင် ပရိသတ်တွေကို ကွင်းထဲ ဝင်ခွင့်ပြုမယ်ဆိုတာက အသင်းသားတွေအတွက် လှုံ့ဆော်မှုဖြစ်လာမယ်လို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အဆံုးသတ္ဟာ ကြင္းပိတ္ပြဲအျဖစ္ ျပီးဆံုးမွာ မဟုတ္ဘဲ ေဘာလံုးကြင္းေတြထဲ ပရိသတ္ေတြ ျပန္လည္ ဝင္ေရာက္ခြင့္ေတြ ရွိလာေတာ့မွာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဒီဇင္ဘာက ပရိသတ္ ၂၀၀၀ စတင္ျပန္ဝင္ခြင့္ရခဲ့တာျဖစ္ျပီး ေနာက္ပိုင္းမွာ အသြင္အေျပာင္း ဗုိင္းရပ္စ္ေၾကာင့္ ဝင္ခြင့္ ျပန္ပိတ္သြားခဲ့တာပါ။ ဒါေပမယ့္ ရာသီသိမ္းပြဲ ကစားမယ့္ ေမလ ၁၇ ရက္ေန႔မွာေတာ့ ပရိသတ္ဝင္ခြင့္ကို ၁၀၀၀၀ ထိ တိုးျမင့္ ဝင္ေရာက္ေစဖို႔ ေသခ်ာခဲ့ပါျပီ။

ျဗိတိန္အစိုးရက တနလၤာေန႔ ကိုဗစ္ဆိုင္ရာ တားျမစ္ခ်က္ေတြကို ထုတ္ျပန္ရာမွာ အဆိုပါကိစၥ သိလာရျခင္းျဖစ္တယ္။ အဂၤလန္ေဘာလံုးကြင္းေတြဟာ ပရိသတ္ ၄၀၀၀၀ နဲ႔အထက္ ဝင္ဆံ့တဲ့ကြင္းဆိုပါက ပရိသတ္ ၁၀၀၀၀ ကို ဧည့္ခံရမွာျဖစ္တယ္။ ပရိသတ္ ၄၀၀၀၀ ေအာက္ ဝင္ဆံ့တဲ့ကြင္းဆိုပါက ကြင္းရဲ႕ ေလးခ်ိဳးတစ္ခ်ိဳးထိ ပရိသတ္ေတြကို ဝင္ခြင့္ ျပဳလို႔ရပါမယ္။

လီဗာပူးအတြက္ကေတာ့ ေဘာလံုးရာသီ ေနာက္ဆံုးေသာ အိမ္ကြင္းပြဲျဖစ္လာမယ့္ ေမလ ၂၃ ရက္ ပဲေလစ့္ကို ယွဥ္ျပိဳင္တဲ့ပြဲမွာ ပရိသတ္ ၁၀၀၀၀ ကို ဝင္ခြင့္ေပးလို႔ရမွာျဖစ္တယ္။ ဒါေပမယ့္လည္း အဂၤလန္ျပည္တြင္း ကိုဗစ္-၁၉ ဆိုင္ရာ ထိန္းခ်ဳပ္ႏုိင္မႈေတြ အေျခအေန ပိုေကာင္းလာဖို႔ အေပၚမွာ မူတည္ေနမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ လက္ရွိမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ေတာက္ အာမခံခ်က္ မရွိတဲ့ အေနအထားကို ေရာက္ရွိေနတာပါ။ ရာသီမသိမ္းခင္ ပရိသတ္ေတြကို ကြင္းထဲ ဝင္ခြင့္ျပဳမယ္ဆိုတာက အသင္းသားေတြအတြက္ လွံဳ႔ေဆာ္မႈျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။