လီဗာပူးကစားသမားဟောင်း မာဖီက ၁၉၉၉ ခုနှစ်နောက်ပိုင်း အန်ဖီးမှာ အဲဗာတန်ကို ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့မှုကို အတော်လေး စိတ်ပျက်နေပါတယ်။

ဒါပေမယ့်လို့ စိတ်ပျက်စရာတွေထဲကမှ ရွေးချယ်လို့ရမယ့် အကောင်းမြင်စရာ ကစားသမား နှစ်ဦးကို သူ ရွေးထုတ်ပြခဲ့တယ်။ မာဖီကတော့ တိုက်စစ်မှာ သူ့ရဲ့ ပုံစံအတိုင်း တိုးအားကောင်းကောင်း ကစားခဲ့တဲ့ မာနေးနဲ့ ညာအစွန်ကနေ ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ ထရန့်တို့ နှစ်ဦးဟာ အသင်းအတွက် အကောင်းဆုံးတွေ ပြန်လည်ပြသနိုင်မယ့်သူ နှစ်ဦးလို့ မြင်ပါတယ်။

မာဖီက “ မာနေးက နေရာတိုင်းမှာ ကစားခဲ့ကာ ပုံစံကောင်းကို ပြန်ရောက်လာနိုင်တဲ့ တိုက်စစ်သမား တစ်ဦးဖြစ်ပါတယ်။ ထရန့်ကလည်း သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် နီးပါးလောက်ကို ပြသခဲ့တယ်။

အဲဗာတန်နဲ့ပွဲမှာ ထရန့်က ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပြီး ကျော်ဖြတ် ပြေးလွှားနိုင်ခဲ့တယ်။ သူ့ရဲ့ ဘောလုံးပေးမှုတွေကလည်း အတော်လေး ကောင်းခဲ့ပါတယ်။ သူတို့ နှစ်ဦးက အဲဗာတန်နဲ့ပွဲအတွင်း လီဗာပူးအတွက် အကောင်းမြင်စရာ ဖြစ်ခဲ့သူ နှစ်ဦးပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မာနေးဟာ ဒီရာသီ ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ထားနိုင်တယ်ဆိုပေမယ့် ဒီရာသီဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီ မဟုတ်ထားပါဘူး။ ထိုနည်းတူ ထရန့်ကလည်း ခြေစွမ်း မတည်ငြိမ်မှုတွေ ရှိနေတာဖြစ်တယ်။

လီဗာပူးအတွက် အခြားသော အကောင်းမြင်စရာက ဖာဘင်ညို လေ့ကျင့်ရေး ပြန်ဆင်းပြီဖြစ်ကာ မနက်ဖြန်မှာတော့ ဂျိုတာကလည်း အသင်းနဲ့ ပြန်လည် ပူးပေါင်းမှာဖြစ်တယ်။ သူတို့ နှစ်ဦး ပါဝင်လာမှုက အသင်းရဲ့ ကျဆင်းနေတဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိစေဖို့လည်း မျှော်လင့်နေရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း မာဖီက ၁၉၉၉ ခုႏွစ္ေနာက္ပိုင္း အန္ဖီးမွာ အဲဗာတန္ကို ပထမဆံုးအၾကိမ္ အေရးနိမ့္ခဲ့မႈကို အေတာ္ေလး စိတ္ပ်က္ေနပါတယ္။

ဒါေပမယ့္လို႔ စိတ္ပ်က္စရာေတြထဲကမွ ေရြးခ်ယ္လို႔ရမယ့္ အေကာင္းျမင္စရာ ကစားသမား ႏွစ္ဦးကို သူ ေရြးထုတ္ျပခဲ့တယ္။ မာဖီကေတာ့ တိုက္စစ္မွာ သူ႔ရဲ႕ ပံုစံအတိုင္း တိုးအားေကာင္းေကာင္း ကစားခဲ့တဲ့ မာေနးနဲ႔ ညာအစြန္ကေန ဖန္တီးမႈေတြ ျပဳလုပ္ႏုိင္ဖို႔ ထရန္႔တို႔ ႏွစ္ဦးဟာ အသင္းအတြက္ အေကာင္းဆံုးေတြ ျပန္လည္ျပသႏုိင္မယ့္သူ ႏွစ္ဦးလို႔ ျမင္ပါတယ္။

မာဖီက “ မာေနးက ေနရာတိုင္းမွာ ကစားခဲ့ကာ ပံုစံေကာင္းကို ျပန္ေရာက္လာႏုိင္တဲ့ တိုက္စစ္သမား တစ္ဦးျဖစ္ပါတယ္။ ထရန္႔ကလည္း သူ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ နီးပါးေလာက္ကို ျပသခဲ့တယ္။

အဲဗာတန္နဲ႔ပြဲမွာ ထရန္႔က ဖန္တီးမႈေတြ လုပ္ႏုိင္ခဲ့ျပီး ေက်ာ္ျဖတ္ ေျပးလႊားႏုိင္ခဲ့တယ္။ သူ႔ရဲ႕ ေဘာလံုးေပးမႈေတြကလည္း အေတာ္ေလး ေကာင္းခဲ့ပါတယ္။ သူတို႔ ႏွစ္ဦးက အဲဗာတန္နဲ႔ပြဲအတြင္း လီဗာပူးအတြက္ အေကာင္းျမင္စရာ ျဖစ္ခဲ့သူ ႏွစ္ဦးပဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မာေနးဟာ ဒီရာသီ ျပိဳင္ပြဲစံု ၃၂ ပြဲမွာ ကိုယ္တိုင္ ၁၁ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၅ ၾကိမ္ လုပ္ထားႏုိင္တယ္ဆိုေပမယ့္ ဒီရာသီဟာ သူ႔ရဲ႕ အေကာင္းဆံုး ေဘာလံုးရာသီ မဟုတ္ထားပါဘူး။ ထိုနည္းတူ ထရန္႔ကလည္း ေျခစြမ္း မတည္ျငိမ္မႈေတြ ရွိေနတာျဖစ္တယ္။

လီဗာပူးအတြက္ အျခားေသာ အေကာင္းျမင္စရာက ဖာဘင္ညိဳ ေလ့က်င့္ေရး ျပန္ဆင္းျပီျဖစ္ကာ မနက္ျဖန္မွာေတာ့ ဂ်ိဳတာကလည္း အသင္းနဲ႔ ျပန္လည္ ပူးေပါင္းမွာျဖစ္တယ္။ သူတို႔ ႏွစ္ဦး ပါဝင္လာမႈက အသင္းရဲ႕ က်ဆင္းေနတဲ့ စြမ္းေဆာင္ရည္အေပၚ သက္ေရာက္မႈရွိေစဖို႔လည္း ေမွ်ာ္လင့္ေနရတာ ျဖစ္ပါတယ္။