လီဗာပူးကစားသမားဟောင်း ကာရေဂါက ဗန်ဒိုက် ဒဏ်ရာရနေလို့ဆိုတဲ့ ဆင်ခြေတွေနဲ့ မြောလိုက်နေတဲ့ အသင်းဟောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆက်တိုက် ကျဆင်းနေတာဖြစ်ပြီး ဒါဟာ ခံစစ်က ဗန်ဒိုက် မပါနိုင်တာကြောင့် မဟုတ်ဘူးဆိုတာ မြင်သာလာခဲ့တယ်။ မာဆေးဆိုဒ်ဒါဘီပွဲမှာ လီဗာပူးထုတ်ခဲ့တဲ့ လူစာရင်းမှာဆိုရင် ချန်ပီယံလိဂ်ဖလား အနိုင်ရအသင်းမှ အသင်းသားတွေ ၉ ဦးလောက်ထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါက ” ဗန်ဒိုက်အကြောင်း ပြောနေရတာကို ကျနော် စိတ်ကုန်နေပါပြီ။ ဒီတစ်လျှောက်လုံးမှာ ဒီကိစ္စကိုပဲ ကျနော်တို ဇောင်းတင် ပြောလာနေကြတာဖြစ်တယ်။ လီဗာပူးက ပရီးမီးယားလိဂ်ကို အနိုင်မရနိုင်ပါဘူး။ ဒါကို ဒါဘီပွဲ မတိုင်ခင်တည်းက ကျနော် ပြောခဲ့တယ်။ တစ်ရာသီလုံး ဗန်ဒိုက်ကို လက်လွတ်ရတဲ့နောက် လီဗာပူးက လိဂ်ကို အနိုင်မရနိုင်တော့ပါဘူး။ ဒါက အားလုံးကို မြင်အောင်ကြည့်ရမှာပါ။

ဒါပေမယ့် လီဗာပူးမှာ ပြဿနာတွေ ရှိနေတယ်။ ခံစစ်သမားတွေ ဒဏ်ရာရနေတယ်၊ ကွင်းလယ်လူတွေ ခံစစ်နေရာ ဆင်းကစားနေရတယ်။ အဲ့တာနဲ့ပဲ သူတို့ အဲဗာတန်ကို အနိုင်နိုင်တော့တာ မဟုတ်ပါဘူး။ အိမ်ကွင်းမှာ ဘရိုက်တန်၊ ဘန်လေ၊ ဝက်စ်ဘရွန်းနဲ့ ယူနိုက်တက်တို့ကို မနိုင်နိုင်တော့တာ မဟုတ်ပါဘူး။ မန်စီးတီးက တကယ်ကို ထိပ်တန်း အရည်အချင်းတွေ ရှိနေပါတယ်။

တစ်ပွခြျင်းအလိုက် ဆင်ခြေတွေ ပေးနေတာ မဟုတ်ဘူး။ လီဗာပူးကစားသမားတွေအနေနဲ့ ဘယ်လိုပဲ ပြဿနာတွေရှိနေပါစေ အိမ်ကွင်းမှာ ၆ ပွဲဆက်တောင် အနိုင်မရတာက မဖြစ်သင့်ပါဘူး။ ဒါက လုံးဝ လက်မခံနိုင်စရာ ကိစ္စပဲဖြစ်ပါတယ်။

ဗန်ဒိုက် ဒဏ်ရာကြောင့် မကစားနိုင်ဘူးဆိုတာကို ဆင်ခြေအဖြစ် ကျနော် အသုံးမပြုလိုတဲ့ အကြောင်းရင်းက အဲဗာတန်ပွဲမှာ လီဗာပူးအသင်း ထုတ်သုံးခဲ့တဲ့ လူစာရင်းထဲက ၁၀ ဦးဟာဆိုရင် ချန်ပီယံလိဂ်ဖလား အနိုင်ရထားသူတွေဖြစ်ပါတယ် ” လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ကာေရဂါက ဗန္ဒိုက္ ဒဏ္ရာရေနလို႔ဆိုတဲ့ ဆင္ေျခေတြနဲ႔ ေျမာလိုက္ေနတဲ့ အသင္းေဟာင္းကို ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

လီဗာပူးအသင္းဟာ ေနာက္ပိုင္းပြဲေတြမွာ ရလဒ္ေတြ ဆက္တုိက္ က်ဆင္းေနတာျဖစ္ျပီး ဒါဟာ ခံစစ္က ဗန္ဒိုက္ မပါႏုိင္တာေၾကာင့္ မဟုတ္ဘူးဆိုတာ ျမင္သာလာခဲ့တယ္။ မာေဆးဆိုဒ္ဒါဘီပြဲမွာ လီဗာပူးထုတ္ခဲ့တဲ့ လူစာရင္းမွာဆိုရင္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရအသင္းမွ အသင္းသားေတြ ၉ ဦးေလာက္ထိ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ကာေရဂါက ” ဗန္ဒိုက္အေၾကာင္း ေျပာေနရတာကို က်ေနာ္ စိတ္ကုန္ေနပါျပီ။ ဒီတစ္ေလွ်ာက္လံုးမွာ ဒီကိစၥကိုပဲ က်ေနာ္တို ေဇာင္းတင္ ေျပာလာေနၾကတာျဖစ္တယ္။ လီဗာပူးက ပရီးမီးယားလိဂ္ကို အႏုိင္မရႏုိင္ပါဘူး။ ဒါကို ဒါဘီပြဲ မတိုင္ခင္တည္းက က်ေနာ္ ေျပာခဲ့တယ္။ တစ္ရာသီလုံး ဗန္ဒိုက္ကို လက္လြတ္ရတဲ့ေနာက္ လီဗာပူးက လိဂ္ကို အႏုိင္မရႏုိင္ေတာ့ပါဘူး။ ဒါက အားလုံးကို ျမင္ေအာင္ၾကည့္ရမွာပါ။

ဒါေပမယ့္ လီဗာပူးမွာ ျပႆနာေတြ ရွိေနတယ္။ ခံစစ္သမားေတြ ဒဏ္ရာရေနတယ္၊ ကြင္းလယ္လူေတြ ခံစစ္ေနရာ ဆင္းကစားေနရတယ္။ အဲ့တာနဲ႔ပဲ သူတို႔ အဲဗာတန္ကို အႏိုင္ႏုိင္ေတာ့တာ မဟုတ္ပါဘူး။ အိမ္ကြင္းမွာ ဘရိုက္တန္၊ ဘန္ေလ၊ ဝက္စ္ဘရြန္းနဲ႔ ယူႏုိက္တက္တို႔ကို မႏိုင္ႏုိင္ေတာ့တာ မဟုတ္ပါဘူး။ မန္စီးတီးက တကယ္ကို ထိပ္တန္း အရည္အခ်င္းေတြ ရွိေနပါတယ္။

တစ္ပြျခ်င္းအလိုက္ ဆင္ေျခေတြ ေပးေနတာ မဟုတ္ဘူး။ လီဗာပူးကစားသမားေတြအေနနဲ႔ ဘယ္လိုပဲ ျပႆနာေတြရွိေနပါေစ အိမ္ကြင္းမွာ ၆ ပြဲဆက္ေတာင္ အႏုိင္မရတာက မျဖစ္သင့္ပါဘူး။ ဒါက လံုးဝ လက္မခံႏုိင္စရာ ကိစၥပဲျဖစ္ပါတယ္။

ဗန္ဒိုက္ ဒဏ္ရာေၾကာင့္ မကစားႏုိင္ဘူးဆိုတာကို ဆင္ေျခအျဖစ္ က်ေနာ္ အသံုးမျပဳလိုတဲ့ အေၾကာင္းရင္းက အဲဗာတန္ပြဲမွာ လီဗာပူးအသင္း ထုတ္သံုးခဲ့တဲ့ လူစာရင္းထဲက ၁၀ ဦးဟာဆိုရင္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရထားသူေတြျဖစ္ပါတယ္ ” လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။