ဘွန်ဒက်လီဂါကလပ် ဘော်ရပ်ရှား မိုချန်ဂလာဘတ်အတွက် ကစားပေးနေတဲ့ ဂျာမာန်သား ကွင်းလယ်လူ Florian Neuhaus က လီဗာပူးနဲ့ သတင်းတွေ ထွက်နေမှုအပေါ် တုန့်ပြန်မှု လုပ်လာပါတယ်။

ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ ရှာဖွေနေတဲ့ လီဗာပူးက ဂျာမနီမှာ တောက်ပလာနေတဲ့ ၂၃ နှစ်သား ကစားသမားလေးကို ခေါ်ယူလိုနေကြောင်း ဂျာမာန်သတင်းဌာနတွေက ထုတ်ဖော် ရေးသားလာတာပါ။ ကစားသမားကတော့ ဒီအခြေအနေမှာ ဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပါဘူးလို့ ငြင်းဆန်သွားခဲ့တယ်။

ဂျာမာန်သတင်းတွေအရတော့ သူဟာ ဂျာမနီကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ် ရှိနေသေးတာဖြစ်ကာ စာချုပ်ထဲမှာတော့ ယူရို သန်း ၄၀ ရရင် အသင်းပြောင်းခွင့်ရှိတယ်လို့ ပါဝင်ထားကြောင်း သိထားရတာ ဖြစ်ပါတယ်။

Neuhaus က ” ကျနော်က ဘော်ရပ်ရှားမှာ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေတာပါ။ ဒီရာသီအတွက် ကျနော်မှာ ရည်မှန်းချက်ကြီးတွေလည်း ရှိပါတယ်။ အဲ့အတွက်ပဲ အာရုံစိုက်ထားပါတယ် အခုအချိန်မှာ အပြောင်းအရွှေ့အကြောင်း စကားပြောဖို့ဆိုတာက ကျနော်အတွက် ကိစ္စကြီး ဖြစ်နေပါတယ်။

ကျနော်က ဘော်ရပ်ရှားအတွက် ကစားနေတာဖြစ်တယ်။ ကျနော်မှာ စာချုပ်ရှိနေတယ်။ ကျနေ်ာတို့တွေက အသင်းအနေနဲ့ ဒီရာသီမှာ ရည်မှန်းချက်ကြီးလည်း ရှိထားပါတယ်။ ဒီအခြေအနေမှာတော့ နွေမှာ ဘာဖြစ်လာမယ်ဆိုတာကို ကျနော် မပြောနိုင်သေးပါဘူး။

အနာဂတ်အတွက် အေးဆေးပါပဲ။ ဘော်ရပ်ရှားဟာ ကျနော် တိုးတက်လာတဲ့ ကလပ်ဖြစ်ပြီး အရာအားလုံးလည်း ရှိနေတဲ့ နေရာဖြစ်ပါတယ်။ ဒီအသင်းမှာ ကျနော် ဘာတွေရနိုင်တယ်ဆိုတာ နားလည်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မိုချန်ဂလာဘတ်က ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် ရံှူးထွက်ကို ရောက်ရှိနေတာပါ။ ဒါ့အပြင် လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက် ဘွန်ဒက်လီဂါမှာ ဦးတည် ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေဘာ္ရပ္ရွား မိုခ်န္ဂလာဘတ္အတြက္ ကစားေပးေနတဲ့ ဂ်ာမာန္သား ကြင္းလယ္လူ Florian Neuhaus က လီဗာပူးနဲ႔ သတင္းေတြ ထြက္ေနမႈအေပၚ တုန္႔ျပန္မႈ လုပ္လာပါတယ္။

ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ ရွာေဖြေနတဲ့ လီဗာပူးက ဂ်ာမနီမွာ ေတာက္ပလာေနတဲ့ ၂၃ ႏွစ္သား ကစားသမားေလးကို ေခၚယူလိုေနေၾကာင္း ဂ်ာမာန္သတင္းဌာနေတြက ထုတ္ေဖာ္ ေရးသားလာတာပါ။ ကစားသမားကေတာ့ ဒီအေျခအေနမွာ ဘာျဖစ္လာမယ္ဆိုတာ မေျပာႏုိင္ေသးပါဘူးလို႔ ျငင္းဆန္သြားခဲ့တယ္။

ဂ်ာမာန္သတင္းေတြအရေတာ့ သူဟာ ဂ်ာမနီကလပ္နဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ ရွိေနေသးတာျဖစ္ကာ စာခ်ဳပ္ထဲမွာေတာ့ ယူရို သန္း ၄၀ ရရင္ အသင္းေျပာင္းခြင့္ရွိတယ္လို႔ ပါဝင္ထားေၾကာင္း သိထားရတာ ျဖစ္ပါတယ္။

Neuhaus က ” က်ေနာ္က ေဘာ္ရပ္ရွားမွာ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတာပါ။ ဒီရာသီအတြက္ က်ေနာ္မွာ ရည္မွန္းခ်က္ၾကီးေတြလည္း ရွိပါတယ္။ အဲ့အတြက္ပဲ အာရံုစိုက္ထားပါတယ္ အခုအခ်ိန္မွာ အေျပာင္းအေရႊ႔အေၾကာင္း စကားေျပာဖို႔ဆိုတာက က်ေနာ္အတြက္ ကိစၥၾကီး ျဖစ္ေနပါတယ္။

က်ေနာ္က ေဘာ္ရပ္ရွားအတြက္ ကစားေနတာျဖစ္တယ္။ က်ေနာ္မွာ စာခ်ဳပ္ရွိေနတယ္။ က်ေန္ာတို႔ေတြက အသင္းအေနနဲ႔ ဒီရာသီမွာ ရည္မွန္းခ်က္ၾကီးလည္း ရွိထားပါတယ္။ ဒီအေျခအေနမွာေတာ့ ေႏြမွာ ဘာျဖစ္လာမယ္ဆိုတာကို က်ေနာ္ မေျပာႏုိင္ေသးပါဘူး။

အနာဂတ္အတြက္ ေအးေဆးပါပဲ။ ေဘာ္ရပ္ရွားဟာ က်ေနာ္ တိုးတက္လာတဲ့ ကလပ္ျဖစ္ျပီး အရာအားလံုးလည္း ရွိေနတဲ့ ေနရာျဖစ္ပါတယ္။ ဒီအသင္းမွာ က်ေနာ္ ဘာေတြရႏုိင္တယ္ဆိုတာ နားလည္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မိုခ်န္ဂလာဘတ္က ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ ရံွဴးထြက္ကို ေရာက္ရွိေနတာပါ။ ဒါ့အျပင္ လာမယ့္ရာသီမွာလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရေရးအတြက္ ဘြန္ဒက္လီဂါမွာ ဦးတည္ ယွဥ္ျပိဳင္ေနဆဲ ျဖစ္ပါတယ္။