လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့က ဘောလုံးအသိုင်းအဝိုင်းနဲ့ လီဗာပူးပရိသတ်တွေဟာ ဆာလာအပေါ် လေးစားမှုတွေ ပိုမိုပေးသင့်တယ်ဆိုတဲ့ သူ့ရဲ့အမြင်ကို ဒေးလီးမေလ်းကနေ ဖော်ထုတ် ရေးသားခဲ့ပါတယ်။

လီဗာပူးအသင်းအတွက် ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်အောင် ကြိုးစားပေးမှုမှာ အဓိကကျခဲ့တဲ့ ဆာလာဟာ ပရိသတ်တွေရဲ့ လေးစားမှုတွေကို သိပ်မရသူတစ်ဦးဖြစ်တယ်။

နှိုင်းယှဉ်မှုတစ်ခုကို လုပ်ပြရမယ်ဆိုရင် တောရက်စ်၊ ဆွာရက်စ်တုန်းကဆိုရင် အသင်းပရိသတ်တွေက ဟီးရိုးတွေအဖြစ် လွန်လွန်ကျူးကျူးကို ပစာပေးသလောက် ဆာလာကတော့ သွင်းဂိုး အနည်းငယ် ပျောက်ဆုံးရင်ကို ဝေဖန်မှုတွေ တိုက်ရိုက်ရရှိနေသူဖြစ်ပါတယ်။

ခရော့က ” ဆာလာက ဒီရာသီမှာ ဂိုး ၃၀ လောက် သွင်းယူနိုင်ပါလိမ့်မယ်။ သူက တစ်ဦးချင်းမှာလည်း ထူးချွန်တဲ့ ဆုတံဆိပ်တွေ အများကြီးကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ကျနော် သိပေမယ့် သူ့အပေါ် အသိအမှတ်ပြု လေးစားမှုတွေ အများကြီး လုပ်ပေးရဲ့လားဆိုတာ မသေချာပါဘူး။ အထူးသဖြင့် လီဗာပူးပရိသတ်တွေတောင်မှပေါ့။

ဆာလာဟာ လီဗာပူးမှာ ကစားတဲ့ ၃ ရာသီကျော်အတွင်းမှာပဲ သွင်းဂိုးစံချိန်တွေ တင်ရှိခဲ့တယ်။ ပရိသတ်တွေက သူ့ကို လူးဝစ်ဆွာရက်စ်နဲ့ ဖာနန်ဒို တောရက်စ်တို့ကို ချစ်ခင် အားပေးတဲ့ပုံစံနဲ့ အားပေးကြတယ်လို့ မထင်ပါဘူး။ ဆာလာက သူတို့ နှစ်ဦးထက် ဂိုးပိုသွင်းပြီး ပိုအောင်မြင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

အဲ့တာက ဆာလာရဲ့ အချိန်တိုအတွင်း အညှာအတာကင်းတဲ့ သက်ရောက်မှုကြောင့်လားဆိုတာကို ကျနော်လည်း မပြောနိုင်ဘူး။ ဒါပေမယ့် သူက ဒီထက်ပိုပြီး လေးစားမှုတွေ ရသင့်တယ်လို့ ကျနော် ခံစားနေရတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

ဆာလာဟာ လီဗာပူးအတွက် ၁၈၆ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၁၁၈ ဂိုး သွင်းယူထားပြီဖြစ်တယ်။ မှတ်တမ်းအရဆိုရင် လီဗာပူးအသင်းသမိုင်းမှာ မိနစ်အလိုက် ဂိုးရယူနိုင်မှုအတွင်း သူ့ထက် ပိုကောင်းတဲ့ ကစားသမားလည်း မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း ပီတာခေရာ့က ေဘာလံုးအသိုင္းအဝိုင္းနဲ႔ လီဗာပူးပရိသတ္ေတြဟာ ဆာလာအေပၚ ေလးစားမႈေတြ ပိုမိုေပးသင့္တယ္ဆိုတဲ့ သူ႔ရဲ႕အျမင္ကို ေဒးလီးေမလ္းကေန ေဖာ္ထုတ္ ေရးသားခဲ့ပါတယ္။

လီဗာပူးအသင္းအတြက္ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔ ႏွစ္ ၃၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ပရီးမီးယားလိဂ္ဖလားတို႔ကို ေအာင္ျမင္ေအာင္ ၾကိဳးစားေပးမႈမွာ အဓိကက်ခဲ့တဲ့ ဆာလာဟာ ပရိသတ္ေတြရဲ႕ ေလးစားမႈေတြကို သိပ္မရသူတစ္ဦးျဖစ္တယ္။

ႏိႈင္းယွဥ္မႈတစ္ခုကို လုပ္ျပရမယ္ဆိုရင္ ေတာရက္စ္၊ ဆြာရက္စ္တုန္းကဆိုရင္ အသင္းပရိသတ္ေတြက ဟီးရိုးေတြအျဖစ္ လြန္လြန္က်ဴးက်ဴးကို ပစာေပးသေလာက္ ဆာလာကေတာ့ သြင္းဂိုး အနည္းငယ္ ေပ်ာက္ဆံုးရင္ကို ေဝဖန္မႈေတြ တိုက္ရိုက္ရရွိေနသူျဖစ္ပါတယ္။

ခေရာ့က ” ဆာလာက ဒီရာသီမွာ ဂိုး ၃၀ ေလာက္ သြင္းယူႏုိင္ပါလိမ့္မယ္။ သူက တစ္ဦးခ်င္းမွာလည္း ထူးခၽြန္တဲ့ ဆုတံဆိပ္ေတြ အမ်ားၾကီးကို ပိုင္ဆိုင္ခဲ့တယ္ဆိုတာ က်ေနာ္ သိေပမယ့္ သူ႔အေပၚ အသိအမွတ္ျပဳ ေလးစားမႈေတြ အမ်ားၾကီး လုပ္ေပးရဲ႕လားဆိုတာ မေသခ်ာပါဘူး။ အထူးသျဖင့္ လီဗာပူးပရိသတ္ေတြေတာင္မွေပါ့။

ဆာလာဟာ လီဗာပူးမွာ ကစားတဲ့ ၃ ရာသီေက်ာ္အတြင္းမွာပဲ သြင္းဂိုးစံခ်ိန္ေတြ တင္ရွိခဲ့တယ္။ ပရိသတ္ေတြက သူ႔ကို လူးဝစ္ဆြာရက္စ္နဲ႔ ဖာနန္ဒို ေတာရက္စ္တို႔ကို ခ်စ္ခင္ အားေပးတဲ့ပံုစံနဲ႔ အားေပးၾကတယ္လို႔ မထင္ပါဘူး။ ဆာလာက သူတို႔ ႏွစ္ဦးထက္ ဂိုးပိုသြင္းျပီး ပိုေအာင္ျမင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

အဲ့တာက ဆာလာရဲ႕ အခ်ိန္တိုအတြင္း အညွာအတာကင္းတဲ့ သက္ေရာက္မႈေၾကာင့္လားဆိုတာကို က်ေနာ္လည္း မေျပာႏိုင္ဘူး။ ဒါေပမယ့္ သူက ဒီထက္ပိုျပီး ေလးစားမႈေတြ ရသင့္တယ္လို႔ က်ေနာ္ ခံစားေနရတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

ဆာလာဟာ လီဗာပူးအတြက္ ၁၈၆ ပြဲ ကစားေပးထားျပီး သြင္းဂိုး ၁၁၈ ဂိုး သြင္းယူထားျပီျဖစ္တယ္။ မွတ္တမ္းအရဆိုရင္ လီဗာပူးအသင္းသမိုင္းမွာ မိနစ္အလိုက္ ဂိုးရယူႏုိင္မႈအတြင္း သူ႔ထက္ ပိုေကာင္းတဲ့ ကစားသမားလည္း မရွိဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။