လီဗာပူးရဲ့ သုံးယောက်တန်း တိုက်စစ်တွဲလုံးထဲက တွဲဘက်ဖြစ်တဲ့ ဘော်ဘီနဲ့ ပက်သက်ပြီး မာနေးက ကာကွယ်ပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာ လီဗာပူးတိုက်စစ်ကို ဦးဆောင်သူဖြစ်ပြီး ဒီရာသီမှာတော့ သူ့ရဲ့ ပံ့ပိုးနိုင်စွမ်းနဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ များနေခြင်းအတွက် ဝေဖန်ခံရမှုတွေ ရှိနေတာပါ။ အထူးသဖြင့် ဒီရာသီမှာ ဂိုးပေါက်ပျောက်မှု ပြဿနာက ပိုကြီးထွားလာတဲ့နောက် သူ့နေရာမှာ အစားထိုးမှုတွေလုပ်ဖို့ ကြံဆောင်သင့်ပြီဆိုတဲ့ တိုက်တွန်းမှုတွေပါ ရှိနေတာဖြစ်တယ်။

၂၀၁၆ ခုနှစ်တည်းက တွဲဘက် ကစားလာခဲ့တဲ့ အသင်းဖော် တိုက်စစ်သမားဟာ လက်ရှိထက်ပိုတဲ့ လေးစားမှုတွေ ရသင့်သူဖြစ်ပြီး သူက အားလုံးကို လွယ်ကူစေခဲ့သူပါလို့ မာနေးက ပြောပါတယ်။

မာနေးက “ ဘော်ဘီက ကျနော်နဲ့ မိုထက် ပိုပြီး အသိအမှတ်ပြု ခံရထိုက်သူပါဗျာ ဒါ သေချာပါတယ်။ ဒါပေမယ့်လို့ သွင်းဂိုးတွေ သွင်းယူတာကို အမြဲတမ်း မြင်လိုကြတာကလည်း ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။

ဒါပေမယ့်လို့ ဘော်ဘီ မရှိဘူးဆိုရင် ကျနော်ကိုယ်တိုင်ကော မိုပါ ဂိုးတွေ ဒီလောက် သွင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို ရိုးရိုးသားသား ပြောလိုပါတယ်။ ဘော်ဘီက ကျနေ်ာတို့အတွက် အစစအရာရာ လွယ်ကူအောင် လုပ်ပေးခဲ့တယ်။ သူ့လို ကစားသမားကို ပိုင်ဆိုင်ထားတာက ဘရာဇီးအသင်းအတွက်လည်း သိပ်ကို ကံကောင်းပါတယ်။

ကျနော်က ဘော်ဘီကို ‘နိုင်ငံသားခံယူမှုကို ပြောင်းလဲပြီး ဆီနီဂေါကို လာခဲ့လိုက်’ ဆိုပြီး အမြဲတမ်း ပြောလေ့ရှိတယ်။ ကျနော်အတွက်တော့ အဲ့လိုဖြစ်လာဖို့က အိပ်မက်တစ်ခုပါပဲ။ ကျနော် သူ့ကို အရမ်းချစ်ခင်ပါတယ်။ သူက ကျနော် သဘောအကျဆုံး အသင်းဖော်လည်း ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

တစ်ကိုယ်ကောင်းဆန်မှု ကင်းမဲ့လွန်းတဲ့ ဖာမင်နိုဟာ လီဗာပူးအသင်းဖော်တွေနဲ့ ပရိသတ်တွေအပေါ်မှာ လွှမ်းမိုးမှုရှိဆဲ တိုက်စစ်သမားတစ်ဦးဖြစ်တယ်။ ဒါပေမယ့်လို့ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ အသင်းကို ပြန်လည် မတင်ပေးဖို့ရာ သူ့ထက်ကနေ အခုထက်ပိုတဲ့ ခြေစွမ်းတွေ မြင်ရဖို့ လိုအပ်နေတာကလည်း အမှန်တရားပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

လီဗာပူးရဲ႕ သံုးေယာက္တန္း တိုက္စစ္တြဲလံုးထဲက တြဲဘက္ျဖစ္တဲ့ ေဘာ္ဘီနဲ႔ ပက္သက္ျပီး မာေနးက ကာကြယ္ေျပာဆိုမႈ ျပဳလုပ္လာခဲ့ပါတယ္။

ဘရာဇီးတိုက္စစ္သမားဟာ လီဗာပူးတိုက္စစ္ကို ဦးေဆာင္သူျဖစ္ျပီး ဒီရာသီမွာေတာ့ သူ႔ရဲ႕ ပံ့ပိုးႏုိင္စြမ္းနဲ႔ အဆံုးသတ္ပိုင္း လိုအပ္ခ်က္ေတြ မ်ားေနျခင္းအတြက္ ေဝဖန္ခံရမႈေတြ ရွိေနတာပါ။ အထူးသျဖင့္ ဒီရာသီမွာ ဂိုးေပါက္ေပ်ာက္မႈ ျပႆနာက ပိုၾကီးထြားလာတဲ့ေနာက္ သူ႔ေနရာမွာ အစားထိုးမႈေတြလုပ္ဖို႔ ၾကံေဆာင္သင့္ျပီဆိုတဲ့ တိုက္တြန္းမႈေတြပါ ရွိေနတာျဖစ္တယ္။

၂၀၁၆ ခုႏွစ္တည္းက တြဲဘက္ ကစားလာခဲ့တဲ့ အသင္းေဖာ္ တိုက္စစ္သမားဟာ လက္ရွိထက္ပိုတဲ့ ေလးစားမႈေတြ ရသင့္သူျဖစ္ျပီး သူက အားလံုးကို လြယ္ကူေစခဲ့သူပါလို႔ မာေနးက ေျပာပါတယ္။

မာေနးက “ ေဘာ္ဘီက က်ေနာ္နဲ႔ မိုထက္ ပိုျပီး အသိအမွတ္ျပဳ ခံရထိုက္သူပါဗ်ာ ဒါ ေသခ်ာပါတယ္။ ဒါေပမယ့္လို႔ သြင္းဂိုးေတြ သြင္းယူတာကို အျမဲတမ္း ျမင္လိုၾကတာကလည္း ေဘာလံုးရဲ႕ အစိတ္အပိုင္း တစ္ခုပါပဲ။

ဒါေပမယ့္လို႔ ေဘာ္ဘီ မရွိဘူးဆိုရင္ က်ေနာ္ကိုယ္တိုင္ေကာ မိုပါ ဂိုးေတြ ဒီေလာက္ သြင္းႏုိင္မွာ မဟုတ္ဘူးဆိုတာကို ရိုးရိုးသားသား ေျပာလိုပါတယ္။ ေဘာ္ဘီက က်ေန္ာတို႔အတြက္ အစစအရာရာ လြယ္ကူေအာင္ လုပ္ေပးခဲ့တယ္။ သူ႔လို ကစားသမားကို ပိုင္ဆိုင္ထားတာက ဘရာဇီးအသင္းအတြက္လည္း သိပ္ကို ကံေကာင္းပါတယ္။

က်ေနာ္က ေဘာ္ဘီကို ‘ႏုိင္ငံသားခံယူမႈကို ေျပာင္းလဲျပီး ဆီနီေဂါကို လာခဲ့လိုက္’ ဆိုျပီး အျမဲတမ္း ေျပာေလ့ရွိတယ္။ က်ေနာ္အတြက္ေတာ့ အဲ့လိုျဖစ္လာဖို႔က အိပ္မက္တစ္ခုပါပဲ။ က်ေနာ္ သူ႔ကို အရမ္းခ်စ္ခင္ပါတယ္။ သူက က်ေနာ္ သေဘာအက်ဆံုး အသင္းေဖာ္လည္း ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

တစ္ကုိယ္ေကာင္းဆန္မႈ ကင္းမဲ့လြန္းတဲ့ ဖာမင္ႏိုဟာ လီဗာပူးအသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြအေပၚမွာ လႊမ္းမိုးမႈရွိဆဲ တိုက္စစ္သမားတစ္ဦးျဖစ္တယ္။ ဒါေပမယ့္လို႔ စြမ္းေဆာင္ရည္ က်ဆင္းေနတဲ့ အသင္းကို ျပန္လည္ မတင္ေပးဖို႔ရာ သူ႔ထက္ကေန အခုထက္ပိုတဲ့ ေျခစြမ္းေတြ ျမင္ရဖို႔ လိုအပ္ေနတာကလည္း အမွန္တရားပဲ ျဖစ္ပါလိမ့္မယ္။