လီဗာပူးအတွက် သတင်းဆိုးတစ်ခုအဖြစ် အဲဗာတန်နဲ့ပွဲမှာ ပေါင်ခြံ ဒဏ်ရာရသွားတဲ့ ဂျော်ဒန် ဟန်ဒါဆန်ဟာ အနည်းဆုံး ၁၂ ပတ်ထိ အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

တိကျတဲ့ အခြေအနေတော့ မဟုတ်သေးဘဲ ဒီရက်ပိုင်းမှာ ဒဏ်ရာနဲ့ ပက်သက်လို့ ခွဲစိတ်မှု ခံယူဖို့ လိုအပ်မလားဆိုတာကိုပါ ဆုံးဖြတ်ကြမှာဖြစ်တယ်။ အကယ်လို့ ခွဲစိတ်မှု ခံယူမယ်ဆိုရင်တော့ ရာသီကုန်ထိ နားရမှာဖြစ်သလို နွေမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကိုပါ လွဲချော်သွားမယ့် အခြေအနေဖြစ်ပါတယ်။

မာဆေးဆိုဒ်ဒါဘီမှာ မိနစ် ၃၀ မှာတင်ပဲ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရတဲ့ ဟန်ဒါဆန်ရဲ့ ဒဏ်ရာကို တနင်္လာနေ့က စကန်ဖတ်ခဲ့တာပါ။ အသင်းဘက်ကတော့ ရလဒ်ထွက်ပေါ်ဖို့ စောင့်မျှော်နေဆဲဖြစ်ကာ သူ ရာသီကုန်ထိ နားရမယ်ဆိုရင်တော့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့နောက်ပိုင်း လေးဦးမြောက် အနားယူရမယ့် ကစားသမား ဖြစ်လာပါမယ်။

ဟန်ဒါဆန်ဟာ ကွင်းလယ်ကနေ ဗဟိုခံစစ်မှူးနေရာ ဝင်ကစားနေသူဖြစ်ပြီး သူဒဏ်ရာရခြင်းက စွမ်းဆောင်ရည်တွေ ကျဆင်းနေတဲ့ လီဗာပူးကွင်းလယ်အတွက် ပိုမို အားလျော့စရာ ဖြစ်လာနိုင်တယ်။ လက်ရှိ ကွင်းလယ်မှာ နံပါတ် ၆ နေရာ ကစားနိုင်တဲ့ ဖာဘင်ညိုကော ဟန်ဒါဆန်ပါ အဆိုပါနေရာမှာ မကစားပေးနိုင်ဘဲ ဗဟိုခံစစ်ကို ဆင်းကစားနေရတာဖြစ်တယ်။

ဟန်ဒါဆန်ဟာ မနှစ်က ရာသီသိမ်းပွဲစဉ် အချို့ကိုလည်း ဒူးဒဏ်ရာကြောင့် လွဲချော်ထားခဲ့တယ်။ ဒဏ်ရာရခဲ့ချိန်မှာပဲ လီဗာပူးဆေးအဖွဲ့ရဲ့ ကနဦး စစ်ဆေးမှုတွေအရ ဒီတစ်ကြိမ် သူလွဲချော်မယ့် ပွဲတွေမှာတော့ ရှက်ဖီး၊ ချယ်ဆီး၊ ဖူလ်ဟမ်၊ ဝုဗ်နဲ့ လိုက်ဇစ်နဲ့ ဒုတိယအကျော့ပွဲတွေ ပါဝင်သွားမှာဖြစ်ကြောင်း သိထားရတယ်။ ဒီရက်ပိုင်း ထွက်ပေါ်မယ့် စကန်ရလဒ်က ခန့်မှန်းထားသလို ဆိုးရွားခဲ့မယ်ဆိုရင်တော့ ရာသီကုန်ထိ လွဲချော်သွားမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအတြက္ သတင္းဆိုးတစ္ခုအျဖစ္ အဲဗာတန္နဲ႔ပြဲမွာ ေပါင္ျခံ ဒဏ္ရာရသြားတဲ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ အနည္းဆံုး ၁၂ ပတ္ထိ အနားယူရဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

တိက်တဲ့ အေျခအေနေတာ့ မဟုတ္ေသးဘဲ ဒီရက္ပိုင္းမွာ ဒဏ္ရာနဲ႔ ပက္သက္လို႔ ခြဲစိတ္မႈ ခံယူဖို႔ လိုအပ္မလားဆိုတာကိုပါ ဆံုးျဖတ္ၾကမွာျဖစ္တယ္။ အကယ္လို႔ ခြဲစိတ္မႈ ခံယူမယ္ဆိုရင္ေတာ့ ရာသီကုန္ထိ နားရမွာျဖစ္သလို ေႏြမွာ က်င္းပမယ့္ ယူရိုျပိဳင္ပြဲကိုပါ လြဲေခ်ာ္သြားမယ့္ အေျခအေနျဖစ္ပါတယ္။

မာေဆးဆိုဒ္ဒါဘီမွာ မိနစ္ ၃၀ မွာတင္ပဲ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္ခြာခဲ့ရတဲ့ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာကို တနလၤာေန႔က စကန္ဖတ္ခဲ့တာပါ။ အသင္းဘက္ကေတာ့ ရလဒ္ထြက္ေပၚဖို႔ ေစာင့္ေမွ်ာ္ေနဆဲျဖစ္ကာ သူ ရာသီကုန္ထိ နားရမယ္ဆိုရင္ေတာ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ေနာက္ပိုင္း ေလးဦးေျမာက္ အနားယူရမယ့္ ကစားသမား ျဖစ္လာပါမယ္။

ဟန္ဒါဆန္ဟာ ကြင္းလယ္ကေန ဗဟိုခံစစ္မွဴးေနရာ ဝင္ကစားေနသူျဖစ္ျပီး သူဒဏ္ရာရျခင္းက စြမ္းေဆာင္ရည္ေတြ က်ဆင္းေနတဲ့ လီဗာပူးကြင္းလယ္အတြက္ ပိုမို အားေလ်ာ့စရာ ျဖစ္လာႏုိင္တယ္။ လက္ရွိ ကြင္းလယ္မွာ နံပါတ္ ၆ ေနရာ ကစားႏုိင္တဲ့ ဖာဘင္ညိဳေကာ ဟန္ဒါဆန္ပါ အဆိုပါေနရာမွာ မကစားေပးႏုိင္ဘဲ ဗဟိုခံစစ္ကို ဆင္းကစားေနရတာျဖစ္တယ္။

ဟန္ဒါဆန္ဟာ မႏွစ္က ရာသီသိမ္းပြဲစဥ္ အခ်ိဳ႔ကိုလည္း ဒူးဒဏ္ရာေၾကာင့္ လြဲေခ်ာ္ထားခဲ့တယ္။ ဒဏ္ရာရခဲ့ခ်ိန္မွာပဲ လီဗာပူးေဆးအဖြဲ႔ရဲ႕ ကနဦး စစ္ေဆးမႈေတြအရ ဒီတစ္ၾကိမ္ သူလြဲေခ်ာ္မယ့္ ပြဲေတြမွာေတာ့ ရွက္ဖီး၊ ခ်ယ္ဆီး၊ ဖူလ္ဟမ္၊ ဝုဗ္နဲ႔ လိုက္ဇစ္နဲ႔ ဒုတိယအေက်ာ့ပြဲေတြ ပါဝင္သြားမွာျဖစ္ေၾကာင္း သိထားရတယ္။ ဒီရက္ပိုင္း ထြက္ေပၚမယ့္ စကန္ရလဒ္က ခန္႔မွန္းထားသလို ဆိုးရြားခဲ့မယ္ဆိုရင္ေတာ့ ရာသီကုန္ထိ လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။