ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ပြင်ပ ခရီးတွေ ထွက်ခွာပြီး ပြန်ဝင်လာခဲ့ရင် ကွာရန်တင်း ၁၀ ရက် နေရမယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

ကစားသမားတွေဟာ နေအိမ်ကနေ ထွက်ခွာပြီးရင် ပွဲကစားမှုကိုပဲ လုပ်ရမှာဖြစ်တယ်။ အခုသက်မှတ်မယ့် စည်းကမ်းဟာ နိုင်ငံတကာ ချစ်ကြည်ရေးပွဲတွေ အတွက်ကော ချန်ပီယံလိဂ်ပွဲတွေ အတွက်ပါ အကြုံးဝင်ပါတယ်။

ကွာရန်တင်း ၁၀ ရက်ဆိုပေမယ့် ၅ ရက်အတွင်း ကိုဗစ်စစ်ဆေးမှုက negative ဖြစ်နေခဲ့ရင်လည်း ရပ်နားခွင့်ရှိတယ်လို့ သိရတယ်။ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ကိတ်တာတို့ဟာ နိုင်ငံတကာပွဲတွေကနေ ပြန်အလာမှာ ကိုဗစ်ပိုးတွေ ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေက ကစားသမားတွေရဲ့ လေ့ကျင့်ရေး ပုံစံတွေနဲ့ ကစားပွဲတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်တယ်။ ကစားသမားတွေဟာ နေအိမ်ကနေ ထွက်ခွာရာမှာ ဘောလုံးကစားဖို့ဆိုတဲ့ အကြောင်းရင်းကလွဲရင် အခြား အကြောင်းကြောင့် ထွက်ခွာခွင့်တွေ ပေးမှာလည်း မဟုတ်ပါဘူး။

ဗြိတိန်အစိုးရဟာ ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်တွေကို အသစ်အသစ်တွေ ပြောင်းလဲ ချမှတ်နေတာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ နိုင်ငံတကာ သီတင်းပတ် ရောက်လာတော့မှာအတွက် ကြိုတင် ပြင်ဆင်ခြင်းလည်း ဖြစ်လာပါလိမ့်မယ်။

မတ်လမှာ နိုင်ငံတကာပွဲတွေ ပြန်လည် ကစားရဦးမှာဖြစ်ပြီး အခြားသော လက်ရွေးစင်အသင်းတွေက သက်ဆိုင်ရာ ပွဲတွေရှိထားသလို ဘရာဇီးကစားသမားတွေက လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာဖလား ခြေစစ်ပွဲတွေ ဆက်လက် ကစားရဦးမယ်လို့ သိရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြဟာ ျပင္ပ ခရီးေတြ ထြက္ခြာျပီး ျပန္ဝင္လာခဲ့ရင္ ကြာရန္တင္း ၁၀ ရက္ ေနရမယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

ကစားသမားေတြဟာ ေနအိမ္ကေန ထြက္ခြာျပီးရင္ ပြဲကစားမႈကိုပဲ လုပ္ရမွာျဖစ္တယ္။ အခုသက္မွတ္မယ့္ စည္းကမ္းဟာ ႏုိင္ငံတကာ ခ်စ္ၾကည္ေရးပြဲေတြ အတြက္ေကာ ခ်န္ပီယံလိဂ္ပြဲေတြ အတြက္ပါ အၾကံဳးဝင္ပါတယ္။

ကြာရန္တင္း ၁၀ ရက္ဆိုေပမယ့္ ၅ ရက္အတြင္း ကိုဗစ္စစ္ေဆးမႈက negative ျဖစ္ေနခဲ့ရင္လည္း ရပ္နားခြင့္ရွိတယ္လို႔ သိရတယ္။ လီဗာပူးကစားသမားေတြျဖစ္တဲ့ ဆာလာနဲ႔ ကိတ္တာတို႔ဟာ ႏုိင္ငံတကာပြဲေတြကေန ျပန္အလာမွာ ကိုဗစ္ပိုးေတြ ကူးစက္ခံခဲ့ရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

ေျပာင္းလဲလိုက္တဲ့ စည္းမ်ဥ္းေတြက ကစားသမားေတြရဲ႕ ေလ့က်င့္ေရး ပံုစံေတြနဲ႔ ကစားပြဲေတြအေပၚ သက္ေရာက္မႈရွိမွာျဖစ္တယ္။ ကစားသမားေတြဟာ ေနအိမ္ကေန ထြက္ခြာရာမွာ ေဘာလံုးကစားဖို႔ဆိုတဲ့ အေၾကာင္းရင္းကလြဲရင္ အျခား အေၾကာင္းေၾကာင့္ ထြက္ခြာခြင့္ေတြ ေပးမွာလည္း မဟုတ္ပါဘူး။

ျဗိတိန္အစိုးရဟာ ကိုဗစ္ဆိုင္ရာ လမ္းညႊန္ခ်က္ေတြကို အသစ္အသစ္ေတြ ေျပာင္းလဲ ခ်မွတ္ေနတာျဖစ္ျပီး ဒီတစ္ၾကိမ္ကေတာ့ ႏိုင္ငံတကာ သီတင္းပတ္ ေရာက္လာေတာ့မွာအတြက္ ၾကိဳတင္ ျပင္ဆင္ျခင္းလည္း ျဖစ္လာပါလိမ့္မယ္။

မတ္လမွာ ႏိုင္ငံတကာပြဲေတြ ျပန္လည္ ကစားရဦးမွာျဖစ္ျပီး အျခားေသာ လက္ေရြးစင္အသင္းေတြက သက္ဆိုင္ရာ ပြဲေတြရွိထားသလို ဘရာဇီးကစားသမားေတြက လက္ေရြးစင္အသင္းနဲ႔အတူ ကမၻာဖလား ေျခစစ္ပြဲေတြ ဆက္လက္ ကစားရဦးမယ္လို႔ သိရပါတယ္။