လီဗာပူးတိုက်စစ်သမား မာနေးက ရာသီစတုန်းက အသင်းဟာ ဆုဖလားတိုင်းကို ပစ်မှတ်ထားဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အဆင့်လေးအတွင်း ဝင်ဖို့နဲ့ ချန်ပီယံလိဂ်ဖလားအတွက် ကြိုးစားယှဉ်ပြိုင်ဖို့ကိုပဲ ဦးတည်သွားမယ်လို့ ထုတ်ပြောလာပါတယ်။

အရှူံးမပေးလိုသေးပေမယ့်လည်း မာနေးက ပရီးမီးယားလိဂ်ကို လက်လျော့ရဖို့ အချိန်တန်ပြီဆိုတာကို နားလည်ထားတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အစား ပိုမို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေကို ရည်မှန်းချက်အသစ်တွေအဖြစ် သူက ရွေးချယ်ထားပါတယ်။

မာနေးက “ ပထမဆုံး အနေနဲ့ ရာသီစတုန်းက ကျနေ်ာ အပါအဝင် အသင်းက လူတွေအားလုံး၊ ကစားသမားတွေ အားလုံးမှာ ဦးတည်ချက်တွေ ရှိခဲ့ပါတယ်။ ကလပ်အတွက်လည်း အတူတူပါပဲ။

ရာသီစတုန်းက ကျနေ်ာတို့ရဲ့ ဦးတည်ချက်က ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ဆုဖလားပြိုင်ပွဲတွေ ဖြစ်ပါတယ်။ အခုချိန်မှာ ကျနော် ပြောနိုင်တာက ပရီးမီးယားလိဂ်က ပြီးသွားပါပြီ။ ကျနေ်ာတို့ရဲ့ ခေါင်းထဲမှာတော့ ‘ငါတို့ ဘယ်တော့မှ လက်မလျော့သေးဘူးကွာ’ လို့ ပြောနေပေမယ့် ပြီးသွားခဲ့ပြီဆိုတာ သေချာပါတယ်။ မန်စီးတီးက သိပ်ကောင်းနေပြီဖြစ်ပါတယ်။

အဆင့်လေးအတွင်း ဝင်ဖို့ကပဲ ကျနေ်ာတို့ရဲ့ ဦးတည်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကတော့ ကျနေ်ာတို့ရဲ့ အဓိက အဓိက ဦးတည်ချက်ပါ။ အဲ့တာကို အနိုင်ရဖို့က လွယ်ကူမှာ မဟုတ်ပါဘူး။ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာအကောင်းဆုံးအသင်းကို အနိုင်ယူဖို့ ကျနေ်ာတို့ ရှိနေပါတယ်။

ချန်ပီယံလိဂ်မှာ ရှေ့ဆက်သွားနိုင်ဖို့ ကျနေ်ာတို့ ကြိုးစားနိုင်တာ အားလုံးကို အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးက ရာသီစတုန္းက အသင္းဟာ ဆုဖလားတိုင္းကို ပစ္မွတ္ထားဖို႔ ရည္ရြယ္ခဲ့ေပမယ့္လည္း အခုခ်ိန္မွာေတာ့ အဆင့္ေလးအတြင္း ဝင္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ဖလားအတြက္ ၾကိဳးစားယွဥ္ျပိဳင္ဖို႔ကိုပဲ ဦးတည္သြားမယ္လို႔ ထုတ္ေျပာလာပါတယ္။

အရွံဴးမေပးလိုေသးေပမယ့္လည္း မာေနးက ပရီးမီးယားလိဂ္ကို လက္ေလ်ာ့ရဖို႔ အခ်ိန္တန္ျပီဆိုတာကို နားလည္ထားတယ္။ ခ်န္ပီယံဘြဲ႔ကို ကာကြယ္ဖို႔အစား ပိုမို လက္ေတြ႔က်တဲ့ လုပ္ငန္းစဥ္ေတြကို ရည္မွန္းခ်က္အသစ္ေတြအျဖစ္ သူက ေရြးခ်ယ္ထားပါတယ္။

မာေနးက “ ပထမဆံုး အေနနဲ႔ ရာသီစတုန္းက က်ေန္ာ အပါအဝင္ အသင္းက လူေတြအားလံုး၊ ကစားသမားေတြ အားလံုးမွာ ဦးတည္ခ်က္ေတြ ရွိခဲ့ပါတယ္။ ကလပ္အတြက္လည္း အတူတူပါပဲ။

ရာသီစတုန္းက က်ေန္ာတို႔ရဲ႕ ဦးတည္ခ်က္က ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ ဆုဖလားျပိဳင္ပြဲေတြ ျဖစ္ပါတယ္။ အခုခ်ိန္မွာ က်ေနာ္ ေျပာႏုိင္တာက ပရီးမီးယားလိဂ္က ျပီးသြားပါျပီ။ က်ေန္ာတို႔ရဲ႕ ေခါင္းထဲမွာေတာ့ ‘ငါတို႔ ဘယ္ေတာ့မွ လက္မေလ်ာ့ေသးဘူးကြာ’ လို႔ ေျပာေနေပမယ့္ ျပီးသြားခဲ့ျပီဆိုတာ ေသခ်ာပါတယ္။ မန္စီးတီးက သိပ္ေကာင္းေနျပီျဖစ္ပါတယ္။

အဆင့္ေလးအတြင္း ဝင္ဖို႔ကပဲ က်ေန္ာတို႔ရဲ႕ ဦးတည္ခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ကေတာ့ က်ေန္ာတို႔ရဲ႕ အဓိက အဓိက ဦးတည္ခ်က္ပါ။ အဲ့တာကို အႏုိင္ရဖို႔က လြယ္ကူမွာ မဟုတ္ပါဘူး။ ဥေရာပရဲ႕ အေကာင္းဆံုး အသင္းေတြကို ရင္ဆိုင္ရမွာျဖစ္တယ္။ ဒါေပမယ့္ ကမၻာအေကာင္းဆံုးအသင္းကို အႏုိင္ယူဖို႔ က်ေန္ာတို႔ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္မွာ ေရွ႔ဆက္သြားႏုိင္ဖို႔ က်ေန္ာတို႔ ၾကိဳးစားႏုိင္တာ အားလံုးကို အေကာင္းဆံုး ၾကိဳးစားသြားမွာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။