Date

July 10, 2021

အက်ဆာလေ့ကျင့်ရေးကွင်းမှာ ရိန်းဂျားအသင်းနဲ့အတူ လာရောက် လေ့ကျင့်နေတဲ့ စတီဗင်ဂျရတ်

စတီဗင်ဂျရတ် ဦးဆောင်တဲ့ ရိန်းဂျားအသင်းဟာ သူတို့အသင်းအတွက် ခရီးတစ်ထောင့်နားမှုအဖြစ် လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးကွင်းမှာ လာရောက် လေ့ကျင့်နေပြီဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ စကော်တလန် အမှတ်ပေးချန်ပီယံအသင်းဟာ ရံှူးပွဲမရှိ ဆုဖလားအနိုင်ရခဲ့ပြီး ယူရိုပါလိဂ်မှာ ၁၆ သင်းအဆင့်ထိ တက်ရောက်နိုင်ခဲ့တယ်။ ကောင်းမွန်တဲ့ ရလဒ်တွေကို ဆက်လက် ထိန်းသိမ်းပြီး နောက်ထပ် စိန်ခေါ်မှုသစ်တွေ စတင်ဖို့အတွက် ရိန်းဂျားဘက်က ပြင်ဆင်နေပြီဖြစ်ပါတယ်။ ရာသီသစ်မှာ ချန်ပီယံလိဂ် အုပ်စုတွင်း ဝင်ရောက်နိုင်ဖို့ ခြေစစ်ပွဲကနေ စတင်ရမယ့် ရိန်းဂျားအသင်းက စနေနေ့မှာပဲ ထရန်မီရီအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားရမှာဖြစ်တယ်။… Continue Reading →

တိုင်လီမန်း၊ ဆော၊ ဆန်းချက်တို့ထဲက ဦးစားပေး ကစားသမားကို ရွေးချယ်ထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ကွင်းလယ်လူသစ် ရှာဖွေနေရာမှာ အခုချိန်ထိ မန်နေဂျာကလော့ပ်ရဲ့ ကစားကွက်နဲ့ ကိုက်ညီမယ့်သူကို ရွေးထုတ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ဟန် ရှိပါတယ်။ လီဗာပူးအသင်းဟာ အက်သလက်တီကို မက်ဒရစ်မှ ဆော၊ လိုင်လီမှ ဆန်းချက်နဲ့ လက်စတာမှ တိုင်လီမန်းတို့ကို မျက်စိကျနေခဲ့တာဖြစ်တယ်။ အခုချိန်ထိ မည်သူက ယာဂင်ကလော့ပ် အကြိုက် ကစားသမားဖြစ်မယ်ဆိုတာ မသိသေးပေမယ့် ကလပ်ဘက်က လက်စတာမှ စွမ်းဆောင်ပြထားပြီးဖြစ်တဲ့ တိုင်လီမန်းကို သဘောပိုတွေ့နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ စပိန်ဘက်က စတင်လာတဲ့နောက် အက်သလက်တီကိုကနေ ထွက်ခွာလိုတဲ့ ဆောကို လီဗာပူးဘက်က ချိတ်ဆက်နေတယ်ဆိုတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!