လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ကွင်းလယ်လူသစ် ရှာဖွေနေရာမှာ အခုချိန်ထိ မန်နေဂျာကလော့ပ်ရဲ့ ကစားကွက်နဲ့ ကိုက်ညီမယ့်သူကို ရွေးထုတ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ဟန် ရှိပါတယ်။

လီဗာပူးအသင်းဟာ အက်သလက်တီကို မက်ဒရစ်မှ ဆော၊ လိုင်လီမှ ဆန်းချက်နဲ့ လက်စတာမှ တိုင်လီမန်းတို့ကို မျက်စိကျနေခဲ့တာဖြစ်တယ်။ အခုချိန်ထိ မည်သူက ယာဂင်ကလော့ပ် အကြိုက် ကစားသမားဖြစ်မယ်ဆိုတာ မသိသေးပေမယ့် ကလပ်ဘက်က လက်စတာမှ စွမ်းဆောင်ပြထားပြီးဖြစ်တဲ့ တိုင်လီမန်းကို သဘောပိုတွေ့နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စပိန်ဘက်က စတင်လာတဲ့နောက် အက်သလက်တီကိုကနေ ထွက်ခွာလိုတဲ့ ဆောကို လီဗာပူးဘက်က ချိတ်ဆက်နေတယ်ဆိုတဲ့ အပြောင်းအရွှေ့ သတင်းတွေ ဒီရက်ပိုင်း ဖော်ပြမှုများလာခဲ့တယ်။ နာမည်ကျော် သတင်းထောက်ဖြစ်တဲ့ Fabrizio Romano က အဆိုပါသတင်းကို မငြင်းပေမယ့် အခုချိန်ထိ တိုးတက်တဲ့ အနေအထားမှာ ရှိမနေသေးဘူးလို့ ဆိုပါတယ်။

Fabrizio Romano က ပြောရာမှာ ” လီဗာပူးက ကွင်းလယ်လူသစ် ရှာနေပါတယ်။ ဒါပေမယ့်လို့ အခုချိန်မှာ ကွင်းလယ်က ဦးစားပေး မဟုတ်ပါဘူး။ လီဗာပူးက တောင်ပံ (သို့) အထောင်တိုက်စစ်သမားကို လက်မှတ်ထိုးမှု လုပ်သွားမယ်လို့ ကျနော် မျှော်လင့်ထားတယ်။

ဒီတော့ အခုချိန်မှာ လီဗာပူးနဲ့ အက်သလက်တီကို မက်ဒရစ်ကြား စကားပြောမှုက တိုးတက်တဲ့အဆင့်ကို မရောက်သေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ ဘယ်ဂျီယံ ဂုဏ်သိက္ခာရှိ သတင်းထောက်တွေက လီဗာပူးဟာ ဆော၊ ဆန်းချက်ထက်စာရင် ပရီးမီးယားလိဂ်မှာ အသားကျနေတဲ့ လက်စတာမှ တိုင်လီမန်းကို ပိုသဘောတွေ့တယ်လို့ ဆိုလာကြတယ်။ ဘယ်ဂျီယံ သတင်းထောက်တွေကတော့ လီဗာပူးက ကွင်းလယ်လူအတွက် ပေါင် ၅၅ သန်းလောက် သုံးရမယ်လို့ ဆိုပါတယ်။

ယူရိုပြိုင်ပွဲ ပြီးဆုံးတော့မှာဖြစ်လို့ လီဗာပူးရဲ့ နွေပစ်မှတ်ဟာ မကြာခင်မှာ ရုပ်လုံးပေါ်လာတော့မှာဖြစ်တယ်။ ကလပ်ဘက်က တိုက်စစ်သမားနဲ့ ကွင်းလယ်သမား တစ်ဦးစီ ဖြည့်တင်းမှာ ဖြစ်ပြီး ဘယ်သူက အရင် ရောက်လာမယ်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီသစ္အတြက္ ကြင္းလယ္လူသစ္ ရွာေဖြေနရာမွာ အခုခ်ိန္ထိ မန္ေနဂ်ာကေလာ့ပ္ရဲ႕ ကစားကြက္နဲ႔ ကိုက္ညီမယ့္သူကို ေရြးထုတ္ႏုိင္ဖို႔ ၾကိဳးစားေနဆဲျဖစ္ဟန္ ရွိပါတယ္။

လီဗာပူးအသင္းဟာ အက္သလက္တီကို မက္ဒရစ္မွ ေဆာ၊ လိုင္လီမွ ဆန္းခ်က္နဲ႔ လက္စတာမွ တိုင္လီမန္းတို႔ကို မ်က္စိက်ေနခဲ့တာျဖစ္တယ္။ အခုခ်ိန္ထိ မည္သူက ယာဂင္ကေလာ့ပ္ အၾကိဳက္ ကစားသမားျဖစ္မယ္ဆိုတာ မသိေသးေပမယ့္ ကလပ္ဘက္က လက္စတာမွ စြမ္းေဆာင္ျပထားျပီးျဖစ္တဲ့ တိုင္လီမန္းကို သေဘာပိုေတြ႔ေနတယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

စပိန္ဘက္က စတင္လာတဲ့ေနာက္ အက္သလက္တီကိုကေန ထြက္ခြာလိုတဲ့ ေဆာကို လီဗာပူးဘက္က ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ အေျပာင္းအေရႊ႔ သတင္းေတြ ဒီရက္ပိုင္း ေဖာ္ျပမႈမ်ားလာခဲ့တယ္။ နာမည္ေက်ာ္ သတင္းေထာက္ျဖစ္တဲ့ Fabrizio Romano က အဆိုပါသတင္းကို မျငင္းေပမယ့္ အခုခ်ိန္ထိ တိုးတက္တဲ့ အေနအထားမွာ ရွိမေနေသးဘူးလို႔ ဆိုပါတယ္။

Fabrizio Romano က ေျပာရာမွာ ” လီဗာပူးက ကြင္းလယ္လူသစ္ ရွာေနပါတယ္။ ဒါေပမယ့္လို႔ အခုခ်ိန္မွာ ကြင္းလယ္က ဦးစားေပး မဟုတ္ပါဘူး။ လီဗာပူးက ေတာင္ပံ (သို႔) အေထာင္တိုက္စစ္သမားကို လက္မွတ္ထိုးမႈ လုပ္သြားမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။

ဒီေတာ့ အခုခ်ိန္မွာ လီဗာပူးနဲ႔ အက္သလက္တီကို မက္ဒရစ္ၾကား စကားေျပာမႈက တိုးတက္တဲ့အဆင့္ကို မေရာက္ေသးပါဘူး ” လို႔ ဆိုခ့ဲတာျဖစ္တယ္။

တစ္ခ်ိန္တည္းမွာပဲ ဘယ္ဂ်ီယံ ဂုဏ္သိကၡာရွိ သတင္းေထာက္ေတြက လီဗာပူးဟာ ေဆာ၊ ဆန္းခ်က္ထက္စာရင္ ပရီးမီးယားလိဂ္မွာ အသားက်ေနတဲ့ လက္စတာမွ တိုင္လီမန္းကို ပိုသေဘာေတြ႔တယ္လို႔ ဆိုလာၾကတယ္။ ဘယ္ဂ်ီယံ သတင္းေထာက္ေတြကေတာ့ လီဗာပူးက ကြင္းလယ္လူအတြက္ ေပါင္ ၅၅ သန္းေလာက္ သံုးရမယ္လို႔ ဆိုပါတယ္။

ယူရိုျပိဳင္ပြဲ ျပီးဆံုးေတာ့မွာျဖစ္လို႔ လီဗာပူးရဲ႕ ေႏြပစ္မွတ္ဟာ မၾကာခင္မွာ ရုပ္လံုးေပၚလာေတာ့မွာျဖစ္တယ္။ ကလပ္ဘက္က တိုက္စစ္သမားနဲ႔ ကြင္းလယ္သမား တစ္ဦးစီ ျဖည့္တင္းမွာ ျဖစ္ျပီး ဘယ္သူက အရင္ ေရာက္လာမယ္ဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။