စတီဗင်ဂျရတ် ဦးဆောင်တဲ့ ရိန်းဂျားအသင်းဟာ သူတို့အသင်းအတွက် ခရီးတစ်ထောင့်နားမှုအဖြစ် လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးကွင်းမှာ လာရောက် လေ့ကျင့်နေပြီဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ စကော်တလန် အမှတ်ပေးချန်ပီယံအသင်းဟာ ရံှူးပွဲမရှိ ဆုဖလားအနိုင်ရခဲ့ပြီး ယူရိုပါလိဂ်မှာ ၁၆ သင်းအဆင့်ထိ တက်ရောက်နိုင်ခဲ့တယ်။ ကောင်းမွန်တဲ့ ရလဒ်တွေကို ဆက်လက် ထိန်းသိမ်းပြီး နောက်ထပ် စိန်ခေါ်မှုသစ်တွေ စတင်ဖို့အတွက် ရိန်းဂျားဘက်က ပြင်ဆင်နေပြီဖြစ်ပါတယ်။

ရာသီသစ်မှာ ချန်ပီယံလိဂ် အုပ်စုတွင်း ဝင်ရောက်နိုင်ဖို့ ခြေစစ်ပွဲကနေ စတင်ရမယ့် ရိန်းဂျားအသင်းက စနေနေ့မှာပဲ ထရန်မီရီအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားရမှာဖြစ်တယ်။ အဲ့အတွက် ပြင်ဆင်မှုအဖြစ် စတီဗင်ဂျရတ်က အက်ဆာမှာ လေ့ကျင့်ခွင့်ပေးဖို့ လီဗာပူးကို တောင်းဆိုခဲ့ကာ လာရောက် လေ့ကျင့်နေခြင်း ဖြစ်ပါတယ်။

ခါဘီက အကယ်ဒမီမှာ လေ့ကျင့်သင်ကြားရင်း လီဗာပူးစီနီယာအသင်းထံ ရောက်လာခဲ့တဲ့ ဂျရတ်အတွက် နယ်မြေဟောင်းထံ ပြန်လာရတာပါ။ ဒါပေမယ့်လို့ ဒီတစ်ကြိမ် သူရောက်လာတာက အကယ်ဒမီဘေးက အက်ဆာလေ့ကျင့်ရေးကျောင်းဖြစ်ပြီး စီနီယာအသင်းအတွက် မနှစ်ကမှ စတင် အသုံးပြုခဲ့တာဖြစ်တယ်။

လီဗာပူးပရိသတ်တွေက အက်ဆာထံ စတီဗင်ရောက်လာတာအတွက် ကျေနပ်စကားတွေ ပြောဆိုခဲ့တယ်။ အနာဂတ်မှာ လီဗာပူးမန်နေဂျာဖြစ်လာမယ်လို့ ရေပန်းစားသူတစ်ဦးက အခုလို အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သိနားလည်နေတာက အကောင်းမြင်စရာကိစ္စအဖြစ် မှတ်ချက်ပေးမှုတွေ များပါတယ်။

အစောပိုင်းတုန်းက လီဗာပူးနဲ့ ရိန်းဂျားအသင်းတို့ဟာ အန်ဖီးမှာ ချစ်ကြည်ရေးပွဲ ကစားဖို့လည်း စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လို့ ဗြိတိန်အစိုးရရဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေကြောင့်ပဲ အဆိုပါကိစ္စကို ပယ်ဖျက်ခဲ့ရတယ်။ လီဗာပူးအသင်းဟာ ဂျူလိုင်လအတွင်း ပြည်တွင်းမှာ ချစ်ကြည်ရေးပွဲ ကစားမှာ မဟုတ်ဘဲ သြစတြီးယားကို ရာသီကြို ထွက်ခွာမှာ ဖြစ်ပါတယ်။

ZAWGYI

စတီဗင္ဂ်ရတ္ ဦးေဆာင္တဲ့ ရိန္းဂ်ားအသင္းဟာ သူတို႔အသင္းအတြက္ ခရီးတစ္ေထာင့္နားမႈအျဖစ္ လီဗာပူးရဲ႕ အက္ဆာ ေလ့က်င့္ေရးကြင္းမွာ လာေရာက္ ေလ့က်င့္ေနျပီျဖစ္ပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ စေကာ္တလန္ အမွတ္ေပးခ်န္ပီယံအသင္းဟာ ရံွဴးပြဲမရွိ ဆုဖလားအႏုိင္ရခဲ့ျပီး ယူရိုပါလိဂ္မွာ ၁၆ သင္းအဆင့္ထိ တက္ေရာက္ႏုိင္ခဲ့တယ္။ ေကာင္းမြန္တဲ့ ရလဒ္ေတြကို ဆက္လက္ ထိန္းသိမ္းျပီး ေနာက္ထပ္ စိန္ေခၚမႈသစ္ေတြ စတင္ဖို႔အတြက္ ရိန္းဂ်ားဘက္က ျပင္ဆင္ေနျပီျဖစ္ပါတယ္။

ရာသီသစ္မွာ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ဝင္ေရာက္ႏုိင္ဖို႔ ေျခစစ္ပြဲကေန စတင္ရမယ့္ ရိန္းဂ်ားအသင္းက စေနေန႔မွာပဲ ထရန္မီရီအသင္းနဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားရမွာျဖစ္တယ္။ အဲ့အတြက္ ျပင္ဆင္မႈအျဖစ္ စတီဗင္ဂ်ရတ္က အက္ဆာမွာ ေလ့က်င့္ခြင့္ေပးဖို႔ လီဗာပူးကို ေတာင္းဆိုခဲ့ကာ လာေရာက္ ေလ့က်င့္ေနျခင္း ျဖစ္ပါတယ္။

ခါဘီက အကယ္ဒမီမွာ ေလ့က်င့္သင္ၾကားရင္း လီဗာပူးစီနီယာအသင္းထံ ေရာက္လာခဲ့တဲ့ ဂ်ရတ္အတြက္ နယ္ေျမေဟာင္းထံ ျပန္လာရတာပါ။ ဒါေပမယ့္လို႔ ဒီတစ္ၾကိမ္ သူေရာက္လာတာက အကယ္ဒမီိိိိိိိိိိိိိိိိေဘးက အက္ဆာေလ့က်င့္ေရးေက်ာင္းျဖစ္ျပီး စီနီယာအသင္းအတြက္ မႏွစ္ကမွ စတင္ အသံုးျပဳခဲ့တာျဖစ္တယ္။

လီဗာပူးပရိသတ္ေတြက အက္ဆာထံ စတီဗင္ေရာက္လာတာအတြက္ ေက်နပ္စကားေတြ ေျပာဆိုခဲ့တယ္။ အနာဂတ္မွာ လီဗာပူးမန္ေနဂ်ာျဖစ္လာမယ္လို႔ ေရပန္းစားသူတစ္ဦးက အခုလို အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို သိနားလည္ေနတာက အေကာင္းျမင္စရာကိစၥအျဖစ္ မွတ္ခ်က္ေပးမႈေတြ မ်ားပါတယ္။

အေစာပိုင္းတုန္းက လီဗာပူးနဲ႔ ရိန္းဂ်ားအသင္းတို႔ဟာ အန္ဖီးမွာ ခ်စ္ၾကည္ေရးပြဲ ကစားဖို႔လည္း စီစဥ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လို႔ ျဗိတိန္အစိုးရရဲ႕ ကိုဗစ္ဆိုင္ရာ စည္းမ်ဥ္းေတြေၾကာင့္ပဲ အဆိုပါကိစၥကို ပယ္ဖ်က္ခဲ့ရတယ္။ လီဗာပူးအသင္းဟာ ဂ်ဴလိုင္လအတြင္း ျပည္တြင္းမွာ ခ်စ္ၾကည္ေရးပြဲ ကစားမွာ မဟုတ္ဘဲ ၾသစၾတီးယားကို ရာသီၾကိဳ ထြက္ခြာမွာ ျဖစ္ပါတယ္။