လီဗာပူးအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူး ဘမ်ဒေးဗစ်အတွက် ကလပ်နှစ်သင်းက ကမ်းလှမ်းမှုပို့ခဲ့ပြီး ကစားသမားက ပယ်ချလိုက်ပါတယ်။

အင်္ဂလန်ကလပ် ဘုန်းမောက်နဲ့ စကော်တလန်ကလပ် ဆဲလ်တစ်တို့က အငှားခေါ်ယူဖို့ ကမ်းလှမ်းခြင်းဖြစ်တယ်။ သို့ပေမယ့် သြစတြီးယားကို ထွက်ခွာမယ့် လီဗာပူးအသင်းသား (၃၄) ဦးစာရင်းမှာ ပါဝင်ထားတဲ့ ဘမ်ဒေးဗစ်က ရာသီသစ်မှာ အခွင့်အရေးရဖို့ တိုက်ခိုက်လိုစိတ် ပြင်းပြနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အရေးပေါ် အခြေအနေအရ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ဘမ်ဒေးဗစ်ဟာ အခုချိန်ထိ ပွဲကစားနိုင်ခြင်း မရှိသေးပါဘူး။ သူ့ကို လီဗာပူးနည်းစနစ်နဲ့ အံဝင်အောင်ပဲ အာရုံစိုက်ပေးနေတယ်လို့ သိထားရကာ လာမယ့်ရာသီမှာ အခွင့်အရေးပေးမလား စောင့်ကြည့်ရပါလိမ့်မယ်။

မနှစ်ကရာသီ ပေါ်တိုအသင်းထံ အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ဂရုဂျစ်ကို ပေါ်တူဂီကလပ်က ယူရို ၁၃ သန်းဖြင့် ခေါ်ယူဖို့ ညိနှိုင်းမှု အောင်မြင်တော့မှာ ဖြစ်ပါတယ်။ ဂရုဂျစ် ကိုယ်တိုင်က သူ့ရဲ့ အနာဂတ်ကို အသိသေးပေမယ့် အငှားထွက်ကစားတဲ့ ကလပ်က အဆင်ပြေတဲ့ သဘောတွေ ထုတ်ပြောထားတယ်။

ပေါ်တူဂီသတင်းဌာန A Bola က လီဗာပူးနဲ့ ပေါ်တိုတို့ဟာ ဆားဘီးယား ကွင်းလယ်လူအတွက် သဘောတူညီမှု ရတော့မယ်လို့ ဖော်ပြလာခြင်းဖြစ်တယ်။ လီဗာပူးအသင်း မျှော်လင့်ထားတဲ့ ပမာဏထက် နည်းပေမယ့်လည်း အခြားသော ဝယ်လက်ရနိုင်ဖို့ ခက်ခဲနေတာကြောင့် အသင်းဘက်က လက်ခံပေးလိုက်တာလားလို့တော့ ယူဆစရာ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အသက္ ၂၅ ႏွစ္အရြယ္ ခံစစ္မွဴး ဘမ္ေဒးဗစ္အတြက္ ကလပ္ႏွစ္သင္းက ကမ္းလွမ္းမႈပို႔ခဲ့ျပီး ကစားသမားက ပယ္ခ်လိုက္ပါတယ္။

အဂၤလန္ကလပ္ ဘုန္းေမာက္နဲ႔ စေကာ္တလန္ကလပ္ ဆဲလ္တစ္တို႔က အငွားေခၚယူဖို႔ ကမ္းလွမ္းျခင္းျဖစ္တယ္။ သို႔ေပမယ့္ ၾသစၾတီးယားကို ထြက္ခြာမယ့္ လီဗာပူးအသင္းသား (၃၄) ဦးစာရင္းမွာ ပါဝင္ထားတဲ့ ဘမ္ေဒးဗစ္က ရာသီသစ္မွာ အခြင့္အေရးရဖို႔ တိုက္ခိုက္လိုစိတ္ ျပင္းျပေနပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီမွာ အေရးေပၚ အေျခအေနအရ လီဗာပူးအသင္း ေခၚယူခဲ့တဲ့ ဘမ္ေဒးဗစ္ဟာ အခုခ်ိန္ထိ ပြဲကစားႏုိင္ျခင္း မရွိေသးပါဘူး။ သူ႔ကို လီဗာပူးနည္းစနစ္နဲ႔ အံဝင္ေအာင္ပဲ အာရံုစိုက္ေပးေနတယ္လို႔ သိထားရကာ လာမယ့္ရာသီမွာ အခြင့္အေရးေပးမလား ေစာင့္ၾကည့္ရပါလိမ့္မယ္။

မႏွစ္ကရာသီ ေပၚတုိအသင္းထံ အငွားထြက္ကစားေနတဲ့ ကြင္းလယ္လူ ဂရုဂ်စ္ကို ေပၚတူဂီကလပ္က ယူရို ၁၃ သန္းျဖင့္ ေခၚယူဖို႔ ညိႏိႈင္းမႈ ေအာင္ျမင္ေတာ့မွာ ျဖစ္ပါတယ္။ ဂရုဂ်စ္ ကိုယ္တိုင္က သူ႔ရဲ႕ အနာဂတ္ကို အသိေသးေပမယ့္ အငွားထြက္ကစားတဲ့ ကလပ္က အဆင္ေျပတဲ့ သေဘာေတြ ထုတ္ေျပာထားတယ္။

ေပၚတူဂီသတင္းဌာန A Bola က လီဗာပူးနဲ႔ ေပၚတိုတို႔ဟာ ဆားဘီးယား ကြင္းလယ္လူအတြက္ သေဘာတူညီမႈ ရေတာ့မယ္လို႔ ေဖာ္ျပလာျခင္းျဖစ္တယ္။ လီဗာပူးအသင္း ေမွ်ာ္လင့္ထားတဲ့ ပမာဏထက္ နည္းေပမယ့္လည္း အျခားေသာ ဝယ္လက္ရႏုိင္ဖို႔ ခက္ခဲေနတာေၾကာင့္ အသင္းဘက္က လက္ခံေပးလိုက္တာလားလို႔ေတာ့ ယူဆစရာ ရွိေနပါတယ္။