လီဗာပူးအသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ ဆောအတွက် ယူရို သန်း ၄၀ တန်ကြေးရှိ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး လာလီဂါဘက်က ပယ်ချခဲ့တယ်လို့ ဒီကနေ့ရဲ့ စပိန်သတင်းတွေက ဖော်ပြပါတယ်။

အက်သလက်တီကိုက ဒီနွေမှာ ဆောကို ရှင်းထုတ်လိုပေမယ့် လီဗာပူးဘက်က ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးက နည်းပါးတယ်လို့ ယူဆနေတယ်။ သူတို့ဘက်က ဆောကို ဒီထက်ပိုပြီး တန်ဖိုးသတ်မှတ်ထားတာကြောင့် ပိုမြင့်မားတဲ့ ကမ်းလှမ်းမှုမျိုး လီဗာပူးအသင်း ပြင်ဆင်ပေးလာမှာကို အလိုရှိနေပါတယ်။

မနှစ်ကရာသီ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ကျော်ဖြတ်ပြီး အက်သလက်တီကိုအသင်း အမှတ်ပေးဖလား အောင်မြင်မှုမှာ ဆောကလည်း အသင်းသားအဖြစ် ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ ကုန်ခဲ့တဲ့ ရာသီတွေကလို မဟုတ်ဘဲ မန်နေဂျာ ဆီမြွန်နီရဲ့ မရှိမဖြစ် အသင်းသားအဆင့်ကနေ ကျဆင်းခဲ့ပြီဖြစ်တယ်။

ဒါကြောင့်လည်း အက်သလက်တီကိုနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ကွင်းလယ်လူဟာ ဒီနွေမှာ အသင်းပြောင်းဖို့ စိတ်အားထက်သန်လာတာ ဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ လီဗာပူးက ဆောအတွက် ယူရို သန်း ၄၀ ဖြင့် ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ အင်္ဂလန်သတင်းထောက်တွေက အဆိုပါကိစ္စကို အတည်ပြုပေးကြခြင်း မရှိပါဘူး။

စပိန်ဘက်ကတော့ အက်သလက်တီကိုက ဆောအတွက် ယူရို သန်း ၅၀ လောက် ပမာဏရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ကနဦး ပြောင်းရွှေ့ကြေးမှာတင် အနည်းဆုံး ယူရို သန်း ၄၀ အလိုရှိပြီး လီဗာပူးဘက်က ထပ်တိုးကြေးတွေလည်း ထည့်ပေါင်းပေးဖို့ လိုအပ်မယ်လို့ ဆိုတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ လိုင်လီကွင်းလယ်လူ ဆန်းချက်၊ လက်စတာကွင်းလယ်လူ တိုင်လီမန်းတို့နဲ့လည်း သတင်းတွေ ထွက်ထားပေမယ့် တရားဝင် ကမ်းလှမ်းမှု သတင်းကတော့ ပျောက်ကွက်နေခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အက္သလက္တီကို ကြင္းလယ္လူ ေဆာအတြက္ ယူရို သန္း ၄၀ တန္ေၾကးရွိ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ျပီး လာလီဂါဘက္က ပယ္ခ်ခဲ့တယ္လို႔ ဒီကေန႔ရဲ႕ စပိန္သတင္းေတြက ေဖာ္ျပပါတယ္။

အက္သလက္တီကိုက ဒီေႏြမွာ ေဆာကို ရွင္းထုတ္လိုေပမယ့္ လီဗာပူးဘက္က ကမ္းလွမ္းတဲ့ ေျပာင္းေရႊ႔ေၾကးက နည္းပါးတယ္လို႔ ယူဆေနတယ္။ သူတို႔ဘက္က ေဆာကို ဒီထက္ပိုျပီး တန္ဖိုးသတ္မွတ္ထားတာေၾကာင့္ ပိုျမင့္မားတဲ့ ကမ္းလွမ္းမႈမ်ိဳး လီဗာပူးအသင္း ျပင္ဆင္ေပးလာမွာကို အလိုရွိေနပါတယ္။

မႏွစ္ကရာသီ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကို ေက်ာ္ျဖတ္ျပီး အက္သလက္တီကိုအသင္း အမွတ္ေပးဖလား ေအာင္ျမင္မႈမွာ ေဆာကလည္း အသင္းသားအျဖစ္ ပါဝင္ခဲ့တာပါ။ ဒါေပမယ့္လို႔ ကုန္ခဲ့တဲ့ ရာသီေတြကလို မဟုတ္ဘဲ မန္ေနဂ်ာ ဆီျမြန္နီရဲ႕ မရွိမျဖစ္ အသင္းသားအဆင့္ကေန က်ဆင္းခဲ့ျပီျဖစ္တယ္။

ဒါေၾကာင့္လည္း အက္သလက္တီကိုနဲ႔ ၂၀၂၆ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ ကြင္းလယ္လူဟာ ဒီေႏြမွာ အသင္းေျပာင္းဖို႔ စိတ္အားထက္သန္လာတာ ျဖစ္ပါတယ္။ ဒီအပတ္ထဲမွာပဲ လီဗာပူးက ေဆာအတြက္ ယူရို သန္း ၄၀ ျဖင့္ ကမ္းလွမ္းမယ္ဆိုတဲ့ သတင္းေတြ ပ်ံ႔ႏွံ႔ေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ အဂၤလန္သတင္းေထာက္ေတြက အဆိုပါကိစၥကို အတည္ျပဳေပးၾကျခင္း မရွိပါဘူး။

စပိန္ဘက္ကေတာ့ အက္သလက္တီကိုက ေဆာအတြက္ ယူရို သန္း ၅၀ ေလာက္ ပမာဏရဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။ ကနဦး ေျပာင္းေရႊ႔ေၾကးမွာတင္ အနည္းဆံုး ယူရို သန္း ၄၀ အလိုရွိျပီး လီဗာပူးဘက္က ထပ္တိုးေၾကးေတြလည္း ထည့္ေပါင္းေပးဖို႔ လိုအပ္မယ္လို႔ ဆိုတယ္။

ဒီေႏြမွာ လီဗာပူးအသင္းဟာ လိုင္လီကြင္းလယ္လူ ဆန္းခ်က္၊ လက္စတာကြင္းလယ္လူ တိုင္လီမန္းတို႔နဲ႔လည္း သတင္းေတြ ထြက္ထားေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ သတင္းကေတာ့ ေပ်ာက္ကြက္ေနခဲ့တာျဖစ္ပါတယ္။