ဒီရက်ပိုင်းအတွင်းမှာ လီဗာပူးနဲ့ အက်သလက်တီကိုကြားက ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့ ကိစ္စတစ်ခုအကြောင်း သတင်းဌာနတွေကြားမှာ ဖော်ပြမှုတွေ ရှိနေပါတယ်။

အက်သလက်တီကိုဟာ စီးရီးအေကလပ် လာဇီယိုအသင်းမှ ကွင်းလယ်လူ လူးဝစ် အယ်ဘာတိုကို ခေါ်ယူလိုနေပြီး အဲ့အတွက် အသုံးစရိတ်အဖြစ် ကွင်းလယ်လူ ဆောကို ရောင်းထုတ်လိုတယ်။ တီကိုဟာ မကြာသေးခင်ကပဲ အူဒီးနီအသင်းမှ ကွင်းလယ်လူ ရိုဒရီဂို ပေါလ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရထားသေးတာဖြစ်တယ်။

အက်သလက်တီကိုက ရောင်းထုတ်လိုတဲ့ ဆောကို ခေါ်ယူဖို့တော့ လီဗာပူးက စိတ်ဝင်စားနေခဲ့ကာ ယူရို သန်း ၄၀ တန် ကမ်းလှမ်းမှုအကြောင်းကို စပိန် AS သတင်းဌာနက ဖော်ပြခဲ့သေးတာဖြစ်တယ်။ ဒီအပြောင်းအရွှေ့မှာ လီဗာပူးအတွက် အကောင်းမြင်စရာ နောက်ဆက်တွဲ ကိစ္စတွေလည်း ရှိနေပါတယ်။

အက်သလက်တီကိုက စိတ်ဝင်စားနေတဲ့ အယ်ဘာတိုဟာ လီဗာပူးကစားသမားဟောင်းဖြစ်ပြီး သူ့ကို ရောင်းထုတ်ခဲ့တုန်းက အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၃၀% ခံစားခွင့်ဆိုတဲ့ သဘောတူညီမှု ပါဝင်ခဲ့တာပါ။ အက်သလက်တီကိုဘက်က အယ်ဘာတိုအတွက် ယူရို သန်း ၅၀ လောက်ဖြင့် ကမ်းလှမ်းရမှာဖြစ်ကာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့င် လီဗာပူးက ယူရို ၁၅ သန်းလောက် ခံစားခွင့်ရမှာဖြစ်တယ်။

လာဇီယိုဘက်ကတော့ အယ်ဘာတိုနေရာ အစားပြန်ထိုးဖို့ ရှာကွီရီကို စိတ်ဝင်စားနေပြီး ယူရို ၁၅ သန်း ဝန်းကျင် ပြောင်းရွှေ့ကြေး ပေးရဖွယ် ရှိပါတယ်။ ဒါကြောင့် တီကိုက အယ်ဘာတိုကို ခေါ်ယူမှုဖြစ်စေ၊ လီဗာပူးက ဆောကို ခေါ်ယူမှုဖြစ်စေ တရားဝင် ဖြစ်ပေါ်လာမယ်ဆိုရင် နောက်ဆက်တွဲ ကိစ္စတွေက ထပ်မံ ဖြစ်ပေါ်လာဖို့ ရှိနေတာဖြစ်ပါတယ်။

လက်တလောထိတော့ ဒီအပြောင်းအရွှေ့တွေက နွေဈေးကွက် မပိတ်ခင် ဖြစ်မြောက်လာမလားဆိုတာ ကောလဟာလပဲ ရှိပါသေးတယ်။ ဒါပေမယ့်လို့ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် လီဗာပူးဟာ အက်သလက်တီကို ဆောကို ခေါ်ယူဖို့ ယူရို သန်း ၂၀ လောက်ပဲ လိုအပ်သွားမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီရက္ပိုင္းအတြင္းမွာ လီဗာပူးနဲ႔ အက္သလက္တီကိုၾကားက ခ်ိတ္ဆက္ေနတဲ့ အေျပာင္းအေရႊ႔ ကိစၥတစ္ခုအေၾကာင္း သတင္းဌာနေတြၾကားမွာ ေဖာ္ျပမႈေတြ ရွိေနပါတယ္။

အက္သလက္တီကိုဟာ စီးရီးေအကလပ္ လာဇီယိုအသင္းမွ ကြင္းလယ္လူ လူးဝစ္ အယ္ဘာတိုကို ေခၚယူလိုေနျပီး အဲ့အတြက္ အသံုးစရိတ္အျဖစ္ ကြင္းလယ္လူ ေဆာကို ေရာင္းထုတ္လိုတယ္။ တီကိုဟာ မၾကာေသးခင္ကပဲ အူဒီးနီအသင္းမွ ကြင္းလယ္လူ ရိုဒရီဂို ေပါလ္ကိုလည္း ေခၚယူဖို႔ သေဘာတူညီမႈ ရထားေသးတာျဖစ္တယ္။

အက္သလက္တီကိုက ေရာင္းထုတ္လိုတဲ့ ေဆာကို ေခၚယူဖို႔ေတာ့ လီဗာပူးက စိတ္ဝင္စားေနခဲ့ကာ ယူရို သန္း ၄၀ တန္ ကမ္းလွမ္းမႈအေၾကာင္းကို စပိန္ AS သတင္းဌာနက ေဖာ္ျပခဲ့ေသးတာျဖစ္တယ္။ ဒီအေျပာင္းအေရႊ႔မွာ လီဗာပူးအတြက္ အေကာင္းျမင္စရာ ေနာက္ဆက္တြဲ ကိစၥေတြလည္း ရွိေနပါတယ္။

အက္သလက္တီကိုက စိတ္ဝင္စားေနတဲ့ အယ္ဘာတိုဟာ လီဗာပူးကစားသမားေဟာင္းျဖစ္ျပီး သူ႔ကို ေရာင္းထုတ္ခဲ့တုန္းက အနာဂတ္ ေျပာင္းေရႊ႔ေၾကးရဲ႕ ၃၀% ခံစားခြင့္ဆိုတဲ့ သေဘာတူညီမႈ ပါဝင္ခဲ့တာပါ။ အက္သလက္တီကိုဘက္က အယ္ဘာတိုအတြက္ ယူရို သန္း ၅၀ ေလာက္ျဖင့္ ကမ္းလွမ္းရမွာျဖစ္ကာ အေျပာင္းအေရႊ႔ ျဖစ္ေျမာက္ခဲ့င္ လီဗာပူးက ယူရို ၁၅ သန္းေလာက္ ခံစားခြင့္ရမွာျဖစ္တယ္။

လာဇီယိုဘက္ကေတာ့ အယ္ဘာတိုေနရာ အစားျပန္ထိုးဖို႔ ရွာကီြရီကို စိတ္ဝင္စားေနျပီး ယူရို ၁၅ သန္း ဝန္းက်င္ ေျပာင္းေရႊ႔ေၾကး ေပးရဖြယ္ ရွိပါတယ္။ ဒါေၾကာင့္ တီကိုက အယ္ဘာတိုကို ေခၚယူမႈျဖစ္ေစ၊ လီဗာပူးက ေဆာကို ေခၚယူမႈျဖစ္ေစ တရားဝင္ ျဖစ္ေပၚလာမယ္ဆိုရင္ ေနာက္ဆက္တြဲ ကိစၥေတြက ထပ္မံ ျဖစ္ေပၚလာဖို႔ ရွိေနတာျဖစ္ပါတယ္။

လက္တေလာထိေတာ့ ဒီအေျပာင္းအေရႊ႔ေတြက ေႏြေစ်းကြက္ မပိတ္ခင္ ျဖစ္ေျမာက္လာမလားဆိုတာ ေကာလဟာလပဲ ရွိပါေသးတယ္။ ဒါေပမယ့္လို႔ အမွန္တကယ္ျဖစ္လာခဲ့မယ္ဆိုရင္ လီဗာပူးဟာ အက္သလက္တီကို ေဆာကို ေခၚယူဖို႔ ယူရို သန္း ၂၀ ေလာက္ပဲ လိုအပ္သြားမွာ ျဖစ္ပါတယ္။