ဒီကနေ့မှာတော့ လီဗာပူးအသင်းဟာ ရာသီကြို ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ သြစတြီးယားကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ စတင်တော့မယ့် လီဗာပူးအသင်းကနေ ပရိသတ်တွေ လက်တလော မျှော်လင့်နေတဲ့ ကိစ္စ (၃) ရပ်ကို ဖော်ပြသွားပါမယ်။

ဗဟိုခံစစ်မှူး သုံးဦး ဘောလုံးပြန်ကစားနိုင်ရေး

လီဗာပူးပရိသတ်တွေ ဒီနွေမှာ အမျှော်လင့်ဆုံးက ကလပ်ရဲ့ စီနီယာ ခံစစ်မှူး သုံးဦး ကြံ့ခိုင်မှု ပြည့်ဝနေဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ခံစစ်မှူးတွေ ဒဏ်ရာ ကင်းစင်နေမယ်ဆိုရင် ဘယ်အတွဲက ဦးစားပေး ခံစစ်အတွဲ ဖြစ်သင့်လဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်တယ်။

ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ကာလရှည် ဒဏ်ရာရခဲ့ခြင်းက လီဗာပူးအတွက် ထိခိုက်မှု ကြီးမားခဲ့တယ်။ ရာသီကြို အစမှာတင် သူတို့တွေကို လေ့ကျင့်ရေးမှာ ပြန်မြင်ရတာကလည်း သတင်းကောင်းဖြစ်ပါတယ်။ ကာလရှည် အနားယူခဲ့ရတာဖြစ်လို့ သူတို့တွေဟာ ကြီးကြပ် စောင့်ရှောက်မှုတွေတော့ လိုအပ်နေဆဲ ဖြစ်နေပါဦးမယ်။

အထူးသဖြင့် ဗဟိုခံစစ်မှူး ဗန်ဒိုက် ကြံ့ခိုင်မှု ကောင်းနေဖို့ကို လီဗာပူးပရိသတ်တွေက အလိုရှိနေတယ်။ မတ်လတုန်းကပဲ ကလော့ပ်က “ ရာသီကြိုမှာ အသင်းနဲ့အတူ ဗန်ဒိုက်တို့ လေ့ကျင့်ရေး ဆင်းနိုင်ရင် ကျနေ်ာတို့ သိပ်ပျော်မိမှာပါ ” လို့ ထုတ်ပြောထားခဲ့သေးတာ ဖြစ်ပါတယ်။

ကိုနတေးရဲ့ အခြေအနေ

အနီရောင် ကျောနံပါတ် ၅ ဂျာစီသစ်ပိုင်ရှင်က သူ့ရဲ့ လီဗာပူးအသင်းသားဘဝ မိတ်ဆက်မှုကို လူမှုကွန်ယက်ကနေ သေသေချာချာ ပြင်ဆင်ပြီး ထုတ်ပြခဲ့တယ်။ အဲ့ကတည်းက ပရိသတ်တွေက ကိုနတေးကို သဘောခွေနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးက မာတစ်၊ ဂိုးမက်စ်တို့နဲ့ နေရာတစ်နေရာ အပြိုင်လုကာ လာမယ့်ရာသီမှာ လီဗာပူးအသင်းရဲ့ အဓိက အသင်းသားတစ်ဦး ဖြစ်လာဖို့ ရှိနေတယ်။ ဒီခန့်မှန်းချက်တွေက မှန်ကန်ပါတယ်ဆိုတာကို ရာသီကြိုမှာတင် ကိုနတေးက သက်သေပြရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အထိုင်ကျမှုက မြန်ဆန်ဖို့ မျှော်လင့်ထားရတာ ဖြစ်ပါတယ်။

အီးလီးယော့ထံက ဘာတွေ မြင်တွေ့ခွင့်ရမလဲ

လီဗာပူးအသင်းက ရာသီကြို မစတင်ခင်မှာပဲ အီးလီးယော့ကို ကာလရှည် စာချုပ်သစ်ပေးကာ လာမယ့်ရာသီ အသင်းရဲ့ အနာဂတ်မှာ ထည့်သွင်းပြီဖြစ်ကြောင်း ကြေညာခဲ့တယ်။ မနှစ်ကရာသီ ဘလက်ဘန်းအသင်းကို အငှားချခဲ့စဉ်က တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားတဲ့ အီးလီးယော့က ရာသီကြိုကိုလည်း လိုက်ပါသွားပြီ ဖြစ်ပါတယ်။

ကာလရှည် သက်တမ်းတိုးအပြီးမှာ သူကိုယ်တိုင်က “ လူတိုင်းက စီနီယာအသင်းထံ ရောက်ဖို့ကို ရည်မှန်းကြတာပါပဲ။ အနည်းဆုံးသော စီနီယာအသင်းအနားမှာပဲ ရှိနေချင်ကြတာပါ ” ဆိုပြီး ပြောဆိုထားတယ်။ တိုက်စစ်အားသန်တဲ့ ဒီကျောက်ရိုင်းလေးဟာ ရာသီသစ်မှာ လီဗာပူးအတွက် ပွဲကစားခွင့်တွေ ပိုရပြီး သက်သေပြနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာေတာ့ လီဗာပူးအသင္းဟာ ရာသီၾကိဳ ျပင္ဆင္မႈေတြ လုပ္ႏုိင္ဖို႔ ၾသစၾတီးယားကို ထြက္ခြာသြားခဲ့ျပီျဖစ္ပါတယ္။ ရာသီသစ္အတြက္ ျပင္ဆင္မႈေတြ စတင္ေတာ့မယ့္ လီဗာပူးအသင္းကေန ပရိသတ္ေတြ လက္တေလာ ေမွ်ာ္လင့္ေနတဲ့ ကိစၥ (၃) ရပ္ကို ေဖာ္ျပသြားပါမယ္။

ဗဟိုခံစစ္မွဴး သံုးဦး ေဘာလံုးျပန္ကစားႏုိင္ေရး

လီဗာပူးပရိသတ္ေတြ ဒီေႏြမွာ အေမွ်ာ္လင့္ဆံုးက ကလပ္ရဲ႕ စီနီယာ ခံစစ္မွဴး သံုးဦး ၾကံ႕ခိုင္မႈ ျပည့္ဝေနဖို႔ပဲ ျဖစ္ပါလိမ့္မယ္။ ခံစစ္မွဴးေတြ ဒဏ္ရာ ကင္းစင္ေနမယ္ဆိုရင္ ဘယ္အတြဲက ဦးစားေပး ခံစစ္အတြဲ ျဖစ္သင့္လဲဆိုတာကလည္း ေမးခြန္းထုတ္စရာျဖစ္တယ္။

ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ကာလရွည္ ဒဏ္ရာရခဲ့ျခင္းက လီဗာပူးအတြက္ ထိခိုက္မႈ ၾကီးမားခဲ့တယ္။ ရာသီၾကိဳ အစမွာတင္ သူတို႔ေတြကို ေလ့က်င့္ေရးမွာ ျပန္ျမင္ရတာကလည္း သတင္းေကာင္းျဖစ္ပါတယ္။ ကာလရွည္ အနားယူခဲ့ရတာျဖစ္လို႔ သူတို႔ေတြဟာ ၾကီးၾကပ္ ေစာင့္ေရွာက္မႈေတြေတာ့ လိုအပ္ေနဆဲ ျဖစ္ေနပါဦးမယ္။

အထူးသျဖင့္ ဗဟိုခံစစ္မွဴး ဗန္ဒိုက္ ၾကံ႕ခိုင္မႈ ေကာင္းေနဖို႔ကို လီဗာပူးပရိသတ္ေတြက အလိုရွိေနတယ္။ မတ္လတုန္းကပဲ ကေလာ့ပ္က “ ရာသီၾကိဳမွာ အသင္းနဲ႔အတူ ဗန္ဒိုက္တို႔ ေလ့က်င့္ေရး ဆင္းႏုိင္ရင္ က်ေန္ာတို႔ သိပ္ေပ်ာ္မိမွာပါ ” လို႔ ထုတ္ေျပာထားခဲ့ေသးတာ ျဖစ္ပါတယ္။

ကိုနေတးရဲ႕ အေျခအေန

အနီေရာင္ ေက်ာနံပါတ္ ၅ ဂ်ာစီသစ္ပိုင္ရွင္က သူ႔ရဲ႕ လီဗာပူးအသင္းသားဘဝ မိတ္ဆက္မႈကို လူမႈကြန္ယက္ကေန ေသေသခ်ာခ်ာ ျပင္ဆင္ျပီး ထုတ္ျပခဲ့တယ္။ အဲ့ကတည္းက ပရိသတ္ေတြက ကိုနေတးကို သေဘာေခြေနခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္မွဴးက မာတစ္၊ ဂိုးမက္စ္တို႔နဲ႔ ေနရာတစ္ေနရာ အျပိဳင္လုကာ လာမယ့္ရာသီမွာ လီဗာပူးအသင္းရဲ႕ အဓိက အသင္းသားတစ္ဦး ျဖစ္လာဖို႔ ရွိေနတယ္။ ဒီခန္႔မွန္းခ်က္ေတြက မွန္ကန္ပါတယ္ဆိုတာကို ရာသီၾကိဳမွာတင္ ကိုနေတးက သက္ေသျပရမွာျဖစ္ျပီး ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ အထိုင္က်မႈက ျမန္ဆန္ဖို႔ ေမွ်ာ္လင့္ထားရတာ ျဖစ္ပါတယ္။

အီးလီးေယာ့ထံက ဘာေတြ ျမင္ေတြ႔ခြင့္ရမလဲ

လီဗာပူးအသင္းက ရာသီၾကိဳ မစတင္ခင္မွာပဲ အီးလီးေယာ့ကို ကာလရွည္ စာခ်ဳပ္သစ္ေပးကာ လာမယ့္ရာသီ အသင္းရဲ႕ အနာဂတ္မွာ ထည့္သြင္းျပီျဖစ္ေၾကာင္း ေၾကညာခဲ့တယ္။ မႏွစ္ကရာသီ ဘလက္ဘန္းအသင္းကို အငွားခ်ခဲ့စဥ္က ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသထားတဲ့ အီးလီးေယာ့က ရာသီၾကိဳကိုလည္း လိုက္ပါသြားျပီ ျဖစ္ပါတယ္။

ကာလရွည္ သက္တမ္းတိုးအျပီးမွာ သူကိုယ္တုိင္က “ လူတိုင္းက စီနီယာအသင္းထံ ေရာက္ဖို႔ကို ရည္မွန္းၾကတာပါပဲ။ အနည္းဆံုးေသာ စီနီယာအသင္းအနားမွာပဲ ရွိေနခ်င္ၾကတာပါ ” ဆိုျပီး ေျပာဆိုထားတယ္။ တိုက္စစ္အားသန္တဲ့ ဒီေက်ာက္ရိုင္းေလးဟာ ရာသီသစ္မွာ လီဗာပူးအတြက္ ပြဲကစားခြင့္ေတြ ပိုရျပီး သက္ေသျပႏုိင္ဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။