လီဗာပူးအသင်းဟာ ဒီလအတွင်း သြစတြီးယားမှာ ရာသီကြို လေ့ကျင့်ရေးဝင်မှာဖြဖစ်ကာ အသင်းအနည်းငယ်နဲ့လည်း ချစ်ကြည်ရေးပွဲ ကစားမှာဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

ကွင်းပိတ်ပွဲစဉ်တွေဖြစ်လာဖို့ရှိနေကာ လေ့ကျင့်ရေးနဲ့ တစ်ပြိုင်နက်မှာပဲ ရာသီကြိုပွဲတွေ ကစားရမှာဖြစ်တယ်။ ရာသီကြိုပွဲစဉ် အားလုံးကို LFCTV GO ကနေ ကြည့်ခွင့်ရမှာဖြစ်ကာ ဂျူလိုင်လအတွက် ဖရီးကုဒ်ကတော့ 2122GOFREE ဖြစ်ပါတယ်။

Tuesday July 20

ဂျူလိုင်လ ၂၀ ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် ည ၁၁း၁၅ နာရီမှာ စတုဂတ်အသင်းနဲ့ မိနစ် ၃၀ စာ ချစ်ကြည်ရေးပွဲအား ကွင်းပိတ်ပွဲစဉ်

Friday July 23

ဂျူလိုင်လ ၁၃ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည ၁၀း၄၅ နာရီမှာ ပရိသတ် ၃၅၀၀ ဆံ့ကွင်းမှာ Grödig အသင်းနဲ့ မိနစ် ၉၀ စာ ချစ်ကြည်ရေးပွဲစဉ်

Thursday July 29

ဂျူလိုင်လ ၃၀ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် ၁၂း၅၀ နာရီမှာ ပရိသတ် ၁၅၀၀၀ ဆံ့ကွင်းမှာ Innsbruck အသင်းနဲ့ မိနစ် ၉၀ စာ ချစ်ကြည်ရေးပွဲစဉ်

အစရှိတဲ့ ပွဲတွေကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ သြစတြီးယားရဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းအရ ပွဲထဲမဝင်ခင် ၂၄ နာရီအတွင်း ကိုဗစ် စစ်ဆေးထားမှု သက်သေပြချက်ကို ထုတ်ပြနိုင်ရမှာဖြစ်တယ်။

လီဗာပူးအသင်းဟာ အင်္ဂလန်ကို ပြန်ရောက်ခဲ့မယ်ဆိုရင် နောက်ထပ် ရာသီကြိုပွဲ ကစားသွားဖို့ရှိနေကာ အဆိုပါပွဲစဉ်တွေအတွက်လည်း နောက်ပိုင်းမှာ ဆက်လက် ကြေညာပေးသွားနိုင်ပါတယ်။

ZAWGYI



Tuesday July 20


Friday July 23


Thursday July 29


