သြစတြီးယားမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးတွေ စတင်နေပြီဖြစ်တဲ့ နက်ဖီးလစ်က ရာသီသစ်အတွက် ပထမဆုံး စတင်ခြင်းအပေါ် သူ့ရဲ့ ခံစားချက်ကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောသွားပါတယ်။

နက်ဖီးလစ်က ” ကျနော်နဲ့ အသင်းဖော်တွေ ကောင်းကောင်းမွန်မွန် ပြေးလွှားနေပြီး ရာသီကြိုကို စတင်လိုက်နိုင်တာက ကောင်းပါတယ်။ ကျနေ်ာတို့မှာ ကိုယ်လုပ်ရမယ့် ပရိုဂရမ်တွေ ရှိထားတယ်။ ကျနော်တို့ လုပ်ရမှာကို လုပ်နေပြီး GPS နဲ့လည်း အမြဲတမ်း စစ်းဆေးခံနေရပါတယ်။

ကျနော်က ဒါတွေကို လုပ်နိုင်ဖို့အတွက် အိမ်မှာကတည်းက ကြိုတင်လေ့ကျင့်မှုတွေ လုပ်ထားပါတယ်။ အသင်းနဲ့ လေ့ကျင့်ရေးဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ ခံစားရတယ်။ အသင်းသားတွေနဲ့ ပြန်လည် ဆုံတွေ့ရတာ ကောင်းပါတယ်။ အထူးသဖြင့် ဒဏ်ရာရနေတဲ့ အသင်းဖော်တွေ ပြန်လာနိုင်တာကလည်း ကောင်းမွန်ပါတယ်။ ကျနေ်ာတို့အားလုံး အတူတကွ လေ့ကျင့်နိုင်တာပေါ့။ အသင်းဖော်တွေနဲ့ ဝန်းထမ်းတွေကို ပြန်မြင်ရတာက ဘောလုံးမိသားစုကြီးကို ပြန်တွေ့ရတာဖြစ်လို့ သိပ်ကောင်းပါတယ်။

ဟိုတယ်မှာ အတူတကွနေပြီး လေ့ကျင့်ရတာက အကျိုးအမြတ်ဖြစ်ပါတယ်။ အချင်းချင်း အတူရှိပြီး အချိန်တွေအများကြီး ကုန်ဆုံးကာ ၂၄ နာရီ ၇ ရက်ပတ်လုံး စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ချမှုတွေကို အတူတကွလုပ်တာက ရာသီသစ်ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့လည်း ပြည့်စုံစေပါတယ်။

ပြင်းထန်တဲ့ ဘောလုံးရာသီအပြီး အနားယူခဲ့ရာကနေ ပြန်လာတာက သိပ်ကောင်းတယ်။ အဲ့အတွေ့အကြုံတွေ မေ့ပျောက်မသွားခင်မှာပဲ အချိန်ထပ်မယူဘဲ လေ့ကျင့်ေးတွေ ပြန်လုပ်ရတာက စိတ်လှုပ်ရှားစရာပါပဲ။ အသင်းဖော်တွေနဲ့ နေရာပြိုင်ဆိုင်ရမှုတွေလည်း ရှိလာမယ်။ အထူးသဖြင့် ဘောလုံးကို နောက်တစ်ကြိမ် ပြန်လည် ကစားရတော့မှာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ရာသီသစ်မှာ နက်ဖီးလစ်က ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ ကိုနတေး၊ ရိုင်းတို့နဲ့အတူ ပွဲထွက် တစ်နေရာအတွက် အပြိုင်လုရမှာလား? ဒါ့မှမဟုတ် စိန်ခေါ်မှုသစ်တွေအတွက် အသင်းသစ်ကို ပြောင်းရွှေ့သွားမှာလား? လာမယ့် သီတင်းပတ်တွေမှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI

ၾသစၾတီးယားမွာ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ေရးေတြ စတင္ေနျပီျဖစ္တဲ့ နက္ဖီးလစ္က ရာသီသစ္အတြက္ ပထမဆံုး စတင္ျခင္းအေပၚ သူ႔ရဲ႕ ခံစားခ်က္ကို အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာသြားပါတယ္။

နက္ဖီးလစ္က ” က်ေနာ္နဲ႔ အသင္းေဖာ္ေတြ ေကာင္းေကာင္းမြန္မြန္ ေျပးလႊားေနျပီး ရာသီၾကိဳကို စတင္လိုက္ႏုိင္တာက ေကာင္းပါတယ္။ က်ေန္ာတို႔မွာ ကိုယ္လုပ္ရမယ့္ ပရိုဂရမ္ေတြ ရွိထားတယ္။ က်ေနာ္တုိ႔ လုပ္ရမွာကို လုပ္ေနျပီး GPS နဲ႔လည္း အျမဲတမ္း စစ္းေဆးခံေနရပါတယ္။

က်ေနာ္က ဒါေတြကို လုပ္ႏုိင္ဖို႔အတြက္ အိမ္မွာကတည္းက ၾကိဳတင္ေလ့က်င့္မႈေတြ လုပ္ထားပါတယ္။ အသင္းနဲ႔ ေလ့က်င့္ေရးဆင္းဖို႔ အဆင္သင့္ျဖစ္ေနျပီ ခံစားရတယ္။ အသင္းသားေတြနဲ႔ ျပန္လည္ ဆံုေတြ႔ရတာ ေကာင္းပါတယ္။ အထူးသျဖင့္ ဒဏ္ရာရေနတဲ့ အသင္းေဖာ္ေတြ ျပန္လာႏုိင္တာကလည္း ေကာင္းမြန္ပါတယ္။ က်ေန္ာတို႔အားလံုး အတူတကြ ေလ့က်င့္ႏုိင္တာေပါ့။ အသင္းေဖာ္ေတြနဲ႔ ဝန္းထမ္းေတြကို ျပန္ျမင္ရတာက ေဘာလံုးမိသားစုၾကီးကို ျပန္ေတြ႔ရတာျဖစ္လို႔ သိပ္ေကာင္းပါတယ္။

ဟိုတယ္မွာ အတူတကြေနျပီး ေလ့က်င့္ရတာက အက်ိဳးအျမတ္ျဖစ္ပါတယ္။ အခ်င္းခ်င္း အတူရွိျပီး အခ်ိန္ေတြအမ်ားၾကီး ကုန္ဆံုးကာ ၂၄ နာရီ ၇ ရက္ပတ္လံုး စိတ္ပိုင္းဆိုင္ရာနဲ႔ စိတ္ခ်မႈေတြကို အတူတကြလုပ္တာက ရာသီသစ္ကို အေကာင္းဆံုး ယွဥ္ျပိဳင္ႏုိင္ဖို႔လည္း ျပည့္စံုေစပါတယ္။

ျပင္းထန္တဲ့ ေဘာလံုးရာသီအျပီး အနားယူခဲ့ရာကေန ျပန္လာတာက သိပ္ေကာင္းတယ္။ အဲ့အေတြ႔အၾကံဳေတြ ေမ့ေပ်ာက္မသြားခင္မွာပဲ အခ်ိန္ထပ္မယူဘဲ ေလ့က်င့္ေးေတြ ျပန္လုပ္ရတာက စိတ္လႈပ္ရွားစရာပါပဲ။ အသင္းေဖာ္ေတြနဲ႔ ေနရာျပိဳင္ဆိုင္ရမႈေတြလည္း ရွိလာမယ္။ အထူးသျဖင့္ ေဘာလံုးကို ေနာက္တစ္ၾကိမ္ ျပန္လည္ ကစားရေတာ့မွာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

ရာသီသစ္မွာ နက္ဖီးလစ္က ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ ကိုနေတး၊ ရိုင္းတို႔နဲ႔အတူ ပြဲထြက္ တစ္ေနရာအတြက္ အျပိဳင္လုရမွာလား? ဒါ့မွမဟုတ္ စိန္ေခၚမႈသစ္ေတြအတြက္ အသင္းသစ္ကို ေျပာင္းေရႊ႔သြားမွာလား? လာမယ့္ သီတင္းပတ္ေတြမွာ ျမင္ေတြ႔ရေတာ့မွာပဲ ျဖစ္ပါတယ္။