လီဗာပူးအသင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက ကလပ်ရဲ့ နွေရာသီ ပထမဆုံး ခေါ်ယူမှုဖြစ်ထားတဲ့ ကိုနတေးအတွက် လမ်းညွှန်မှုတွေ လုပ်ထားခဲ့ပြီဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ပြင်သစ်သားလေးကို စံနမူနာကောင်းတွေ သင်ယူဖို့ ဂျိမ်းမီလ်နာကို ချဉ်းကပ်ပါလို့ လင်ဒါးက တိုက်တွန်းထားတယ်။ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်သမားကြီးဟာ ပရိုကစားသမားတစ်ယောက် ထားရှိရမယ့် မှန်ကန်တဲ့ စိတ်ဓါတ်နဲ့ မဆုတ်မနစ် လုံးလထုတ်မှုတွေကို သင်ပြပေးနိုင်မယ့် ကစားသမားကြီးဖြစ်ပါတယ်။

ပပ် လင်ဒါးက “ ကျနော်တို့တွေ ကိုနတေးကို ကြိုဆိုမှုတွေ လုပ်ခဲ့ကြတယ်။ ပြီးတော့ ဂျိမ်းမီလ်နာ ပြောတာကို နားထောင်လိုက် အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ် ” လို့လည်း အမှားစကား ပါးထားကြောင်း ထုတ်ပြောပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၉ ကြိမ်မြောက် ဘောလုံးရာသီကို ကျော်ဖြတ်ရတော့မယ့် မီလ်နာဟာ လက်မှတ်ထိုး ခေါ်ယူမှုအသစ်တွေနဲ့ လူငယ်တွေအတွက် စံနမူနာယူဖို့ အသင်းဘက်က ဥပမာပေးရတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်နိုင်စွမ်းဟာ လီဗာပူးအသင်းအပေါ် သက်ရောက်မှုကြီးမားတာဖြစ်တယ်။

ကိုနတေးအပြင် ရာသီကြိုမှာ ခေါ်ယူခြင်းခံရတဲ့ လူငယ်လေးတွေ၊ အငှားက ပြန်လာတဲ့ အသင်းသားတွေကလည်း သူတို့ရဲ့ ကြံ့ခိုင်မှုနဲ့တကွ လုပ်နိုင်စွမ်းတွေကို သက်သေပြရမှာ ဖြစ်ပါတယ်။

“ အငှားချထားတဲ့ ကလပ်တွေကနေ ပြန်လာတဲ့ အသင်းသားတွေကိုလည်း ကြိုဆိုပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကပဲ ဒီရာသီကြိုမှာ ကျနေ်ာတို့ကို ပိုသန်မာလာဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ကျနော်တို့က ဘာလို့ လီဗာပူးအသင်းဖြစ်ရတယ်ဆိုတာကို လေ့ကျင့်ရေးတိုင်းမှာ သက်သေပြီး ဒီရာသီမှာ အောင်မြင်အောင်လို့ ကြိုးစားသွားပါမယ် ” လို့ လင်ဒါးက ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း လက္ေထာက္နည္းျပ ပပ္လင္ဒါးက ကလပ္ရဲ႕ ေႏြရာသီ ပထမဆံုး ေခၚယူမႈျဖစ္ထားတဲ့ ကိုနေတးအတြက္ လမ္းညႊန္မႈေတြ လုပ္ထားခဲ့ျပီျဖစ္ပါတယ္။

ငယ္ရြယ္တဲ့ ျပင္သစ္သားေလးကို စံနမူနာေကာင္းေတြ သင္ယူဖို႔ ဂ်ိမ္းမီလ္နာကို ခ်ဥ္းကပ္ပါလို႔ လင္ဒါးက တိုက္တြန္းထားတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ကြင္းလယ္သမားၾကီးဟာ ပရိုကစားသမားတစ္ေယာက္ ထားရွိရမယ့္ မွန္ကန္တဲ့ စိတ္ဓါတ္နဲ႔ မဆုတ္မနစ္ လံုးလထုတ္မႈေတြကို သင္ျပေပးႏုိင္မယ့္ ကစားသမားၾကီးျဖစ္ပါတယ္။

ပပ္ လင္ဒါးက “ က်ေနာ္တို႔ေတြ ကိုနေတးကို ၾကိဳဆိုမႈေတြ လုပ္ခဲ့ၾကတယ္။ ျပီးေတာ့ ဂ်ိမ္းမီလ္နာ ေျပာတာကို နားေထာင္လိုက္ အရာအားလံုး အဆင္ေျပသြားပါလိမ့္မယ္ ” လို႔လည္း အမွားစကား ပါးထားေၾကာင္း ထုတ္ေျပာပါတယ္။

ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ ၁၉ ၾကိမ္ေျမာက္ ေဘာလံုးရာသီကို ေက်ာ္ျဖတ္ရေတာ့မယ့္ မီလ္နာဟာ လက္မွတ္ထိုး ေခၚယူမႈအသစ္ေတြနဲ႔ လူငယ္ေတြအတြက္ စံနမူနာယူဖို႔ အသင္းဘက္က ဥပမာေပးရတဲ့ ကစားသမားျဖစ္ပါတယ္။ သူ႔ရဲ႕ အေတြ႔အၾကံဳနဲ႔ ဦးေဆာင္ႏုိင္စြမ္းဟာ လီဗာပူးအသင္းအေပၚ သက္ေရာက္မႈၾကီးမားတာျဖစ္တယ္။

ကိုနေတးအျပင္ ရာသီၾကိဳမွာ ေခၚယူျခင္းခံရတဲ့ လူငယ္ေလးေတြ၊ အငွားက ျပန္လာတဲ့ အသင္းသားေတြကလည္း သူတို႔ရဲ႕ ၾကံ႕ခိုင္မႈနဲ႔တကြ လုပ္ႏုိင္စြမ္းေတြကို သက္ေသျပရမွာ ျဖစ္ပါတယ္။

“ အငွားခ်ထားတဲ့ ကလပ္ေတြကေန ျပန္လာတဲ့ အသင္းသားေတြကိုလည္း ၾကိဳဆိုပါတယ္။ သူတို႔ရဲ႕ အေတြ႔အၾကံဳေတြကပဲ ဒီရာသီၾကိဳမွာ က်ေန္ာတို႔ကို ပိုသန္မာလာဖို႔ အကူအညီျဖစ္ေစပါလိမ့္မယ္။ က်ေနာ္တို႔က ဘာလို႔ လီဗာပူးအသင္းျဖစ္ရတယ္ဆိုတာကို ေလ့က်င့္ေရးတိုင္းမွာ သက္ေသျပီး ဒီရာသီမွာ ေအာင္ျမင္ေအာင္လို႔ ၾကိဳးစားသြားပါမယ္ ” လို႔ လင္ဒါးက ဆိုခဲ့တာ ျဖစ္ပါတယ္။