မန်နေဂျာယာဂင်ကလော့ပ်ဟာ လီဗာပူးခံစစ်မှူးသစ် ကိုနတေးနဲ့ ရာသီကြို လေ့ကျင့်ရေးမှာ ဆွေးနွေးစကားပြောမှုတွေ ပြုလုပ်ပြီး ကစားသမားလေးကို အထိုင်ကျအောင် ကူညီဖို့ စီစဉ်ထားပါတယ်။

စာချုပ်ပါကြေး ပေါင် ၃၆ သန်း အကုန်အကျခံခဲ့တဲ့နောက် ကလပ်ရဲ့ ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် ကိုနတေးဟာ လိုက်ဇစ်ကနေ လီဗာပူးကို ၅ နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့တယ်။ သူဟာ လီဗာပူးခံစစ်အတွက် အင်အားဖြည့်မှုကြီးလည်း ဖြစ်လာဖို့ ရှိနေတယ်။

သြစတြီးယား ရာသီကြိုမှာ ပြုလုပ်တဲ့ အင်တာဗျူးအတွင်း မန်နေဂျာက သူနဲ့ ကိုနတေးတို့ဟာ ပုံမှန် လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးစကားပြောမှုတွေ ပြုလုပ်မယ့်အကြောင်း ထုတ်ဖော် ပြောဆိုခဲ့တယ်။

ယာဂင်က ပြောရာမှာ “ ကိုနတေးက အတော်လေး စိတ်လှုပ်ရှားနေပါတယ်။ သူ့ရဲ့ဂျာစီ မိတ်ဆက်ပွဲကိုတောင် ပဲရစ်က မတူညီတဲ့ နေရာ ၅ ခုမှာ ခမ်းခမ်းနားနား လုပ်ခဲ့တာကို ကျနော် မြင်ရပါသေးတယ်။

သူက ကစားသမားကောင်းပါ။ ဒါကို အရင်တည်းက သိပါတယ်။ လိုက်ဇစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲကလွဲရင် ကျနေ်ာတို့ အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာက ကောင်းမွန်ပါတယ်။

သူက လူကောင်းလေးဖြစ်ပြီး အသင်းနဲ့ ရှိနေရတာကိုလည်း ပျော်နေတယ်။ ကျနော်ကလည်း သူ့လို ကစားသမားကို ပိုင်ဆိုင်လိုက်တာအတွက် ပျော်ရွှင်ပါတယ်။ သူက ငယ်ရွယ်သေးပေမယ့် အတွေ့အကြုံလည်း ရှိနေပြီးသူ ဖြစ်ပါတယ်။ အတိတ်တုန်းက သူက သိပ်ကောင်းကောင်း ကစားခဲ့သလို အနာဂတ်မှာ ပိုမို တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါပေမယ့် သူ့အတွက်ကတော့ ကျနေ်ာတို့နဲ့ ပထမဆုံး ရာသီကြိုကို ကောင်းကောင်းမွန်မွန် ပြင်ဆင်နေပါတယ်။ သူ့အကြောင်းကို ကျနေ်ာတို့ အများကြီး မသိသေးပါဘူး။ ဒါကလည်း ကစားသမားသစ်တွေနဲ့ဆိုရင် ပုံမှန် ဖြစ်နေကျပါပဲ။

ဒီတော့ ကျျနေ်ာတို့ ဂရုတစိုက် ကြိုးစားသွားရပါမယ်။ လေ့ကျင့်ရေးတွေမှာ သူဘယ်လို ခစားရလဲဆိုတာကို ဆွေးနွေးစကားပြောဖို့ ကြိုးစားရပါမယ်။ ဒါတွေက ပုံမှန် တိုးတက်မှု လုပ်ငန်းစဉ်တွေပါပဲ။ သူ ဒီမှာရှိနေတာ သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ လီဗာပူးခံစစ္မွဴးသစ္ ကိုနေတးနဲ႔ ရာသီၾကိဳ ေလ့က်င့္ေရးမွာ ေဆြးေႏြးစကားေျပာမႈေတြ ျပဳလုပ္ျပီး ကစားသမားေလးကို အထိုင္က်ေအာင္ ကူညီဖို႔ စီစဥ္ထားပါတယ္။

စာခ်ဳပ္ပါေၾကး ေပါင္ ၃၆ သန္း အကုန္အက်ခံခဲ့တဲ့ေနာက္ ကလပ္ရဲ႕ ပထမဆံုး လက္မွတ္ထိုးမႈအျဖစ္ ကိုနေတးဟာ လိုက္ဇစ္ကေန လီဗာပူးကို ၅ ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းလာခဲ့တယ္။ သူဟာ လီဗာပူးခံစစ္အတြက္ အင္အားျဖည့္မႈၾကီးလည္း ျဖစ္လာဖို႔ ရွိေနတယ္။

ၾသစၾတီးယား ရာသီၾကိဳမွာ ျပဳလုပ္တဲ့ အင္တာဗ်ဴးအတြင္း မန္ေနဂ်ာက သူနဲ႔ ကိုနေတးတို႔ဟာ ပံုမွန္ လုပ္ငန္းစဥ္ေတြအတြက္ ေဆြးေႏြးစကားေျပာမႈေတြ ျပဳလုပ္မယ့္အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့တယ္။

ယာဂင္က ေျပာရာမွာ “ ကိုနေတးက အေတာ္ေလး စိတ္လႈပ္ရွားေနပါတယ္။ သူ႔ရဲ႕ဂ်ာစီ မိတ္ဆက္ပြဲကိုေတာင္ ပဲရစ္က မတူညီတဲ့ ေနရာ ၅ ခုမွာ ခမ္းခမ္းနားနား လုပ္ခ့ဲတာကို က်ေနာ္ ျမင္ရပါေသးတယ္။

သူက ကစားသမားေကာင္းပါ။ ဒါကို အရင္တည္းက သိပါတယ္။ လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ပြဲကလြဲရင္ က်ေန္ာတို႔ အခုမွ ပထမဆံုးအၾကိမ္ ေတြ႔ဆံုတာျဖစ္ျပီး ရုပ္ပိုင္းဆိုင္ရာက ေကာင္းမြန္ပါတယ္။

သူက လူေကာင္းေလးျဖစ္ျပီး အသင္းနဲ႔ ရွိေနရတာကိုလည္း ေပ်ာ္ေနတယ္။ က်ေနာ္ကလည္း သူ႔လို ကစားသမားကို ပိုင္ဆိုင္လိုက္တာအတြက္ ေပ်ာ္ရႊင္ပါတယ္။ သူက ငယ္ရြယ္ေသးေပမယ့္ အေတြ႔အၾကံဳလည္း ရွိေနျပီးသူ ျဖစ္ပါတယ္။ အတိတ္တုန္းက သူက သိပ္ေကာင္းေကာင္း ကစားခဲ့သလို အနာဂတ္မွာ ပိုမို တိုးတက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဒါေပမယ့္ သူ႔အတြက္ကေတာ့ က်ေန္ာတို႔နဲ႔ ပထမဆံုး ရာသီၾကိဳကို ေကာင္းေကာင္းမြန္မြန္ ျပင္ဆင္ေနပါတယ္။ သူ႔အေၾကာင္းကို က်ေန္ာတို႔ အမ်ားၾကီး မသိေသးပါဘူး။ ဒါကလည္း ကစားသမားသစ္ေတြနဲ႔ဆိုရင္ ပံုမွန္ ျဖစ္ေနက်ပါပဲ။

ဒီေတာ့ က််ေန္ာတို႔ ဂရုတစိုက္ ၾကိဳးစားသြားရပါမယ္။ ေလ့က်င့္ေရးေတြမွာ သူဘယ္လို ခစားရလဲဆိုတာကို ေဆြးေႏြးစကားေျပာဖို႔ ၾကိဳးစားရပါမယ္။ ဒါေတြက ပံုမွန္ တိုးတက္မႈ လုပ္ငန္းစဥ္ေတြပါပဲ။ သူ ဒီမွာရွိေနတာ သိပ္ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။