ယူရို ပြိုင်ပွဲကို ဒီနွေမှာ မဟုတ်ဘဲ ၂၀၂၀ တုန်းက ကစားခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းမှာ သေချာပေါက် နေရာရမယ့် ကစားသမားကတော့ ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်သမားဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက်လည်း ဗာဒီ ၂၅ ဂိုးနောက်မှာ ရပ်တည်သွားနိုင်ခဲ့သေးတာပါ။ ဒဏ်ရာတွေကြောင့် လီဗာပူးကို စွန့်ခွာခဲ့တဲ့ အင့်ဟာ ဒီနှစ်တွေမှာ တောက်ပတဲ့ တိုက်စစ်စွမ်းရည်တွေ ပြသလာနေခဲ့ရာက မန်စီးတီး၊ စပါးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မနှစ်ကရာသီမှာ ဒဏ်ရာရခဲ့ခြင်းကြောင့် အနားယူခဲ့ရပေမယ့် သွင်းဂိုး ၁၃ ဂိုးထိ ရယူနိုင်တဲ့ အင့်ကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေဆဲပါ။ အင့် ကိုယ်တိုင်ကတော့ ဆောက်သမ်တန်နဲ့ သက်တမ်းတိုးမှာ မဟုတ်ဘဲ နောက်ထပ် စိန်ခေါ်မှုသစ်တွေအတွက် အသင်းသစ်ကို ပြောင်းရွှေ့လိုနေပါတယ်။

အင့်ဟာ ဆောက်သမ်တန်နဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိသူဖြစ်သလို သူ့အသက်အရွယ်အရ ဒီနွေမှာ အသင်းပြောင်းမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ လောက်ပဲ ဈေးပေါက်တယ်လို့ တယ်လီဂရပ်က ဖော်ပြတယ်။ အဆိုပါ ပြောင်းရွှေ့ကြေးဟာ ၂၀၁၉ ခုနှစ်က လီဗာပူးကနေ သူ့ကို ခေါ်ယူနိုင်ဖို့ ဆောက်သမ်တန်ဘက်က ပေးခဲ့ရတဲ့ ကြေးလည်းဖြစ်ပါတယ်။

အဲ့တုန်းကတော့ အင့်ရဲ့ အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၂၀% အား လီဗာပူးအသင်းထံ ပေးဖို့ ဆောက်သမ်တန်က သဘောတူညီခဲ့တယ်။

စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် မန်စီးတီးက ကမ်းလှမ်းတဲ့ ပေါင် သန်း ၁၀၀ ကို ငြင်းဆန်ထားပေမယ့် ဒီနွေအတွက် တိုက်စစ်သမားသစ် ခေါ်ယူရာမှာ အင့်ကို ပစ်မှတ်ထားနေတယ်။ မန်စီးတီးကလည်း ကိန်းကို မခေါ်ယူနိုင်ရင် အင့်ကို ပြောင်းလဲ ခေါ်ယူလိုနေပါတယ်။

ဒါကြောင့် ဒီနွေမှာ လီဗာပူးအသင်းဟာ အင့်အတွက် ကလပ်ရဲ့ ခံစားခွင့် ၂၀% ကို ရဖွယ်ရှိပြီး အနည်းဆုံး ပေါင် ၄ သန်းကနေ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအပေါ် မူတည်ကာ ထပ်တိုး ရရှိသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ယူရို ျပိဳင္ပြဲကို ဒီေႏြမွာ မဟုတ္ဘဲ ၂၀၂၀ တုန္းက ကစားခဲ့မယ္ဆိုရင္ အဂၤလန္အသင္းမွာ ေသခ်ာေပါက္ ေနရာရမယ့္ ကစားသမားကေတာ့ ေဆာက္သမ္တန္ တိုက္စစ္မွဴး ဒန္နီအင့္ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သြင္းဂိုး ၂၂ ဂိုးထိ သြင္းယူႏုိင္ခဲ့တဲ့ တိုက္စစ္သမားဟာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုအတြက္လည္း ဗာဒီ ၂၅ ဂိုးေနာက္မွာ ရပ္တည္သြားႏိုင္ခဲ့ေသးတာပါ။ ဒဏ္ရာေတြေၾကာင့္ လီဗာပူးကို စြန္႔ခြာခဲ့တ့ဲ အင့္ဟာ ဒီႏွစ္ေတြမွာ ေတာက္ပတဲ့ တိုက္စစ္စြမ္းရည္ေတြ ျပသလာေနခဲ့ရာက မန္စီးတီး၊ စပါးတို႔က သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

မႏွစ္ကရာသီမွာ ဒဏ္ရာရခဲ့ျခင္းေၾကာင့္ အနားယူခဲ့ရေပမယ့္ သြင္းဂိုး ၁၃ ဂိုးထိ ရယူႏုိင္တဲ့ အင့္ကို ပရီးမီးယားလိဂ္ ထိပ္တန္းကလပ္ေတြက ေခၚယူလိုေနဆဲပါ။ အင့္ ကိုယ္တုိင္ကေတာ့ ေဆာက္သမ္တန္နဲ႔ သက္တမ္းတိုးမွာ မဟုတ္ဘဲ ေနာက္ထပ္ စိန္ေခၚမႈသစ္ေတြအတြက္ အသင္းသစ္ကို ေျပာင္းေရႊ႔လိုေနပါတယ္။

အင့္ဟာ ေဆာက္သမ္တန္နဲ႔ စာခ်ဳပ္ ၁ ႏွစ္ပဲ က်န္ရွိသူျဖစ္သလို သူ႔အသက္အရြယ္အရ ဒီေႏြမွာ အသင္းေျပာင္းမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ ေလာက္ပဲ ေစ်းေပါက္တယ္လို႔ တယ္လီဂရပ္က ေဖာ္ျပတယ္။ အဆိုပါ ေျပာင္းေရႊ႔ေၾကးဟာ ၂၀၁၉ ခုႏွစ္က လီဗာပူးကေန သူ႔ကို ေခၚယူႏုိင္ဖို႔ ေဆာက္သမ္တန္ဘက္က ေပးခဲ့ရတဲ့ ေၾကးလည္းျဖစ္ပါတယ္။

အဲ့တုန္းကေတာ့ အင့္ရဲ႕ အနာဂတ္ ေျပာင္းေရႊ႔ေၾကးရဲ႕ ၂၀% အား လီဗာပူးအသင္းထံ ေပးဖို႔ ေဆာက္သမ္တန္က သေဘာတူညီခဲ့တယ္။

စပါးအသင္းဟာ ဟယ္ရီကိန္းအတြက္ မန္စီးတီးက ကမ္းလွမ္းတဲ့ ေပါင္ သန္း ၁၀၀ ကို ျငင္းဆန္ထားေပမယ့္ ဒီေႏြအတြက္ တိုက္စစ္သမားသစ္ ေခၚယူရာမွာ အင့္ကို ပစ္မွတ္ထားေနတယ္။ မန္စီးတီးကလည္း ကိန္းကို မေခၚယူႏုိင္ရင္ အင့္ကို ေျပာင္းလဲ ေခၚယူလိုေနပါတယ္။

ဒါေၾကာင့္ ဒီေႏြမွာ လီဗာပူးအသင္းဟာ အင့္အတြက္ ကလပ္ရဲ႕ ခံစားခြင့္ ၂၀% ကို ရဖြယ္ရွိျပီး အနည္းဆံုး ေပါင္ ၄ သန္းကေန ကစားသမားရဲ႕ ေျပာင္းေရႊ႔ေၾကးအေပၚ မူတည္ကာ ထပ္တိုး ရရွိသြားဖို႔ ရွိေနတာျဖစ္ပါတယ္။