မန်နေဂျာယာဂင်ကလော့ပ်က အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုမှာ ပါဝင်လာနိုင်တဲ့ ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သက်ပြီး ထုတ်ပြောမှု လုပ်လာပါတယ်။

မနှစ်ကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့အပြင် ယူရိုအကြိုမှာ ဒဏ်ရာရခဲ့တဲ့ ထရန့်တို့ဟာ သြစတြီးယား ရာသီကြိုမှာ ပါဝင်ခဲ့ကြတာဖြစ်တယ်။ သူတို့အတူ လေ့ကျင့်နိုင်တာကြောင့် အသင်းပရိသတ်တွေ သဘောတွေ့နေပေမယ့် ရာနှုန်းပြည့် အခြေအနေတော့ မဟုတ်သေးဘဲ သီတင်းပတ် အနည်းငယ် စောင့်ရမှာတွေ ရှိနေသေးတယ်လို့ မန်နေဂျာကဆိုပါတယ်။

ယာဂင်က “ အခြားသော အသင်းဖော်တွေလိုတော့ တူညီတဲ့ အနေအထားမှာ ရှိမနေပါဘူး။ သူတို့လေးဦးလုံးက အခြေအနေကောင်းနေတယ်လို့ မြင်ပါတယ်။ ” ဆိုပြီး တုန့်ပြန်ပါတယ်။

“ ကျနေ်ာတို့တွေ ဒီနေ့တော့ ဘာလုပ်သင့်လဲ၊ သူတို့တွေက အခြားသူတွေထက် ပိုလေ့ကျင့်ရေမှာလား၊ လေ့ကျင့်ချိန်လျော့ရမှာလား ဆိုတာတွေအတွက် ဆေးအဖွဲ့၊ ကြံ့ခိုင်ရေးဆိုင်ရာအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့တို့နဲ့ အမြဲမပြတ် စကားပြောနေပါတယ်။

အထူးသဖြင့် ဗန်ဒိုက်နဲ့ ဂိုးမက်စ်က အသင်းနဲ့အတူရှိမယ့် အစောဆုံးနေ့တွေမှာ လေ့ကျင့်ချိန် နှစ်ချိန် လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ နေ့တိုင်းရဲ့ ဒုတိယလေ့ကျင့်ရေးတွေမှာ သူတို့ ပါဝင်သွားမှာပါ။ ဒါတွေကိုတော့ အသင်းရဲ့ ပြန်လည်အားဖြည့်ရေးဆိုင်ရာဌာနက ကျွမ်းကျင်ပုဂ္ဂိုလ်ကပဲ တာဝန်ယူသွားမှာဖြစ်ပါတယ်။

ဗန်ဒိုက်နဲ့ ဂိုးမက်စ်အတွက် အခြေအနေက အဲ့တာပါပဲ။ သူတို့ကို ကြည့်ရတာ ကောင်းပါတယ်။ ဘယ်အချိန်မှာ နောက်ထပ် ခြေလှမ်းတွေကို စတင်နိုင်မလဲတော့ ကျနော် မသိပါဘူး ဒါပေမယ့် လာမယ့် ၄ ပတ်အတွင်း ဖြစ်မှာကတော့ သေချာပါတယ်။ ကျနေ်ာတို့ ခြေလှမ်းကြီးတွေ စတင်ပါမယ်။

မာတစ်ကလည်း အခြေအနေကောင်းပါတယ်။ ဒဏ်ရာရ ကစားသမားတွေထဲမှာ သူက ပုံမှန်လေ့ကျင့်ရေးဆင်းနိုင်ဖို့ အနီးစပ်ဆုံးပါပဲ။ ဘယ်အချိန်မှာ သူ့ကို ကစားခွင့်ပေးရမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။

ထရန့်ကလည်း ပြင်းထန်တဲ့ ဒဏ်ရာမျိုး ရခဲ့တာပါ အခုတော့ အသေးအဖွဲ့လေးဖြစ်နေပါပြီ။ သူကလည်း ပြန်ကစားနိုင်ဖို့ နီးစပ်နေပေမယ့် အထူး ပရိုဂရမ်တွေကို နောက်ထပ် ၅ ရက်၊ ၆ ရက်လောက် လုပ်ရဖို့ ရှိနေပါသေးတယ်။ အသင်းနဲ့ကော သူတို့ဘာသာ တစ်ယောက်တည်းပါ လေ့ကျင့်ရမှာဖြစ်ပြီး နောက်ထပ် ၅ ရက်ကနေ ၆ ရက်ဆိုရင်တော့ သူက အသင်းနဲ့ ပုံမှန်ပြန်ပြီး လေ့ကျင့်ပါလိမ့်မယ် ” လို့ ဆိုသွားခဲ့တာပါ။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အသင္းရဲ႕ ရာသီၾကိဳျပင္ဆင္မႈမွာ ပါဝင္လာႏုိင္တဲ့ ဒဏ္ရာရ ကစားသမားေတြနဲ႔ ပတ္သက္ျပီး ထုတ္ေျပာမႈ လုပ္လာပါတယ္။

မႏွစ္ကတည္းက ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔အျပင္ ယူရိုအၾကိဳမွာ ဒဏ္ရာရခဲ့တဲ့ ထရန္႔တို႔ဟာ ၾသစၾတီးယား ရာသီၾကိဳမွာ ပါဝင္ခဲ့ၾကတာျဖစ္တယ္။ သူတို႔အတူ ေလ့က်င့္ႏုိင္တာေၾကာင့္ အသင္းပရိသတ္ေတြ သေဘာေတြ႔ေနေပမယ့္ ရာႏႈန္းျပည့္ အေျခအေနေတာ့ မဟုတ္ေသးဘဲ သီတင္းပတ္ အနည္းငယ္ ေစာင့္ရမွာေတြ ရွိေနေသးတယ္လို႔ မန္ေနဂ်ာကဆိုပါတယ္။

ယာဂင္က “ အျခားေသာ အသင္းေဖာ္ေတြလိုေတာ့ တူညီတဲ့ အေနအထားမွာ ရွိမေနပါဘူး။ သူတို႔ေလးဦးလံုးက အေျခအေနေကာင္းေနတယ္လို႔ ျမင္ပါတယ္။ ” ဆိုျပီး တုန္႔ျပန္ပါတယ္။

“ က်ေန္ာတို႔ေတြ ဒီေန႔ေတာ့ ဘာလုပ္သင့္လဲ၊ သူတို႔ေတြက အျခားသူေတြထက္ ပိုေလ့က်င့္ေရမွာလား၊ ေလ့က်င့္ခ်ိန္ေလ်ာ့ရမွာလား ဆိုတာေတြအတြက္ ေဆးအဖြဲ႔၊ ၾကံ႕ခိုင္ေရးဆုိင္ရာအဖြဲ႔၊ ျပန္လည္ထူေထာင္ေရးအဖြဲ႔တို႔နဲ႔ အျမဲမျပတ္ စကားေျပာေနပါတယ္။

အထူးသျဖင့္ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္က အသင္းနဲ႔အတူရွိမယ့္ အေစာဆံုးေန႔ေတြမွာ ေလ့က်င့္ခ်ိန္ ႏွစ္ခ်ိန္ လုပ္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ ေန႔တိုင္းရဲ႕ ဒုတိယေလ့က်င့္ေရးေတြမွာ သူတို႔ ပါဝင္သြားမွာပါ။ ဒါေတြကိုေတာ့ အသင္းရဲ႕ ျပန္လည္အားျဖည့္ေရးဆိုင္ရာဌာနက ကၽြမ္းက်င္ပုဂၢိဳလ္ကပဲ တာဝန္ယူသြားမွာျဖစ္ပါတယ္။

ဗန္ဒိုက္နဲ႔ ဂိုးမက္စ္အတြက္ အေျခအေနက အဲ့တာပါပဲ။ သူတို႔ကို ၾကည့္ရတာ ေကာင္းပါတယ္။ ဘယ္အခ်ိန္မွာ ေနာက္ထပ္ ေျခလွမ္းေတြကို စတင္ႏုိင္မလဲေတာ့ က်ေနာ္ မသိပါဘူး ဒါေပမယ့္ လာမယ့္ ၄ ပတ္အတြင္း ျဖစ္မွာကေတာ့ ေသခ်ာပါတယ္။ က်ေန္ာတို႔ ေျခလွမ္းၾကီးေတြ စတင္ပါမယ္။

မာတစ္ကလည္း အေျခအေနေကာင္းပါတယ္။ ဒဏ္ရာရ ကစားသမားေတြထဲမွာ သူက ပံုမွန္ေလ့က်င့္ေရးဆင္းႏုိင္ဖို႔ အနီးစပ္ဆံုးပါပဲ။ ဘယ္အခ်ိန္မွာ သူ႔ကို ကစားခြင့္ေပးရမလဲဆိုတာကို ေစာင့္ၾကည့္ရပါမယ္။

ထရန္႔ကလည္း ျပင္းထန္တဲ့ ဒဏ္ရာမ်ိဳး ရခဲ့တာပါ အခုေတာ့ အေသးအဖြဲ႔ေလးျဖစ္ေနပါျပီ။ သူကလည္း ျပန္ကစားႏုိင္ဖို႔ နီးစပ္ေနေပမယ့္ အထူး ပရိုဂရမ္ေတြကို ေနာက္ထပ္ ၅ ရက္၊ ၆ ရက္ေလာက္ လုပ္ရဖို႔ ရွိေနပါေသးတယ္။ အသင္းနဲ႔ေကာ သူတို႔ဘာသာ တစ္ေယာက္တည္းပါ ေလ့က်င့္ရမွာျဖစ္ျပီး ေနာက္ထပ္ ၅ ရက္ကေန ၆ ရက္ဆိုရင္ေတာ့ သူက အသင္းနဲ႔ ပံုမွန္ျပန္ျပီး ေလ့က်င့္ပါလိမ့္မယ္ ” လို႔ ဆိုသြားခဲ့တာပါ။