အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား အဝန်နီယီဟာ ၂၀၁၅ တည်းက လီဗာပူးထံ ရောက်ရှိလာခဲ့ပြီး ဒီနွေမှာတော့ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ရာသီကြိုကို ပူးပေါင်းနိုင်ခဲ့ပါတယ်။

တကယ်ကို စိတ်ရှည်ခဲ့ရတဲ့ ၆ နှစ်တာ ကာလအပြီးမှာ အဝန်နီယီဟာ သူဘယ်လိုကစားသမားလဲဆိုတာကို ယာဂင်ကလော့ပ်ကို ပြသခွင့်ရခဲ့ပါပြီ။ ဒီကာလတွေအတွင်းမှာ နိုင်ဂျီးရီးယား တိုက်စစ်သမားဟာ မတူညီတဲ့ နိုင်ငံ ၃ ခုအတွင်း ကလပ် ၇ သင်းထံ အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။

၂၀၁၅ ယူ-၂၀ ကမ္ဘာဖလားပြိုင်ပွဲမှာ ထွန်းတောက်ခဲ့တဲ့ အဝန်နီယီကို လီဗာပူးအသင်းက ပေါင် ၄ သိန်းပေးပြီး ခေါ်ယူခဲ့တယ်။ အဲ့နောက်ပိုင်းမှာ အလုပ်ပါမစ်ရဖို့ ခက်ခဲမှုနဲ့အတူ သူဟာ နာမည်ခံ လီဗာပူးကစားသမားဘဝကိုပဲ ပိုင်ဆိုင်ခဲ့ပြီး ပွဲထွက်ခွင့်အတွက် အငှားထွက်မှုတွေ ဆက်တိုက် လုပ်ခဲ့ရပါတယ်။

ဘွန်ဒက်လီဂါ ၂၊ ဒိန်းမတ်လိဂ်၊ ဘယ်ဂျီယံအဆင့်မြင့်တန်းမှသည် ဘွန်ဒက်လီဂါကလပ်တွေထံ အငှားတွေထွက်ရတဲ့ အဝန်နီယီဟာ မနှစ်တုန်းက ယူနီယံဘာလင်မှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တယ်။ မနှစ်တုန်းက ယူနီယံဘာလင်အတွက် ၅ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပေမယ့်လည်း ဖေဖော်ဝါရီမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူခဲ့ရတယ်။

တိုက်စစ်သမားက ဘယ်ဂျီယံအဆင့်မြင့်တန်းထံ အငှားထွက်ကစားခဲ့စဉ်က တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားတာကြောင့်ပဲ ပြီးခဲ့တဲ့ အပတ်တုန်းက အန်းဒါးလက်ထံကနေ ပေါင် ၄.၃ သန်းဖြင့် ကမ်းလှမ်းမှုကို လီဗာပူးအသင်း လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးက အဝန်နီယီအတွက် ပေါင် ၈ သန်းထိ ဈေးသတ်မှတ်ထားဘယ်ဂျီယံကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်။

ရာသီကြိုအတွက် သြစတြီးယာကို ထွက်ခွာတဲ့ လီဗာပူး အသင်းသား ၃၄ ဦးစာရင်းမှာ အဝန်နီယီလည်း လိုက်ပါသွားခဲ့တယ်။ ရာသီကြို အစောပိုင်း ကာလတွေမှာ မန်နေဂျာကလော့ပ် အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေကို ပြသရမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကိစ္စကိုတော့ ကမ်းလှမ်းမှုတွေအပေါ် မူတည်ပြီး လီဗာပူးဘက်က စဉ်းစားသွားဖို့ ရှိနေပါတယ်။

ZAWGYI

အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမား အဝန္နီယီဟာ ၂၀၁၅ တည္းက လီဗာပူးထံ ေရာက္ရွိလာခဲ့ျပီး ဒီေႏြမွာေတာ့ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ ရာသီၾကိဳကို ပူးေပါင္းႏုိင္ခဲ့ပါတယ္။

တကယ္ကို စိတ္ရွည္ခဲ့ရတဲ့ ၆ ႏွစ္တာ ကာလအျပီးမွာ အဝန္နီယီဟာ သူဘယ္လိုကစားသမားလဲဆိုတာကို ယာဂင္ကေလာ့ပ္ကို ျပသခြင့္ရခဲ့ပါျပီ။ ဒီကာလေတြအတြင္းမွာ ႏုိင္ဂ်ီးရီးယား တုိက္စစ္သမားဟာ မတူညီတဲ့ ႏုိင္ငံ ၃ ခုအတြင္း ကလပ္ ၇ သင္းထံ အငွားထြက္ကစားခဲ့ရတာျဖစ္ပါတယ္။

၂၀၁၅ ယူ-၂၀ ကမၻာဖလားျပိဳင္ပြဲမွာ ထြန္းေတာက္ခဲ့တဲ့ အဝန္နီယီကို လီဗာပူးအသင္းက ေပါင္ ၄ သိန္းေပးျပီး ေခၚယူခဲ့တယ္။ အဲ့ေနာက္ပိုင္းမွာ အလုပ္ပါမစ္ရဖို႔ ခက္ခဲမႈနဲ႔အတူ သူဟာ နာမည္ခံ လီဗာပူးကစားသမားဘဝကိုပဲ ပိုင္ဆိုင္ခဲ့ျပီး ပြဲထြက္ခြင့္အတြက္ အငွားထြက္မႈေတြ ဆက္တိုက္ လုပ္ခဲ့ရပါတယ္။

ဘြန္ဒက္လီဂါ ၂၊ ဒိန္းမတ္လိဂ္၊ ဘယ္ဂ်ီယံအဆင့္ျမင့္တန္းမွသည္ ဘြန္ဒက္လီဂါကလပ္ေတြထံ အငွားေတြထြက္ရတဲ့ အဝန္နီယီဟာ မႏွစ္တုန္းက ယူနီယံဘာလင္မွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ေတြ ျပသႏုိင္ခဲ့တယ္။ မႏွစ္တုန္းက ယူနီယံဘာလင္အတြက္ ၅ ဂိုး သြင္းယူျပီး ေျခစြမ္းျပခဲ့ေပမယ့္လည္း ေဖေဖာ္ဝါရီမွာ ရခဲ့တဲ့ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ အနားယူခဲ့ရတယ္။

တိုက္စစ္သမားက ဘယ္ဂ်ီယံအဆင့္ျမင့္တန္းထံ အငွားထြက္ကစားခဲ့စဥ္က ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသထားတာေၾကာင့္ပဲ ျပီးခဲ့တဲ့ အပတ္တုန္းက အန္းဒါးလက္ထံကေန ေပါင္ ၄.၃ သန္းျဖင့္ ကမ္းလွမ္းမႈကို လီဗာပူးအသင္း လက္ခံရရွိခဲ့ပါတယ္။ ဒါေပမယ့္ လီဗာပူးက အဝန္နီယီအတြက္ ေပါင္ ၈ သန္းထိ ေစ်းသတ္မွတ္ထားဘယ္ဂ်ီယံကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တယ္။

ရာသီၾကိဳအတြက္ ၾသစၾတီးယာကို ထြက္ခြာတဲ့ လီဗာပူး အသင္းသား ၃၄ ဦးစာရင္းမွာ အဝန္နီယီလည္း လိုက္ပါသြားခဲ့တယ္။ ရာသီၾကိဳ အေစာပိုင္း ကာလေတြမွာ မန္ေနဂ်ာကေလာ့ပ္ အထင္ၾကီးေလာက္တဲ့ ေျခစြမ္းေတြကို ျပသရမွာျဖစ္ျပီး သူ႔ရဲ႕ အနာဂတ္ကိစၥကိုေတာ့ ကမ္းလွမ္းမႈေတြအေပၚ မူတည္ျပီး လီဗာပူးဘက္က စဥ္းစားသြားဖို႔ ရွိေနပါတယ္။