ရှော်ကေးအသင်းက သူတို့ရဲ့ လူငယ်ခံစစ်မှူး ခါဘတ်ကို ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူနိုင်ကြောင်း လီဗာပူးအသင်းကို ကမ်းလှမ်းခဲ့ပေမယ့် မာဆေးဆိုဒ်ဘက်က ပယ်ချသွားခဲ့ကြောင်း သတင်းထောက် ဂျိမ်းပီယော့ဇ်က ဖော်ပြပါတယ်။

မနှစ်က ဒုတိယရာသီဝက်မှာ တူရကီ လက်ရွေးစင်ဟာ လီဗာပူးအသင်းထံ ပြောင်းလာခဲ့ပြီး ၁၃ ပွဲ ပါဝင်ကစားပေးခဲ့တယ်။ လီဗာပူးနဲ့ ရှော်ကေးကြား စာချုပ်မှာ ရာသီကုန်ရင် ပေါင် ၁၈ သန်းဖြင့် ခေါ်ယူခွင့် ပါဝင်ပေမယ့်လည်း ယာဂင်ကလော့ပ်တို့ဘက်က လိုက်ဇစ်ခံစစ်မှူး ကိုနတေးကိုပဲ ပေါင် ၃၆ သန်းပေးပြီး ခေါ်ယူဖို့ကို ရွေးချယ်ခဲ့ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကြောင့်ပဲ ရှော်ကေးအသင်းဟာ ဒီနွေမှာ ခါဘတ်ကို ရှင်းထုတ်လိုခဲ့တယ်။ The Athletic ကနေပဲ သတင်းထောက် ပီယော့ဇ်က ဖော်ပြရာမှာ ဂျာမနီကလပ်က သူတို့ ကစားသမားကို မူလတန်ကြေးထက် ပေါင် ၉.၅ သန်း ဈေးလျော့ပေးပြီး ၈.၅ သန်းဖြင့် ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းခဲ့တယ်လို့ သိရတယ်။

ဒါပေမယ့်လို့ ကိုနတေး၊ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့လို စီနီယာခံစစ်မှူးတွေရှိနေပြီး နက်ဖီးလစ်၊ ဘမ်ဒေးဗစ်၊ ရိုင်း၊ ကိုမတ်တီယိုတို့လို ခံစစ်သမားတွေလည်း ရှိနေခြင်းကြောင့် ခါဘတ်ကို ခေါ်ယူခြင်း မလုပ်ဖို့ လီဗာပူးဘက်က ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

ခက်ခဲတဲ့ စတင်မှုတွေရှိခဲ့ပေမယ့် ခါဘတ်မှာ လီဗာပူးမှာ အကောင်းဆုံးတော့ ကြိုးစားပေးခဲ့တယ်။ ဒါပေမယ့် နက်ဖီးလစ်၊ ရိုင်းတို့ရဲ့ တောက်ပမှုတွေကြောင့်ပဲ ခါဘတ်အတွက် ငွေထပ်သုံးခြင်း မလုပ်ဖို့ ကလပ်ဘက်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဘက်က နက်ဖီးလစ်အတွက် ကမ်းလှမ်းလာမှုတွေကို နားထောင်မယ်လို့ သတင်းလွှင့်ထားပေမယ့် လာမယ့်ရာသီမှာ အင်္ဂလန်သား ခံစစ်မှူးဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။

ZAWGYI

ေရွာ္ေကးအသင္းက သူတို႔ရဲ႕ လူငယ္ခံစစ္မွဴး ခါဘတ္ကို ေပါင္ ၈.၅ သန္းျဖင့္ ေခၚယူႏုိင္ေၾကာင္း လီဗာပူးအသင္းကို ကမ္းလွမ္းခဲ့ေပမယ့္ မာေဆးဆိုဒ္ဘက္က ပယ္ခ်သြားခဲ့ေၾကာင္း သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က ေဖာ္ျပပါတယ္။

မႏွစ္က ဒုတိယရာသီဝက္မွာ တူရကီ လက္ေရြးစင္ဟာ လီဗာပူးအသင္းထံ ေျပာင္းလာခဲ့ျပီး ၁၃ ပြဲ ပါဝင္ကစားေပးခဲ့တယ္။ လီဗာပူးနဲ႔ ေရွာ္ေကးၾကား စာခ်ဳပ္မွာ ရာသီကုန္ရင္ ေပါင္ ၁၈ သန္းျဖင့္ ေခၚယူခြင့္ ပါဝင္ေပမယ့္လည္း ယာဂင္ကေလာ့ပ္တို႔ဘက္က လိုက္ဇစ္ခံစစ္မွဴး ကိုနေတးကိုပဲ ေပါင္ ၃၆ သန္းေပးျပီး ေခၚယူဖို႔ကို ေရြးခ်ယ္ခဲ့ပါတယ္။

ဘ႑ာေရးဆိုင္ရာ ကိစၥေတြေၾကာင့္ပဲ ေရွာ္ေကးအသင္းဟာ ဒီေႏြမွာ ခါဘတ္ကို ရွင္းထုတ္လိုခဲ့တယ္။ The Athletic ကေနပဲ သတင္းေထာက္ ပီေယာ့ဇ္က ေဖာ္ျပရာမွာ ဂ်ာမနီကလပ္က သူတို႔ ကစားသမားကို မူလတန္ေၾကးထက္ ေပါင္ ၉.၅ သန္း ေစ်းေလ်ာ့ေပးျပီး ၈.၅ သန္းျဖင့္ ေခၚယူႏုိင္ေၾကာင္း ကမ္းလွမ္းခဲ့တယ္လို႔ သိရတယ္။

ဒါေပမယ့္လို႔ ကိုနေတး၊ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔လို စီနီယာခံစစ္မွဴးေတြရွိေနျပီး နက္ဖီးလစ္၊ ဘမ္ေဒးဗစ္၊ ရိုင္း၊ ကိုမတ္တီယိုတို႔လို ခံစစ္သမားေတြလည္း ရွိေနျခင္းေၾကာင့္ ခါဘတ္ကို ေခၚယူျခင္း မလုပ္ဖို႔ လီဗာပူးဘက္က ဆံုးျဖတ္ခဲ့တာျဖစ္တယ္။

ခက္ခဲတဲ့ စတင္မႈေတြရွိခဲ့ေပမယ့္ ခါဘတ္မွာ လီဗာပူးမွာ အေကာင္းဆံုးေတာ့ ၾကိဳးစားေပးခဲ့တယ္။ ဒါေပမယ့္ နက္ဖီးလစ္၊ ရိုင္းတို႔ရဲ႕ ေတာက္ပမႈေတြေၾကာင့္ပဲ ခါဘတ္အတြက္ ေငြထပ္သံုးျခင္း မလုပ္ဖို႔ ကလပ္ဘက္က ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဘက္က နက္ဖီးလစ္အတြက္ ကမ္းလွမ္းလာမႈေတြကို နားေထာင္မယ္လို႔ သတင္းလႊင့္ထားေပမယ့္ လာမယ့္ရာသီမွာ အဂၤလန္သား ခံစစ္မွဴးဟာ အသင္းမွာပဲ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။