အင်တာမီလန်ကွင်းလယ်လူ ဘာရယ်လာကို ခေါ်ယူဖို့ လီဗာပူးအသင်းဘက်က ကြိုးစားခြင်း မရှိသေးပါဘူး။ အင်တာဘက်က သူတို့ကစားသမားကို ဒီနွေမှာ ရောင်းထုတ်မှာ မဟုတ်သလို့ ထိလို့ရမယ့် ကစားသမား မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

စီးရီးအေကလပ် ဆူဆိုလိုအို အသင်းဟာ လီဗာပူးကွင်းလယ်လူ ဂရုဂျစ်အတွက် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ၎င်းတို့က ကွင်းလယ်လူ လိုကတ်တယ်လီနေရာမှာ ဂရုဂျစ်ကို အစားထိုးဖို့ ပြင်ဆင်လာတာပါ။

လီဗာပူးဘက်က စိတ်ဝင်စားမှုတွေ ပြသထားတဲ့ ဘာရက်ဒီကို မီလန်ကလည်း ခေါ်ယူလိုနေပါတယ်။ မန်နေဂျာကလော့ပ်နဲ့ နည်းပြအဖွဲ့က တိုက်စစ်အတွက် ဘာရက်ဒီကို ထည့်ပေါင်းလိုပြီး တရားဝင် ကမ်းလှမ်းမှုတော့ မစတင်သေးဘူးလို့ သိရပါတယ်။

ပေါ်တိုအသင်းမှာ တောက်ပနေတဲ့ ဖေဘီယို ဗီအဲရာဟာ လီဗာပူးအသင်းရဲ့ ကွင်းလယ်အတွက် စောင့်ကြည့်စာရင်းထဲမှာ ရှိနေပါတယ်။ လီဗာပူးက အငှားကစားသမား ဂရုဂျစ်ရဲ့ တိုးတက်မှုကို စောင့်ကြည့်နေစဉ်မှာ ပေါ်တူဂီသားလေးရဲ့ အနေအထားကိုလည်း လေ့လာနေခဲ့တာ ဖြစ်ပါတယ်။

ရှော်ကေးအသင်းက သူတို့အသင်း လူငယ်ခံစစ်မှူး ခါဘတ်ကို ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးဘက်က ငြင်းဆန်ခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ကစားသမားသစ် ခေါ်ယူရေးကို အရမ်းကြီး တွန်းအားပေးမှာ မဟုတ်ဘဲ အီးလီးယော့၊ မြူဇီယန်လိုစကီး၊ ဂျုံး၊ ချိန်ဘာလိန်တို့ကို နေရာပေးဖို့လည်း စီစဉ်ထားပါတယ်။

လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားခြင်း ခံရတဲ့ ပြင်သစ်ကလပ် ရီးနက်စ်အသင်းမှ ဘယ်ဂျီယံ တိုက်စစ်သမား ဒိုကူဟာ ဒီနွေမှာ အသင်းပြောင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပီအက်စ်ဗီ တိုက်စစ်သမား မာလန်ကို ခေါ်ယူဖို့ လီဗာပူးနဲ့ ဒေါ့မွန် နှစ်သင်းက ကြိုးစားနေကြဆဲဖြစ်ပြီး ဒေါ့မွန်ဘက်က အသားစီရနေတဲ့ အခြေအနေဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ ဂရစ်စမန်းနဲ့ ဆောတို့ကို အလဲအထပ်အတွက် ညိနှိုင်းနေတာ အခြေအနေကောင်းနေပါတယ်။ ဘာစီလိုနာဘက်ကတော့ ဆောအပြင် နောက်ထပ် ငွေသားတစ်ရပ်လည်း ရရှိသွားလိုနေတာ ဖြစ်ပါတယ်။

ZAWGYI

အင္တာမီလန္ကြင္းလယ္လူ ဘာရယ္လာကို ေခၚယူဖို႔ လီဗာပူးအသင္းဘက္က ၾကိဳးစားျခင္း မရွိေသးပါဘူး။ အင္တာဘက္က သူတို႔ကစားသမားကို ဒီေႏြမွာ ေရာင္းထုတ္မွာ မဟုတ္သလို႔ ထိလို႔ရမယ့္ ကစားသမား မဟုတ္ဘူးလို႔ ဆံုးျဖတ္ထားပါတယ္။

စီးရီးေအကလပ္ ဆူဆိုလိုအို အသင္းဟာ လီဗာပူးကြင္းလယ္လူ ဂရုဂ်စ္အတြက္ ကမ္းလွမ္းမႈ လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။ ၄င္းတို႔က ကြင္းလယ္လူ လိုကတ္တယ္လီေနရာမွာ ဂရုဂ်စ္ကို အစားထိုးဖို႔ ျပင္ဆင္လာတာပါ။

လီဗာပူးဘက္က စိတ္ဝင္စားမႈေတြ ျပသထားတဲ့ ဘာရက္ဒီကို မီလန္ကလည္း ေခၚယူလိုေနပါတယ္။ မန္ေနဂ်ာကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔က တိုက္စစ္အတြက္ ဘာရက္ဒီကို ထည့္ေပါင္းလိုျပီး တရားဝင္ ကမ္းလွမ္းမႈေတာ့ မစတင္ေသးဘူးလို႔ သိရပါတယ္။

ေပၚတိုအသင္းမွာ ေတာက္ပေနတဲ့ ေဖဘီယို ဗီအဲရာဟာ လီဗာပူးအသင္းရဲ႕ ကြင္းလယ္အတြက္ ေစာင့္ၾကည့္စာရင္းထဲမွာ ရွိေနပါတယ္။ လီဗာပူးက အငွားကစားသမား ဂရုဂ်စ္ရဲ႕ တိုးတက္မႈကို ေစာင့္ၾကည့္ေနစဥ္မွာ ေပၚတူဂီသားေလးရဲ႕ အေနအထားကိုလည္း ေလ့လာေနခဲ့တာ ျဖစ္ပါတယ္။

ေရွာ္ေကးအသင္းက သူတို႔အသင္း လူငယ္ခံစစ္မွဴး ခါဘတ္ကို ေပါင္ ၈.၅ သန္းျဖင့္ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ လီဗာပူးဘက္က ျငင္းဆန္ခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ကစားသမားသစ္ ေခၚယူေရးကို အရမ္းၾကီး တြန္းအားေပးမွာ မဟုတ္ဘဲ အီးလီးေယာ့၊ ျမဴဇီယန္လိုစကီး၊ ဂ်ံဳး၊ ခ်ိန္ဘာလိန္တို႔ကို ေနရာေပးဖို႔လည္း စီစဥ္ထားပါတယ္။

လီဗာပူး၊ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္တို႔က စိတ္ဝင္စားျခင္း ခံရတဲ့ ျပင္သစ္ကလပ္ ရီးနက္စ္အသင္းမွ ဘယ္ဂ်ီယံ တိုက္စစ္သမား ဒိုကူဟာ ဒီေႏြမွာ အသင္းေျပာင္းမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ပီအက္စ္ဗီ တိုက္စစ္သမား မာလန္ကို ေခၚယူဖို႔ လီဗာပူးနဲ႔ ေဒါ့မြန္ ႏွစ္သင္းက ၾကိဳးစားေနၾကဆဲျဖစ္ျပီး ေဒါ့မြန္ဘက္က အသားစီရေနတဲ့ အေျခအေနျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ဟာ ဂရစ္စမန္းနဲ႔ ေဆာတို႔ကို အလဲအထပ္အတြက္ ညိႏိႈင္းေနတာ အေျခအေနေကာင္းေနပါတယ္။ ဘာစီလိုနာဘက္ကေတာ့ ေဆာအျပင္ ေနာက္ထပ္ ေငြသားတစ္ရပ္လည္း ရရွိသြားလိုေနတာ ျဖစ္ပါတယ္။