လီဗာပူးအသင်းနဲ့ အတူ ၁၃ နှစ်ကြာ ရှိခဲ့တဲ့ ဘယ်စွန်ခံစစ်မှူးလေး ရီမီ ဆားဗေ့ချ်က ဒီနွေမှာတော့ နယူးကာဆယ် ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ် ခံစစ်မှူးလေးက လီဗာပူးမှာ ရှိစဉ် ထရိန်နင် ပွဲမှာ မိုဆာလက်နဲ့ ရင်ဆိုင်ခဲ့တဲ့ အကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူး အသင်းကြီးနဲ့ အတူ ထရိန်နင် ပထမဆုံး ဆင်းခဲ့စဉ်က ထို အတွေ့အကြုံကို မမေ့နိုင် ဖြစ်ခဲ့ရပြီး နာမည်ကျော် တိုက်စစ်မှူး ဆာလက်ကို ကိုယ်တိုင် လူကပ် ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

” အဲဒီတုန်းက ပြီးခဲ့တဲ့ရာသီရဲ့ ပထမဆုံး ပွဲဦးထွက် လိဒ်နဲ့ ပွဲ မတိုင်ခင် သောကြာနေ့ပါ။ ကျနေ်ာတို့ လူငယ် ကစားသမား တချို့ အသင်းကြီး ထရိန်နင်ကို ခေါ်ခံရတယ်၊ စီနီယာတွေနဲ့ ရင်ဆိုင် ကစားဖို့ပေါ့။ ကျနော့် ဘယ်စွန် ခံစစ် ကစားရပြီ ဆာလက်နဲ့ ထိပ်တိုက်တွေ့တာပဲ။ အဲဒါက တကယ့် စိန်ခေါ်မှုကြီးပဲ ဗျာ ကျနော် ပြောပြဦးမယ်။ ” လို့ ရီမီက ပြုံးလျက် ဆိုခဲ့ပါတယ်။

လီဗာပူးရဲ့ အီဂျစ် တိုက်စစ်မှူး ဆာလက်ဟာ သူ့ရဲ့ ရွေ့လျားမှု၊ မြန်နှုန်း၊ ခွန်အား၊ သွင်းဂိုးတွေကို ဆာလာင်မှုတွေ က လူသိများတဲ့ အရည်အချင်းတွေပါ။ ဒါကို ရီမီ ဆာဗေ့ချ်က လက်တွေ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

” ဟာ ခင်ဗျားတို့ သူ့အနားကို ဘယ်လိုမှ မကပ်နိုင်ဘူးနော်။ သူက အရမ်း အရမ်းလည်း သန်မာတယ်။ တကယ့် ကစားသမားကောင်း။ အရမ်းကြီးကို ထူးချွန်တာ။ သူ့လို ကစားသမားကို အနီးကပ် တွေ့ရ ရင်ဆိုင်ရတာ အတွေ့ အကြုံကောင်းကြီးပဲ။ ဒါက လူကို ပိုပြီး တက်ကြွစေတယ်။ အလုပ်ကို ပိုလုပ်စေချင်တယ်၊ ကိုယ့်ကိုယ်ကို ပို တွန်အားပေးစေတယ်။ ထိပ်သီး ကစားသမားတွေက ဒီလို အစွမ်းတွေ ရှိပါတယ်။ ” လို့ ရီမီက ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အလားအလာကောင်းတွေ ရှိတဲ့ ရီမီ ဆားဗေ့ချ်ကို သက်တမ်းတိုး စာချုပ် ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားက ပိုကစားခွင့်တွေ ရဖို့ နယူးကာဆယ် အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းနဲ႕ အတူ ၁၃ နွစ္ၾကာ ရွိခဲ့တဲ့ ဘယ္စြန္ခံစစ္မွဴးေလး ရီမီ ဆားေဗ့ခ်္က ဒီေႏြမွာေတာ့ နယူးကာဆယ္ ယူနိုက္တက္ အသင္းထံ ေျပာင္းေရႊ႕သြားျပီ ျဖစ္ပါတယ္။ အသက္ ၁၉ နွစ္ အရြယ္ ခံစစ္မွဴးေလးက လီဗာပူးမွာ ရွိစဥ္ ထရိန္နင္ ပြဲမွာ မိုဆာလက္နဲ႕ ရင္ဆိုင္ခဲ့တဲ့ အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

လီဗာပူး အသင္းၾကီးနဲ႕ အတူ ထရိန္နင္ ပထမဆံုး ဆင္းခဲ့စဥ္က ထို အေတြ႔အၾကံဳကို မေမ့နိုင္ ျဖစ္ခဲ့ရျပီး နာမည္ေက်ာ္ တိုက္စစ္မွဴး ဆာလက္ကို ကိုယ္တိုင္ လူကပ္ ကစားခဲ့ရတာလည္း ျဖစ္ပါတယ္။

” အဲဒီတုန္းက ျပီးခဲ့တဲ့ရာသီရဲ႕ ပထမဆံုး ပြဲဦးထြက္ လိဒ္နဲ႕ ပြဲ မတိုင္ခင္ ေသာၾကာေန႔ပါ။ က်ေန္ာတို႔ လူငယ္ ကစားသမား တခ်ိဳ႕ အသင္းၾကီး ထရိန္နင္ကို ေခၚခံရတယ္၊ စီနီယာေတြနဲ႕ ရင္ဆိုင္ ကစားဖို႔ေပါ့။ က်ေနာ့္ ဘယ္စြန္ ခံစစ္ ကစားရျပီ ဆာလက္နဲ႕ ထိပ္တိုက္ေတြ႔တာပဲ။ အဲဒါက တကယ့္ စိန္ေခၚမႈၾကီးပဲ ဗ်ာ က်ေနာ္ ေျပာျပဦးမယ္။ ” လို႔ ရီမီက ျပံဳးလ်က္ ဆိုခဲ့ပါတယ္။

လီဗာပူးရဲ႕ အီဂ်စ္ တိုက္စစ္မွဴး ဆာလက္ဟာ သူ႔ရဲ႕ ေရြ႕လ်ားမႈ၊ ျမန္ႏႈန္း၊ ခြန္အား၊ သြင္းဂိုးေတြကို ဆာလာင္မႈေတြ က လူသိမ်ားတဲ့ အရည္အခ်င္းေတြပါ။ ဒါကို ရီမီ ဆာေဗ့ခ်္က လက္ေတြ႔ရင္ဆုိင္ခဲ့ရတာ ျဖစ္ပါတယ္။

” ဟာ ခင္ဗ်ားတို႔ သူ႔အနားကို ဘယ္လိုမွ မကပ္နုိင္ဘူးေနာ္။ သူက အရမ္း အရမ္းလည္း သန္မာတယ္။ တကယ့္ ကစားသမားေကာင္း။ အရမ္းၾကီးကို ထူးခၽြန္တာ။ သူ႔လို ကစားသမားကို အနီးကပ္ ေတြ႔ရ ရင္ဆိုင္ရတာ အေတြ႕ အၾကံဳေကာင္းၾကီးပဲ။ ဒါက လူကို ပိုျပီး တက္ၾကြေစတယ္။ အလုပ္ကို ပိုလုပ္ေစခ်င္တယ္၊ ကိုယ့္ကိုယ္ကို ပို တြန္အားေပးေစတယ္။ ထိပ္သီး ကစားသမားေတြက ဒီလို အစြမ္းေတြ ရွိပါတယ္။ ” လို႔ ရီမီက ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ အလားအလာေကာင္းေတြ ရွိတဲ့ ရီမီ ဆားေဗ့ခ်္ကို သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းခဲ့ေသးေပမယ့္ ကစားသမားက ပိုကစားခြင့္ေတြ ရဖို႔ နယူးကာဆယ္ အသင္းကို ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။