လီဗာပူးအသင်းဟာ အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်သမား အီးလီးယော့ကို ကာလရှည် သက်တမ်းတိုးနိုင်ပြီဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါပြီ။

၂၀၁၉ မှာ လီဗာပူးကို ရောက်လာခဲ့တဲ့ အီးလီးယော့ဟာ ပထမအသင်း ပွဲထွက်ခွင့်အတွက် အတွေ့အကြုံရဖို့ရာ မနှစ်တုန်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားထွက်ကစားခဲ့တယ်။ သူဟာ ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းရမှာဖြစ်ပြီး လာမယ့်ရာသီမှာ အသင်းအတွက် ပွဲကစားခွင့်တွေ ရရှိမယ်လို့ သိထားရပါတယ်။

လီဗာပူးအမာခံပရိသတ် မိသားစုက မွေးဖွားလာတဲ့ အီးလီးယော့က ကိုယ်အားပေးရတဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်နိုင်ခဲ့တာအတွက် အတော်လေး ဂုဏ်ယူနေတာကိုလည်း စာချုပ်လက်မှတ်ထိုးမှုအပြီး အင်တာဗျူးမှာ မြင်သာပါတယ်။

အီးလီးယော့က “ လီဗာပူးမှာ ရှိနေတဲ့ ကာလတစ်လျှောက် ထူးခြားတဲ့ ခံစားချက်တွေ အမြဲတမ်း ရှိနေမှာပါ။ အချိန်ကြာကြီး အဲ့လိုဖြစ်နေဖို့ မျှော်လင့်ပါတယ်။ လီဗာပူးဂျာစီကို ဝတ်ဆင်ကစားရတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားနေမိပါတယ်။ ဘယ်အချိန်ပဲ လေ့ကျင့်ရေးပါစေ၊ ကစားရပါစေ၊ အသင်းနဲ့ ဘယ်အချိန်မှာ ပါဝင်ရပါစေ ဒီခံစားချက်ကို အမြဲတမ်း ရရှိပါတယ်။

အထူးသဖြင့် ကျနေ်ာလို မိသားစု တစ်ခုလုံး လီဗာပူးအားပေးသူတွေဖြစ်နေသူ တစ်ယောက်အတွက်ပေါ့။ သူ့တို့အတွက် ဂုဏ်ယူစရာတင် မဟုတ်ဘဲ ကျနော်ကိုယ်တိုင်အတွက်လည်း ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ပြီး ကြိုးစားရပါဦးမယ်။

ကိုယ်ငယ်စဉ်တည်းက အားပေးရတဲ့အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုရတဲ့ ခံစားချက်က သိပ်ကို ကောင်းမွန်ပါတယ်။ စာချုပ်အတွက် ကိစ္စအားလုံးက ပြီးသွားပါပြီ ဒီတော့ ရာသီကြိုကို အာရုံစိုက်နေဖို့ပဲ လိုအပ်ပါတော့မယ်။ ကျနော်ရဲ့ အလုပ်တွေကို အကောင်ဆုံးလုပ်ပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေအောင် ကြိုးစားရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္တိုက္စစ္သမား အီးလီးေယာ့ကို ကာလရွည္ သက္တမ္းတိုးႏုိင္ျပီျဖစ္ေၾကာင္း အတည္ျပဳ ေၾကညာလိုက္ပါျပီ။

၂၀၁၉ မွာ လီဗာပူးကို ေရာက္လာခဲ့တဲ့ အီးလီးေယာ့ဟာ ပထမအသင္း ပြဲထြက္ခြင့္အတြက္ အေတြ႔အၾကံဳရဖို႔ရာ မႏွစ္တုန္းက ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းထံ အငွားထြက္ကစားခဲ့တယ္။ သူဟာ ရာသီၾကိဳမွာ လီဗာပူးအသင္းနဲ႔ ပူးေပါင္းရမွာျဖစ္ျပီး လာမယ့္ရာသီမွာ အသင္းအတြက္ ပြဲကစားခြင့္ေတြ ရရွိမယ္လို႔ သိထားရပါတယ္။

လီဗာပူးအမာခံပရိသတ္ မိသားစုက ေမြးဖြားလာတဲ့ အီးလီးေယာ့က ကိုယ္အားေပးရတဲ့ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ႏုိင္ခဲ့တာအတြက္ အေတာ္ေလး ဂုဏ္ယူေနတာကိုလည္း စာခ်ဳပ္လက္မွတ္ထိုးမႈအျပီး အင္တာဗ်ဴးမွာ ျမင္သာပါတယ္။

အီးလီးေယာ့က “ လီဗာပူးမွာ ရွိေနတဲ့ ကာလတစ္ေလွ်ာက္ ထူးျခားတဲ့ ခံစားခ်က္ေတြ အျမဲတမ္း ရွိေနမွာပါ။ အခ်ိန္ၾကာၾကီး အဲ့လိုျဖစ္ေနဖို႔ ေမွ်ာ္လင့္ပါတယ္။ လီဗာပူးဂ်ာစီကို ဝတ္ဆင္ကစားရတိုင္းမွာ ရင္ခုန္စိတ္လႈပ္ရွားေနမိပါတယ္။ ဘယ္အခ်ိန္ပဲ ေလ့က်င့္ေရးပါေစ၊ ကစားရပါေစ၊ အသင္းနဲ႔ ဘယ္အခ်ိန္မွာ ပါဝင္ရပါေစ ဒီခံစားခ်က္ကို အျမဲတမ္း ရရွိပါတယ္။

အထူးသျဖင့္ က်ေန္ာလို မိသားစု တစ္ခုလံုး လီဗာပူးအားေပးသူေတြျဖစ္ေနသူ တစ္ေယာက္အတြက္ေပါ့။ သူ႔တို႔အတြက္ ဂုဏ္ယူစရာတင္ မဟုတ္ဘဲ က်ေနာ္ကိုယ္တိုင္အတြက္လည္း ဂုဏ္ယူစရာျဖစ္ပါတယ္။ ဒါေပမယ့္ ဆက္ျပီး ၾကိဳးစားရပါဦးမယ္။

ကိုယ္ငယ္စဥ္တည္းက အားေပးရတဲ့အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရတဲ့ ခံစားခ်က္က သိပ္ကို ေကာင္းမြန္ပါတယ္။ စာခ်ဳပ္အတြက္ ကိစၥအားလံုးက ျပီးသြားပါျပီ ဒီေတာ့ ရာသီၾကိဳကို အာရံုစိုက္ေနဖို႔ပဲ လိုအပ္ပါေတာ့မယ္။ က်ေနာ္ရဲ႕ အလုပ္ေတြကို အေကာင္ဆံုးလုပ္ျပီး ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနေအာင္ ၾကိဳးစားရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။