အမှတ်ပေးဇယား ပထမနေရာမှာ ဆက်ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီစနေမှာတော့ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ ပါ။

လီဗာပူအသင်းဟာ ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေတာကြောင့် ပွဲထွက် လူစာရင်းမှာ အပြောင်းအလဲတွေ စတင် ပြုလုပ်လာနေပါတယ်။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ ဖာမီနိုနဲ့ ဆာလက်ကို အနားပေးထားခဲ့ပြီး အယ်လစ်ဆန်လည်း ပွဲပယ်ကြောင့် မပါနိုင်ခဲ့ပါဘူး။ ဒီစနေ ဘုန်းမောက်နဲ့ ပွဲမှာတော့ အနားရထားသူတွေ ပြန် ကစားခွင့် ရဖွယ် ရှိပါတယ်။

ဒီပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ယ်အိုဝင်ရဲ့ သုံးသပ်ချက်ကို ဖော်ပြပေးပါမယ်။

” ဘုန်းမောက်က ဗစ်တယ်လတီကွင်းမှာ လီဗာပူးကို ၄-၃ နဲ့ အနိုင်ယူခဲ့တာ သုံးနှစ် ကြာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီပွဲ နောက်ပိုင်းက စလို့ နောက်ပိုင်း လေးပွဲမှာ လီဗာပူးကချည်း အနိုင်ရထားကာ စုစုပေါင်း ၁၄-၀ ထိ ဂိုးပေါင်းရလဒ် ထွက်ထားပါတယ်။”

” ဘုန်းမောက်မှာ ခြေစွမ်းပြနေတဲ့ ဟယ်ရီ ဝီလ်ဆန်ဟာ သူ့မိခင်ကလပ်နဲ့ ရင်ဆိုင်တာ ဖြစ်လို့ ပါဝင်ကစားခွင့်မရပါူဘး။ ချယ်ရီတွေ (ဘုန်းမောက်) က ကြားရက် ဆဲလ်ဟတ်က ပွဲမှာ ၁၀ ယောက် ပဲလေ့စ်ကို ဖြိုခွဲနိုင်ခဲ့တဲ့အနေအထားကို မမြင်ခဲ့ရဘူး။ အက်ဒီ ဟိုဝီရဲ့ အသင်းအဖို့ လိဂ်မှာ နောက်ဆုံး လေးပွဲ လုံး ရှုံးနိမ့်ထားလို့ စိုးရိမ်ဖွယ် ဖြစ်နေပါပြီ။ ”

” လီဗာပူးကတော့ ကြားရက်ကပွဲမှာ အဲဗာတန်ကို ငါးဂိုးသွင်းပြီး နိုင်ပွဲ ယူထားပါတယ်။ ဒါပေမယ့် တောင်ဘက်ကမ်းရိုးတန်းဆီ ခရီးထွက်လာတဲ့ ဒီပွဲမှာ ခက်ခဲမှုတွေတော့ ကြုံရဦးမှာပါ။ ဒီလို ထင်ပေမယ့် ရလဒ်ကတော့ လီဗာပူးတို့ပဲ ထုံးစံအတိုင်း နိုင်ပွဲယူပြီး ဇယားထိပ်မှာ ဆက်နေမယ် မျှော်လင့်ထားတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်း ရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး လီဗာပူး အနိုင်ပါ။

Zawgyi

အမွတ္ေပးဇယား ပထမေနရာမွာ ဆက္ရွိေနတဲ့ လီဗာပူးအသင္းဟာ ဒီစေနမွာေတာ့ ဘုန္းေမာက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ျမန္မာစံေတာ္ခ်ိန္ ည ၉း၃၀ နာရီ ပါ။

လီဗာပူအသင္းဟာ ပြဲၾကပ္ေတြ ဆက္တိုက္ ကစားရဖို႔ ရွိေနတာေၾကာင့္ ပြဲထြက္ လူစာရင္းမွာ အေျပာင္းအလဲေတြ စတင္ ျပဳလုပ္လာေနပါတယ္။ ျပီးခဲ့တဲ့ အဲဗာတန္နဲ႕ ပြဲမွာ ဖာမီနိုနဲ႕ ဆာလက္ကို အနားေပးထားခဲ့ျပီး အယ္လစ္ဆန္လည္း ပြဲပယ္ေၾကာင့္ မပါနုိင္ခဲ့ပါဘူး။ ဒီစေန ဘုန္းေမာက္နဲ႕ ပြဲမွာေတာ့ အနားရထားသူေတြ ျပန္ ကစားခြင့္ ရဖြယ္ ရွိပါတယ္။

ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ယ္အို၀င္ရဲ႕ သံုးသပ္ခ်က္ကို ေဖာ္ျပေပးပါမယ္။

” ဘုန္းေမာက္က ဗစ္တယ္လတီကြင္းမွာ လီဗာပူးကို ၄-၃ နဲ႕ အနိုင္ယူခဲ့တာ သံုးနွစ္ ၾကာခဲ့ျပီ ျဖစ္ပါတယ္။ အဲဒီပြဲ ေနာက္ပိုင္းက စလို႔ ေနာက္ပိုင္း ေလးပြဲမွာ လီဗာပူးကခ်ည္း အနုိင္ရထားကာ စုစုေပါင္း ၁၄-၀ ထိ ဂိုးေပါင္းရလဒ္ ထြက္ထားပါတယ္။”

” ဘုန္းေမာက္မွာ ေျခစြမ္းျပေနတဲ့ ဟယ္ရီ ၀ီလ္ဆန္ဟာ သူ႔မိခင္ကလပ္နဲ႕ ရင္ဆိုင္တာ ျဖစ္လို႔ ပါ၀င္ကစားခြင့္မရပါူဘး။ ခ်ယ္ရီေတြ (ဘုန္းေမာက္) က ၾကားရက္ ဆဲလ္ဟတ္က ပြဲမွာ ၁၀ ေယာက္ ပဲေလ့စ္ကို ျဖိဳခြဲနုိုင္ခဲ့တဲ့အေနအထားကို မျမင္ခဲ့ရဘူး။ အက္ဒီ ဟို၀ီရဲ႕ အသင္းအဖို႔ လိဂ္မွာ ေနာက္ဆံုး ေလးပြဲ လံုး ရွံဳးနိမ့္ထားလို႔ စိုးရိမ္ဖြယ္ ျဖစ္ေနပါျပီ။ ”

” လီဗာပူးကေတာ့ ၾကားရက္ကပြဲမွာ အဲဗာတန္ကို ငါးဂိုးသြင္းျပီး နုိင္ပြဲ ယူထားပါတယ္။ ဒါေပမယ့္ ေတာင္ဘက္ကမ္းရိုးတန္းဆီ ခရီးထြက္လာတဲ့ ဒီပြဲမွာ ခက္ခဲမႈေတြေတာ့ ၾကံဳရဦးမွာပါ။ ဒီလို ထင္ေပမယ့္ ရလဒ္ကေတာ့ လီဗာပူးတို႔ပဲ ထံုးစံအတိုင္း နုိင္ပြဲယူျပီး ဇယားထိပ္မွာ ဆက္ေနမယ္ ေမွ်ာ္လင့္ထားတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး လီဗာပူး အနုိင္ပါ။