မန်ချက်စတာမြို့မှာ ပွဲကြီးပွဲကောင်းအဖြစ် ဒီအပတ် အီသီဟတ်ကွင်းမှာတော့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကြားရက်က စပါးနဲ့ပွဲမှာ ရလဒ်ကောင်း ရထားသလို ဒီရာသီမှာ အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်တိုင်း ရလဒ်တွေ ကောင်းမွန်နေတဲ့အသင်းပါ။ မန်စီးတီးကလည်း ထိပ်ဆုံးအဆင့်တွေကို ပြန်တက်နိုင်ဖို့ အားထည့်လာမှာဖြစ်လို့ ဒီပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းမယ်လို့ အိုဝင်က ဆိုပါတယ်။
အိုဝင်က ” ၁၇၉ ကြိမ်မြောက် မန်ချက်စတာဒါဘီကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ မနှစ်ကရာသီ ယူနိုက်တက်ကို ဒုက္ခတွေပေးခဲ့ပြီး အီသီဟတ်ကွင်းမှာ ယှဉ်ပြိုင်ချိန်မှာ ဒေသတွင်းပြိုင်ဘက်ကို အသာစီးရထားမှုတွေကို ထိန်းသိမ်းလိုနေမှာပါ။ နှစ်သင်းလုံးဟာ နောက်ဆုံးတွေ့ဆုံတဲ့ လေးပွဲအနက် သုံးပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းခဲ့ပါတယ်။ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ပွဲပြီးတဲ့အထိ သွင်းဂိုးတွေ မမြင်ရရင်တော့ အံ့အားသင့်မိမှာပါ။
ကြားရက်က ဘန်လေနဲ့ပွဲမှာ မန်စီးတီးက သက်သောင့်သက်သာနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့်လည်း ဂိုးမပေးရအောင် ထိန်းသိမ်းဖို့တော့ ပျက်ကွက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရပ်ဖိုဒ့်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်ဟာ မော်ရင်ညိုရဲ့ စပါးကို အနိုင်ယူပြီး သုံးမှတ်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။
မန်ချက်စတာဒါဘီပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းကတော့ နှစ်သင်းလုံး ဂိုးသွင်းမှာဖြစ်ပေမယ့် မန်စီးတီးက အနိုင်ရသွားမယ်လို့ ဖြစ်ပါတယ်။
ZAWGYI
မန္ခ်က္စတာျမိဳ႕မွာ ပြဲၾကီးပြဲေကာင္းအျဖစ္ ဒီအပတ္ အီသီဟတ္ကြင္းမွာေတာ့ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ၾကားရက္က စပါးနဲ႔ပြဲမွာ ရလဒ္ေကာင္း ရထားသလို ဒီရာသီမွာ အသင္းေကာင္းေတြနဲ႔ ယွဥ္ျပိဳင္တိုင္း ရလဒ္ေတြ ေကာင္းမြန္ေနတဲ့အသင္းပါ။ မန္စီးတီးကလည္း ထိပ္ဆံုးအဆင့္ေတြကို ျပန္တက္ႏုိင္ဖို႔ အားထည့္လာမွာျဖစ္လို႔ ဒီပြဲမွာ ႏွစ္သင္းလံုး ဂိုးသြင္းမယ္လို႔ အိုဝင္က ဆိုပါတယ္။
အိုဝင္က ” ၁၇၉ ၾကိမ္ေျမာက္ မန္ခ်က္စတာဒါဘီကို ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။ မန္စီးတီးဟာ မႏွစ္ကရာသီ ယူႏုိက္တက္ကို ဒုကၡေတြေပးခဲ့ျပီး အီသီဟတ္ကြင္းမွာ ယွဥ္ျပိဳင္ခ်ိန္မွာ ေဒသတြင္းျပိဳင္ဘက္ကို အသာစီးရထားမႈေတြကို ထိန္းသိမ္းလိုေနမွာပါ။ ႏွစ္သင္းလံုးဟာ ေနာက္ဆံုးေတြ႔ဆံုတဲ့ ေလးပြဲအနက္ သံုးပြဲမွာ ႏွစ္သင္းလံုး ဂိုးသြင္းခဲ့ပါတယ္။ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈမွာ ပြဲျပီးတဲ့အထိ သြင္းဂိုးေတြ မျမင္ရရင္ေတာ့ အံ့အားသင့္မိမွာပါ။
ၾကားရက္က ဘန္ေလနဲ႔ပြဲမွာ မန္စီးတီးက သက္ေသာင့္သက္သာနဲ႔ အႏိုင္ရခဲ့တယ္။ ဒါေပမယ့္လည္း ဂိုးမေပးရေအာင္ ထိန္းသိမ္းဖို႔ေတာ့ ပ်က္ကြက္ခဲ့တယ္။ တစ္ခ်ိန္တည္းမွာပဲ ရပ္ဖိုဒ့္ရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ယူႏုိက္တက္ဟာ ေမာ္ရင္ညိဳရဲ႕ စပါးကို အႏုိင္ယူျပီး သံုးမွတ္ရေအာင္ စြမ္းေဆာင္ထားႏုိင္ပါတယ္။ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။
မန္ခ်က္စတာဒါဘီပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းကေတာ့ ႏွစ္သင္းလံုး ဂိုးသြင္းမွာျဖစ္ေပမယ့္ မန္စီးတီးက အႏုိင္ရသြားမယ္လို႔ ျဖစ္ပါတယ္။