ဒီအပတ်မှာတော့ လန်ဒန်ဒါဘီပွဲအဖြစ် အဝေးကွင်းရလဒ်ဆိုးနေတဲ့ အာဆင်နယ်ဟာ ရလဒ်တွေမကောင်းဖြစ်နေတဲ့ ဝက်ဟမ်းကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဝက်ဟမ်းမန်နေဂျာ ပယ်လီဂရီဟာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းကြီးခဲ့ပေမယ့် တကယ်တမ်း ထုတ်ပယ်ခံခဲ့ရတာက အာဆင်နယ်မန်နေဂျာ အမ်မရီဖြစ်တယ်။ ဒီအပတ် ယှဉ်ပြိုင်ကစားမယ့် နှစ်သင်းလုံးဟာ နိုင်ပွဲ ပျောက်ဆုံးနေမှုတွေကြောင့် ဖိအားတွေ ရှိနေကြတဲ့ အသင်းတွေဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယာယီမန်နေဂျာအဖြစ် ယွန်းဘတ်ကို ခန့်အပ်ထားပေမယ့် ခံစစ်နဲ့ ကွင်းလယ်ပိုင်း တိုးတက်မလာသလို အသင်းရဲ့ စည်းလုံးမှုတွေကလည်း ပြိုကွဲနေပြီး ပွဲကို လွှမ်းမိုးကစားနိုင်စွမ်း အားနည်းနေပါတယ်။ မိုက်ကယ်အိုဝင်က ဒီပွဲဟာ တစ်သင်းသင်း အနိုင်သွားမယ့် ပွဲတော့ မဖြစ်နိုင်ဘူးလို့ သူ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က ” စက်တင်ဘာလ အလယ်ကတည်းက ဝက်ဟမ်းဟာ အိမ်ကွင်းမှာ အနိုင်မရသေးပါဘူး။ အာဆင်နယ်ကလည်း ဒီရာသီ အဖွင့်သီတင်းပတ်နောက်ပိုင်း အဝေးကွင်းမှာ လုံးဝ နိုင်ပွဲမရှိထားတာဖြစ်ပါတယ်။ ဝက်ဟမ်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၉ ပွဲအတွင်း တစ်ကြိမ်ပဲ အနိုင်ရထားတယ်။ ဒါပေမယ့် ဒီအပတ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားမယ့် လန်ဒန်ဒါဘီပွဲမှာ ရမှတ် တစ်မှတ်တော့ ခွဲယူနိုင်လိမ့်မယ်လို့ ထင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာဖြစ်တယ်။

လန်ဒန်ဒါဘီပွဲအဖြစ် ဝက်ဟမ်းနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားမယ့် ပွဲကို အိုဝင်ကတော့ သရေရလဒ်ပဲ ထွက်ပေါ်လိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လန္ဒန္ဒါဘီပြဲအျဖစ္ အေဝးကြင္းရလဒ္ဆိုးေနတဲ့ အာဆင္နယ္ဟာ ရလဒ္ေတြမေကာင္းျဖစ္ေနတ့ဲ ဝက္ဟမ္းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ဝက္ဟမ္းမန္ေနဂ်ာ ပယ္လီဂရီဟာ ရလဒ္ဆိုးေတြေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံရမယ္လို႔ သတင္းၾကီးခဲ့ေပမယ့္ တကယ္တမ္း ထုတ္ပယ္ခံခဲ့ရတာက အာဆင္နယ္မန္ေနဂ်ာ အမ္မရီျဖစ္တယ္။ ဒီအပတ္ ယွဥ္ျပိဳင္ကစားမယ့္ ႏွစ္သင္းလံုးဟာ ႏုိင္ပြဲ ေပ်ာက္ဆံုးေနမႈေတြေၾကာင့္ ဖိအားေတြ ရွိေနၾကတဲ့ အသင္းေတြျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယာယီမန္ေနဂ်ာအျဖစ္ ယြန္းဘတ္ကို ခန္႔အပ္ထားေပမယ့္ ခံစစ္နဲ႔ ကြင္းလယ္ပိုင္း တုိးတက္မလာသလို အသင္းရဲ႕ စည္းလံုးမႈေတြကလည္း ျပိဳကြဲေနျပီး ပြဲကို လႊမ္းမိုးကစားႏုိင္စြမ္း အားနည္းေနပါတယ္။ မိုက္ကယ္အိုဝင္က ဒီပြဲဟာ တစ္သင္းသင္း အႏုိင္သြားမယ့္ ပြဲေတာ့ မျဖစ္ႏုိင္ဘူးလို႔ သူ႔အျမင္ကို ေျပာဆိုခဲ့ပါတယ္။

မိုုက္ကယ္အိုဝင္က ” စက္တင္ဘာလ အလယ္ကတည္းက ဝက္ဟမ္းဟာ အိမ္ကြင္းမွာ အႏုိင္မရေသးပါဘူး။ အာဆင္နယ္ကလည္း ဒီရာသီ အဖြင့္သီတင္းပတ္ေနာက္ပိုင္း အေဝးကြင္းမွာ လံုးဝ ႏုိင္ပြဲမရွိထားတာျဖစ္ပါတယ္။ ဝက္ဟမ္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ၉ ပြဲအတြင္း တစ္ၾကိမ္ပဲ အႏုိင္ရထားတယ္။ ဒါေပမယ့္ ဒီအပတ္ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္ကစားမယ့္ လန္ဒန္ဒါဘီပြဲမွာ ရမွတ္ တစ္မွတ္ေတာ့ ခြဲယူႏုိင္လိမ့္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး သံုးသပ္ခဲ့တာျဖစ္တယ္။

လန္ဒန္ဒါဘီပြဲအျဖစ္ ဝက္ဟမ္းနဲ႔ အာဆင္နယ္တို႔ ယွဥ္ျပိဳင္ကစားမယ့္ ပြဲကို အိုဝင္ကေတာ့ သေရရလဒ္ပဲ ထြက္ေပၚလိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့ပါတယ္။